Nick Name နဲ့ ပတ်သက်ရင် ငယ်ငယ်က အမေတို့ ပေးထားတဲ့ ငယ်နာမည်လေး အရင်ပြောမယ်။ ကျွန်တ်ာဇာတိက ပျဉ်းမနားမြို့ပါ။ ဇာတိက အမျိုးတွေက အူဝဲလို့ခေါ်ပါတယ်။ ကျွန်တော်က အိမ်မှာ အငယ်ဆုံးလေ အဲ့အချိန်တုန်းက တခြား အဒေါ် ဦးလေးတွေကလဲ ကလေး မမွေးသေးတော့ ကျွန်တော် အငယ်ဆုံးဖြစ်နေတာ ဒါနဲ့ အူဝဲဆိုပြီးခေါ်တာ အခုထိ အူဝဲလေးလို့ ခေါ်တုန်းပါ။ ကျွန်တော်ရဲ့ အမျိုးတွေ အပြင် ဒီနာမည်ကိုတော့ ကျွန်တော်ချစ်သူလေးနဲ့ သူ့မိသားစုက ခေါ်ပါတယ်။ နောက်ထပ်သိတာက ငပေါမိုးသားပါ။ ကျန်တဲ့လူတွေကတော့ ဖိုးဂျယ်ပဲ ရင်းနှီးကြတယ်။
ဖိုးဂျယ်ရဲ့ အရင် နာမည်က ဂျယ်ဂျဲလေးပါ။ ဖြစ်ပေါ်လာပုံက ဒီလိုပါ။ အခုနေတဲ့ ယုဇနဥယျာဉ်မြို့တော်မှာ ကျွန်တော်ရဲ့ သူငယ်ချင်းတွေက ပေါက်တက်ကရ နာမည်တွေ ပေးကြပါတယ်။ အမျိုးမျိုးပေါ့ ကျွန်တော်ကိုတော့ နေပုံ ထိုင်ပုံက မိန်းကလေး တယောက်လို ပိပိရိရိ နွဲ့နွဲ့လေး နေတတ်လို့ အခြောက်နဲ့ တူတယ် အခြောက်ဆိုပြီး စရာကနေ ဂျယ်ဂျဲ (ခ) ဂျယ်လေးဆိုပြီး ဖြစ်လာပါတယ်။ အဲ့လို ခေါ်ရာကနေ စပြီး အခုထိ ဂျယ်ဂျဲ ဖြစ်နေတာပါ။ မေးလ် စဖွင့်တော့လဲ ဂျယ်ဂျယ်နဲ့ ဂိမ်းဆော့တဲ့ ဆော့ဖေါ်ဆော့ဖက် အကိုကြီး တယောက်က ဖွင့်ပေးပါတယ်။ အဲ့တုန်းက အင်တာနက်ဆိုတာ ဘာမှန်း မသိတော့ သူဖွင့်ပေးတဲ့ မေလ်းလဲ Password မေ့သွားရော ကိုယ် တကယ်သုံးတဲ့ အခါကျတော့ jeljel.lay@gmail.com ပဲရတော့တယ်။ ကိုယ်နာမည်မေးရင်လဲ ဂျယ်ဂျဲလေးလို့ပဲ ဖြေတော့တယ်။ နာမည် အရင်းသိတဲ့သူ ရှားတယ်။ အခု ဘလော့တောင် jeljellay.blogspot or jeljel-lay.co.cc ဆိုပြီး လုပ်ထားတယ်။ ချစ်သူကတော့ ဂျယ်ဂျဲဆိုတဲ့ နာမည်ကို မကြိုက်ပါဘူး။ ဂျယ်ဂျဲကနေ ဖိုးဂျယ် ဖြစ်လာတာကတော့
ဒီလိုပါ ကျွန်တော်က ဘလော့စရေးကာစက ဘလော့မောင်နှမတွေကို အွန်လိုင်းကနေ ဂျီတိုက်တတ်ပါတယ်။ ဟိုဟာ လုပ်ပေး ဒီဟာ လုပ်ပေးဆိုပြီး တနေ့တမျိုး မရိုးအောင် ဂျီတိုက်တတ်ပါတယ်။ မတူးတူးသာ၊ မဆုမွန် ၊ မမေ (စိတ်ဖြေရာ)၊ နန်းညီ တို့ကတော့ ကျွန်တော် ဂျီတိုက်နေကျ လူတွေပေါ့။ အခုတော့ သူမအား ကိုယ် မအားနဲ့ စကား မပြောဖြစ်တာ နည်းနည်းကြာနေပြီ။ အားလုံး ကျွန်တော် ဂျီတိုက်ရင် ညည်းကျတယ် ဂျီကောင်လေး ဘာဖြစ်တယ် ညာဖြစ်တယ် ဒါပေမဲ့ လုပ်ပေးတာပဲ အဲ့ထဲမှာ ဂျီအတိုက် ခံရဆုံးက မတူးတူးသာနဲ့ နန်းညီပါ၊ မတူးတူးသာက ညည်းရင် ဖိုးဂျယ်လေး ဖိုးဂျယ်လေးလို့ ခေါ်ပြီး ညည်းတတ်ပါတယ်။
