Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Tuesday, March 10, 2009

နောက်ဆုံး

ကျမ ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဟုတ်တယ် မှန်တယ် ကိုယ်ဖာသာချတဲ့ ဆုံးဖြတ်ချက် ကိုယ်ဖာသာပဲ အတည်ပြုလိုက်တယ်။ ဒီလိုမှ မဟုတ်ရင် မောင်ရော ကျမရော နာကျင်ရလိမ့်မယ်။ ကျမ အရမ်းချစ်တဲ့ မောင့်ကို မနာကျင်စေချင်ဘူး။ မောင် ပျော်ရွှင်နေတာပဲ ကျမ လိုလားတယ်။ အဲ့လောက်ထိ ကျမ မောင့်အပေါ်ချစ်ခဲ့တာ ဒါပေမဲ့ ကျမ ချတဲ့ ဆုံးဖြတ်ချက်ကို ကျမ ကိုယ်ကိုတိုင် လိုက်နာနိုင်ရဲ့လား ????? မောင့်ကို ချစ်ပေမဲ့ ကျမ မောင့်ကို ထားခဲ့ရတော့မယ်။ မောင်နဲ့ ကျမ ဝေးကွာ သွားရင် ဘာတွေဖြစ်မလဲ ???? ကျမ မတွေးချင်ဘူး??? မတွေးရဲဘူး??? ကျမကိုမေ့ပြီး အသစ်တွေနဲ့ ပျော်နေမှာလား??? ကျမကိုပဲ သတိရနေမှာလား??? ကျမ မောင့်ကို စောင့်မျှော်နေရမှာလား??? ကျမ မုန်းတာ အဲ့ လား ပေါင်းများစွာသော မေးခွန်းတွေကိုပဲ။ မောင့်ကိုရော ကျမ ကိုယ်တိုင်ရော လားပေါင်းများစွာသော မေးခွန်းတွေကိုပဲ ခဏခဏ မေးနေမိတယ်။ မောင်က ကတိပေးပေမဲ့ ကျမ ကံကြမ္မာကို မယုံရဲဘူး။ မောင့်ကိုလဲ ချုပ်နှောင်မထားချင်ဘူး။ ကျမက ခဲ မှန်ဖူးတဲ့ စာသူငယ်လေ ဘာကိုမှ မမျှော်လင့်ရဲသလို ဘာကိုမှလဲ မမျှော်လင့်ချင်တော့ဘူး။ ဘယ်အချိန်ထိ ကျမကို သတိရနေမှာလဲ တစ်လလား၊ နှစ်လလား??? စောင့်မျှော်ပြီး ရင်မောနေရမဲ့ အဖြစ်မျိုးလဲ ကျမ မလိုချင်ဘူး။ မောင့်ကိုလဲ စိတ်ပူပန်နေတာမျိုး မဖြစ်စေချင်ဘူး။ ရှေ့ဆက်လို့ မရမဲ့ အတူတူ ကျမတို့ ဘာလို့ အပင်ပန်းခံ စဉ်းစားနေကျတာလဲ။ ဒါပေမဲ့ မောင်ရော ကျမရော ရှေ့အနာဂတ်အတွက် မကြာခဏ ဆွေးနွေးဖြစ်တယ်။ မောင်ဟာ ကျမဘ၀ပါပဲ ဒီလောက်ထိ ကျမမောင့်ကို ချစ်မိလိမ့်မယ်လို့ မထင်မိဘူး။ ကျမရဲ့ဘ၀က မောင်ဆိုတာ ကျမ မသိခဲ့ရိုးအမှန်ပါ။ အခုတော့ ကျမမောင့်ကို မထားချင်ပဲ ထားခဲ့ရတော့မယ်။ ကျမတို့နှစ်ယောက် အစတည်းက မတွေ့ဖြစ်ရင်ကောင်းသား ဒါမှမဟုတ် အစောကြီးတည်းက တွေ့ခဲ့ရရင် ဒီလို အချိန်တိုတိုလေး မဟုတ်ပဲ ကျမတို့နှစ်ယောက် အချိန်အကြာကြီး တွေ့ဆုံခွင့်တွေ ရရှိနိုင်တယ်။ အခုကျမ ဖြစ်ချင်တဲ့ ပုံစံ မရသေးဘူး။ ကျမချစ်တဲ့မောင်နဲ့လဲ မခွဲချင်သေးဘူး။ ဒါပေမဲ့ လက်တွေ့ဆန်တဲ့ အပြုအမူတွေပဲ လုပ်တတ်တဲ့ ကျမ ဒီတခါတော့ လက်တွေ့ မဆန်တဲ့ အပြုအမူတွေ လုပ်မိတော့မယ် ထင်ပါတယ်။
အားလုံးနှုတ်ဆက်ခဲ့ပါတယ်။
မောင့်ရဲ့ သူမ


14 ယောက် ပြောခဲ့တယ်:

နေ့အိပ်မက် said...

