Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Tuesday, November 4, 2008

Bank စာအုပ် တအုပ်

မြန်မာပြည်ပြန်မဲ့ သူငယ်ချင်းက လွှတ်ပစ်မလို့ဆိုပြီး ရော့ အင့်ဆိုပြီး ပေးထားတဲ့ ဖုန်းဆိုမှ ဘုရားစူးဖုန်းလေးက မနက်မိုးလင်းတော့ Alram မြည်လာတယ်။ ဒါနဲ့မဖြစ်သေးပါဘူးဆိုပြီး သူများလွှတ်ပစ်ထားတာကို ကောက်ထားတဲ့ မွှေယာပေါ်က ထပြီး သူငယ်ချင်းတွေက ခြေသုတ်ခုံလုပ်မလို့ဆိုတာကို အတင်းယူထားတဲ့ ရေလဲပုဆိုးလေးကို ပြင်ဝတ်ရင်း အိမ်အောက် အမှိုက်ပုံးထဲက တွေ့လို့ယူထားတဲ့ အကျီ င်္လေးကို ချွတ်လိုက်တယ်။ ပြီးတော့ ရေဘုံဘိုင်က ရေနဲ့ဆားအနည်းငယ်ယူပြီး သွားတိုက် လိုက်တယ်။ မျက်နှာသစ်စရာနဲ့ ကိုယ်တိုက်ဆပ်ပြာကတော့ မရှိဘူး။ ရေလဲ ချိုးတယ်ဆိုယုံပဲ ရေမီတာခက မသက်သာဘူးလေ။ ပြီးတော့ အသစ်လွင်ဆုံး ပုဆိုးပိုင်းနဲ့ ရေကိုသုတ်လိုက်တယ်။ ဒါနဲ့ ShengSiongက တစ်ထုပ်ဝယ်ရင် တစ်ထုပ်အပိုရတဲ့ ပါမုန့်ကို ဘုံဘိုင်က ရေနဲ့မျှောချ ပြီးတော့ အလုပ်က ပေးထားတဲ့ ၀တ်စုံကို ၀တ်လိုက်တယ်။ ပြီးတော့ လာကြိုမဲ့ ကားကိုစောင့်ရင်း အမှိုက်ပုံးထဲမှာ ဘာရှိလဲ မသိမသာကြည့်လိုက်သေးတယ်။ ပြန်ရောင်းလို့ရတာဆိုရင် ကောက်ထားမယ်လေ။ ကားလာတော့ တက်လိုက်သွားတယ်လေ။ တော်သေးတာပေါ့ နေ့လည်စာကို အလုပ်က ကျွေးတယ်လေ။ ပြန်ရောက်တော့ သူငယ်ချင်းအိမ်မှာ သွားနားတယ်။ သူ့ကွန်ပြူတာ ကပ်သုံးရင်းနဲ့ အိမ်မှာနေရင် မီတာခအပိုကုန်မယ်လေ။ သူ့အိမ်မှာပဲ ပန်းကန်ဆေးကူ အိမ်အလုပ်တွေ လုပ်ကူရင်းနဲ့ သူတို့စားတဲ့ အကျန်လေးတွေ စားပြီး အိမ်ပြန်လာတယ်လေ။ တခါတလေတော့ သူ့တို့ အကျန်လေးတွေ ယူလာပြီး မနက်ကျတော့ ပြန်နွေးပြီး စားတယ်လေ။ စနေနေ့ကျတော့ နေ့တစ်ဝက်ရယ် တနင်္ဂနွေနေ့ရယ် အိမ်နားက စားသောက်ဆိုင်မှာ သန့်ရှင်းရေးဝင်လုပ်တယ်လေ အိမ်ကလဲ တစ်လ တစ်ခါဖုန်းဆက်တိုင်း Handpone ၀ယ်ဖို့ငွေလိုလို့၊ အိမ်နောက်ထပ်တစ်လုံး ၀ယ်ဖို့၊ ဆိုင်နောက်ထပ် တစ်ဆိုင်ထပ်လိုချင်လို့ တစ်မျိုးပြီး တစ်မျိုးမရိုးအောင်ပြောတတ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ နေမကောင်းဖြစ်ရော ပင်းပန်းတာရော အစားသောက်ချို့တဲ့တာရောပေါ့ ဒါနဲ့ အိမ်ကိုဖုန်းခေါ်လိုက်ရော ဖုန်းလဲဝင်သွားတယ်ပဲ ထားပါတော့ဗျာ ဖုန်းလိုင်းက သိတဲ့အတိုင်းပဲ ဖုန်းလဲကိုင်ရော ကျတော်ဆီကမှန်းလဲသိရော သားငယ် ဒီလ ဘယ်လောက်ပို့မှာလဲတဲ့ အော် ဟုတ်ကဲ့ သားပို့ပါ့မယ်ဆိုလဲပြီးရော ကျတော်လဲ အသက်ထွက်ရော
Bank စာအုပ်လေးတစ်အုပ်ရဲ့ ပထမဆုံးစာရွက်မှာက ဒီလိုရေးထားတယ်လေ
"မောင်ဖိုးဂျယ် နောက်ဘ၀တွင်သုံးရန်တဲ့"