တနေ့တော့ ချစ်သူ နဲ့ ဖုန်းပြောပြီး စကားများရာကနေ စိတ်ရှုပ်ပြီး ဘလော့ ပိတ်လိုက်ပါတယ်။ ဒါကို သယ်ရင်း ဗီလိန် နှင့် ညီမလေး နန်းညီက ကျွန်တော် ပိတ်လိုက်တာကို ပြန်ဖွင့်ဖို့ အားပေးရင်း ဘလော့လေးကို ပြင်ပေးပါတယ်။ ဒါနဲ့ စိတ်ကူးရပြီး ကျွန်တော် အမ မတူးတူးသာ ခေါ်နေတဲ့ ဖိုးဂျယ် ဆိုတာလေးကို ယူလိုက်ပြီး အဲ့ အချိန်ကနေ အခုထိ ဖိုးဂျယ်လို့ ခေါ်တွင်နေပါတော့တယ်။
ကိုရီနိုနဲ့ မနွေးနေခြည်တို့ ကျေနပ်မယ် ထင်ပါတယ်ဗျာ အခုလို သတိတရ မေ့နေတဲ့ အကြောင်းအရာလေး ဖော်ပြခွင့်ရတာ ကျေးဇူးပါဗျာ။ ဆက်တဂ်ချင်တာကတော့
ကိုရီနိုနဲ့ မနွေးနေခြည်တို့ ကျေနပ်မယ် ထင်ပါတယ်ဗျာ အခုလို သတိတရ မေ့နေတဲ့ အကြောင်းအရာလေး ဖော်ပြခွင့်ရတာ ကျေးဇူးပါဗျာ။ ဆက်တဂ်ချင်တာကတော့
ဗီလိန်


11 ယောက် ပြောခဲ့တယ်:
ထို့ကြောင့် ဤအရာကို ဂျယ်လီဟုခေါ်သည်ပေါ့..ဟတ်ဟတ်... အော်..ဂျဲဂျယ်ဟုခေါ်သည်.. မွှားတွားဒယ် မွှားတွားဒယ်...
တူရေးဂျယ်ရီအတွက် ဂျယ်လီလာပေးတာ... ဟတ်ဟတ်...
ဒါနဲ့ စကားမစပ် ကောင်မလေးနဲ့ အခုရော အဆင်ပြေသွားပြီလား... :P
ကိုဂျယ်ကြီးကတော့ လုပ်ပြီ..။ အိမ်ဆိုတာ ဘာထူးဆန်းလို့လဲဗျ..။ အိမ်ဟာ အိမ်ပေါ့ဗျ.။
ရေးပေးမယ်ဗျာ စောင့်ဦး..အရင်အကြွေးတောင်
မဆပ်ရသေးတာ အေးဆေးပေါ့ဗျာ.. ဟီး
ဂျယ်ဂျဲ ပဲဖြစ်ဖြစ် ဖိုးဂျယ်ပဲ ဖြစ်ဖြစ် ဖြစ်ချင်တာသာဖြစ်.. ငါကတော့ ငဂျယ်ပဲခေါ်မယ်..။ ဒါဗြဲ
သြော် .. ဂလိုကိုး .. :D
တီတီလဲသိပ်တော့မထူးဆန်းပါဘူးကွယ် တူဂျယ်တတ်ခ်တော့ရေးပေးရမှာပေါ့း)
ဂျဲဂျယ်လား.. ဂျယ်ဂျဲလား.. အယ်ဂျဲလား.. ဖိုးဂျယ်လား..
သြော် ဂျဲဂျယ်ဆိုတာ အိန္ဒြာကျော်ဇင်ကိုး...
ဘာရေးရေး ဖတ်ကောင်းတာမို့ ကျေနပ်ပါတယ်ရှင်
လုပ်လိုက်ပြန်ပြီ ဂျယ် ရေ။ ရေးပါမယ် ဗျာ။.... :)
အဓိပ္ပာယ်တော့ ဖွင့်မကြည့်ပါဘူးကွာ ငါတော့ဂျဲ၈ျယ်ဆိုတဲ့နာမည်ကို ကြိုက်တယ်
Bagger! U call me brother-in-law. Do u want to give ur cousin sister? :)
ရေးမယ်။ ရုံးရောက်မှ။ :)
Post a Comment