သူရေးတာလား...
သူ့ဘက်ကခံစားပြီးရေးတာလား.....

ဘာပဲပြောပြော ဖတ်ရတာ မောတယ်....
မထားခဲ့ချင်ပဲထားခဲ့ရတယ်ဆိုတာ နှစ်ယောက်လုံးရဲ့စိတ်ပေါ်ပဲ မူတည်ပါတယ်......
လက်တွေ့ဆန်ဆန်၊ မဆန်ဆန်... ကိုယ့်အလိုအတိုင်းဆုံးဖြတ်တာက နောင်တမရတာသေချာတယ်ဆိုရင် ကောင်းတာပေါ့

tg.nwai said...

လက်တွေ့ဆန်တဲ့ သူမက လက်တွေ့မဆန်တော့ဘူးဆိုတာ ဘာကို ပြောတာပါလိမ့်..။

တကယ်တမ်းကျ အချိန်ကပဲ စကားပြောသွားမှာပါ..

သူမရော..သူမရဲ့မောင်ပါ..ပျော်ရွှင်ကြည်နူးကြစေသောဝ်..။

အလှတရား said...

ဝင်ရောက်ခံစားသွားပါတယ်
ကိုယ်ချင်းစာနာမိပါတယ် မောင်ဂျယ်လီရေ
အဆင်ပြေချမ်းမြေ့ပါစေ..

ဖိုးစိန် said...

ဘယ်လိုပြောရပါ့မလဲ
တစ်ခါတစ်လေ စိတ်ကူးယဉ်ဆန်တာလေးကို
လက်တွေ့ အကောင်အထည်ဖော်ကြည့်ပါလား..
သူမနဲ့ မောင်
ပျော်ရွှင်ပါစေ

thetpaingthu said...

အာ......
ဖတ်ကောင်းတုန်းရှိသေး
သူမထွက်သွားပီ

နွေးနေခြည် said...

မောင်နဲ့ မောင့်ရဲ့သူမ ကံမကုန်ရင် ပြန်ဆုံကြမှာပါ။
ကောင်းသော ပြန်ဆုံတွေ့ခြင်းသာ ဖြစ်ပါစေသောဝ်...

flower.poem said...

ကိုဖိုးဂျယ် ဘယ်သူရေးတာလည်း အဆင်ပြေပါစေရှင်.

မေ့သမီး said...

အဆင်ပြေပါစေ မောင်လေးရေ။
ချိုမြိန်သောအချစ်နဲ့ တွေ့ဆုံနိုင်ပါစေ။

ကောင်လေး said...

ချစ်ကိုကြီး ဘ၀ များပြောင်းသွားတာများလားလို့..ဟီးဟီး..။
အစ်ကိုလည်း ညီ ကို အားပေးသလို ညီလည်း အစ်ကို့ကို အားပေးပါတယ်ဗျာ.. ကိုယ့်ချစ်တဲ့သူကို တော့ လက်မလွတ်ပါနဲ့ အစ်ကိုရာ...။

war war khaing min said...

မောင်နဲ့ တူမလေးတို့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ.
စိတ်မကောင်းဘူးး

တီတီဝါ

မသက်ဇင် said...

သူမ ဆိုတာ ဘယ်သူလည်းဟင်--?
ဖိုးဂျယ်လေးကို အချစ်စိတ်တွေမရှိသေးတဲ့
ကလေးပဲ သတ်မှတ်ထားတာ--
ကျောင်းသားလေးဆိုတော့----?

မေတ္တာရောင်ပြန် said...

တူလေးရဲ့ သူမလေးနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေနော်။

ခင်မင်လျှက်
တီရောင်

ကေလာ said...

ကွဲပြန်ပဟ နောက်တစ်ယောက် ...

မိုးခါး said...

အို .. ဘယ်လိုဖြစ်တာလဲ .. ဆုံတွေ့ပါစေ ဖူးစာပါပါစေ ..