*မှတ်ချက်* သူငယ်ချင်းတစ်ယောက်ပြောပြောနေသော ဒီဘ၀အသေရှာ နောက်ဘ၀ကျမှ သုံးဆိုတဲ့ စကားလေးသတိရလို့ရေးလိုက်တာပါ။

10 comments:

Anonymous said...

ဂျဲဂျယ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ လန်ထွက်။

Anonymous said...

ဂျယ်ဂျယ်ရေ.. ကောင်းလိုက်တဲ့ပိုစ်လေး

Anonymous said...

ဂျဲဂျယ်ရေ အရေးအသားတွေ ကောင်းတယ်ဗျ အားပေးလျက်နော့်

Anonymous said...

ကိုဗီလိန်ကတော့မြှောက်နေပြန်ပြီ။ အကိုခြေဖျားတောင် မမှီပါဘူးဗျာ။
ကျေးဇူးပါ အကျန်တွေပေးတဲ့ အရာရှိရေ
ကိုတောင်ပေါ်သားရေ ကျေးဇူးဗျာ အခုလို စာမူခတွေပေးခဲ့တဲ့အတွက်

Anonymous said...

ဆေးသိကြားမပါတဲ့ အရေးအသားစာတွေကတော့ မိုက်တယ်ဗျာ။ ဒီဘ၀အသေရှာ နောက်ဘ၀ကျမှ သုံးတဲ့။ ဟင့်အင်း တော်ပြီ ဒီဘ၀လည်း ရှာရတာမော နောင်ဘ၀လည်း လူဖြစ်ဖို့ က မသေချာ ဒီအတိုင်းပဲ ထိုင်နေတော့မယ်။

Anonymous said...

ဟား ... သိပ်ကောင်းတယ်သရော်စာပိုစ့်ကလေးပဲဟေ့၊ အရေးအသားနဲ့ တင်ပြပုံကလည်းသွက်တော့ ဖတ်ရင်းဖတ်ရင်း အစမှာ ပြုံးပြုံးပြုံးပြုံးနဲ့ နောက်ပိုင်းမှာ တဟားဟားနဲ့ကို ရယ်ရလောင်အောက်ကို ဆွဲခေါ်သွားတယ်ကွာ၊ အဆုံးသတ်ကျတော့ တစ်ချက်တည်း ပိုင်းချလိုက်တာ အသက်ပါ ပါသွားတာလေးကို သဘောကျမိတယ်။ စလုံးက ဘ၀တွေပေါ့ကွာ ... ဟားဟား ...။

သဘောကျတယ် ညီ။ သိပ်ကောင်းတဲ့ ပိုစ့်လေးပါပဲ။

ခင်မင်လေးစားစွာနဲ့

Anonymous said...

ဒီအတိုင်းတစ်ကယ်ထိုင်နေမှာလားဗျ ကိုဇင်ယော်ရ blog မရေးပဲ ထိုင်နေရင် လာအော်ကြမှာမကြောက်ဖူးလား။ ကျေးဇူးပါ ကိုအိမ်မက်ရှင်ရေ ကျတော်အတတ်နိုင်ဆုံးကြိုးစားပြီးရေးထားတာပါ။ ဒီပိုစ့်ကို အိမ်ကလူတွေတွေ.ရင်တော့ ၀ိုင်းကောကြမှာသေချာတယ်။

Anonymous said...

ကောင်းတယ်ကွာ။ အဲဒါမျိုးလေးတွေ များများရေးပါ။ အားပေးမယ်။

Anonymous said...

အရေးအသးလေးကတော်တော်လေးကိုကောင်းပါတယ်
အားပေးပါတယ်

Anonymous said...

မတူးတူးက တားတားကို ချွန်နဲ. မနေတယ်ပေါ့။ အဲ့ဒါမျိုးများများရေးရင် တားတား အိမ်ပေါ်က ဆင်းရမှာပေါ့ဗျ။ Dream Angel အခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