Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Saturday, January 10, 2009

ကျနော်ရဲ့ ဇာတိမြို့လေး


ဒီပုံလေးက
ကိုကေလာ ဆီက ယူထားတာပါ။
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
Nike, Giordano, Crocodile တွေမသိဘူး။
ကျနော်သိတာက . . . .
အဖေကိုယ်တိုင် ချုပ်ပေးတဲ့ ရှပ်အင်္ကျီလေး နဲ့
သဲတောဝမ်းတွင်းက ထွက်တဲ့ လုံချည်တွေပဲသိတယ်။

Toyota, Mzada, Nissan, Suzuki ဆိုတဲ့ ကားတွေမသိဘူး။
ကျနော်သိတာက........
နွားတစ်ရှဉ်းဆွဲတဲ့ နွားလှည်း နဲ့
မြင်းတစ်ကောင်ဆွဲတဲ့ မြင်းလှည်းပဲသိတယ်။

Telephone, Handphoneတွေ မသိဘူး။
ကျနော်သိတာက . . . .
၇ အိမ်ကြား ၈အိမ်ကြား အော်သံတွေနဲ့
"ရွာအနောက်ပိုင်းကို ညည်းရောက်ရင်
သာလှကို အိမ်ကိုလာဖို့ပြောပေးပါ" ဆိုတဲ့
လှမ်းမှာသံတွေပဲကြားရတယ်။

VCD, DVD, TV, Internet တွေ မသိဘူး။
ကျနော်သိတာက . . . .
သူကြီးအိမ်က ၁၄ လက်မ Black and White TVလေးပါပဲ။

ဘာဂါ၊ ပီဇာ၊ ဒိုးနပ်တွေ မသိဘူး။
ကျနော်သိတာက . . . .
အရီးလေးရဲ့ ဘိန်းမုန့် နဲ့ မုန့်ပျားသလက်ပါပဲ။

မနက်စာအဖြစ်စားကြတဲ့
ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ကို မသိဘူး။
ကျနော်သိတဲ့ . . . .
မနက်စာကတော့ မနေ့ညက ကျန်တဲ့
ထမင်းကြမ်းကို ပဲပေါင်း နဲ့ စားတာပါပဲ။

လျှပ်စစ်မီး၊ အင်ဗက်တာ မသိဘူး။
ကျွန်တော်သိတာက . . . .
လပြည့်ည နဲ့ ရေနံ့ဆီနီးခွက်လေးပါပဲ။

အဲယားကွန်း၊ ရေခဲသတ္တာတွေ မသိဘူး။
ကျနော်သိတာက . . . .
သင်ဖြူးဖျာလေး နဲ့ မြေအိုးလေးထဲက ရေလေးတွေပါပဲ။

ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။

အခု ကျနော်မသိတာတွေ သိတယ်။

ပဲပေါင်း=ပဲပြုတ် (ပျဉ်းမနားက ပဲပြုတ်ကိုပဲပေါင်း ဟုခေါ်ပါသည်။)


15 comments:

သံလွင် HeRo said...

ကျွန်တော့ဇာတိမြို့လေးမှာ ကျွန်တော်နေတုန်းကပေါ့....
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။

ကောင်းလိုက်တဲ့စာသားဗျာ...

sait phay yar said...

ဟုတ်လှ... ဒီလိုလေးတွေရေးပါ ဒီလောက်စာသားတွေလန်းတာ ဆက်လုပ် မောင်လေးရေ အားပေးတယ်နော်

နန်းညီ said...

ဒီပို့စ်က ငန်သလိုပဲ..

ပိုက်ပိုက် said...

ကောင်း၏။ ကောင်း၏။ ခုပဲ ပဲပြုတ်တောင် စားချင်လာသလိုပဲ။ :P

ပုလဲ said...

တီပယဲတော့ ဒီပို့စ်ဖတ်ပြီးရင် မုန့်ဟင်းခါးစားလိုက်ဦးမယ် တူလေးရေ
အတွေးရော အရေးပါကောင်းတယ်
တူလေးရေးတဲ့ ကဗျာတိုင်းကဆန်းတယ်နော်
အကြောင်းအရာတွေနေရာချတာကလဲ လိုက်တယ်
တီပယဲ အတုယူသွားပါတယ်
နောင်များလဲဆက်အားပေးမယ်နော့် :)

မေ့သမီး said...

ကဗျာကရိုးရိုးလေးနဲ့ပြောချင်တာကိုထိအောင်ပြောသွားတာပဲ။ ဖတ်လို့ကောင်းတယ်။ နောက်ဆုံးစာပိုဒ်ကိုကြိုက်တယ်။

ကေလာ said...

ပဲပေါင်း ချားချင်ဒယ် .......
ရိုးဒယ် .. ဒါမယ့် . .ထိဒယ် ...

tututha said...

ဖိုးဂျယ်ရဲ့ ဒီကဗျာက သေးသေးလေးမှ မဟုတ်ဘဲကွ

ဖြိုးစကီး said...

ဟမ်...

အဲဒီမြို့လေးကို လိုက်လည်ချင်လို့
ရမလာအင်... !!!

တကယ်ပြောတာပါ..


:)

မီးမီးငယ် said...

အရမ်းကိုပေါ်လွင်အောင်ဖွဲ့ နိုင်တာဘဲနော်

မျက်စိလုံးထဲမှာ မြင်ယောင်လာတဲ့အထိ ရေးသားနိုင်တယ်

ကျေးဇူး
း)

ဝှိုက်ဝှိုက် said...

ကောင်းလိုက်တဲ့စာသားလေးတွေ
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။
ဆိုတာလေးတွေကို သဘောကျတယ်

tg.nwai said...

ဖိုးဂျယ်ရဲ့ ဒီကဗျာလေးကို သဘောကျသွားပါတယ်ကွာ။
ဖြူစင်ခြင်းနဲ့ ဟန်ဆောင်ခြင်းတွေကြားမှာ..။

နေ့အိပ်မက် said...

အိမ်လွမ်းနေတယ်ပေါ့.. အင်း.. ဘ၀.. ဘ၀.. (ဟီး.. တိဝူး. တရားဝင်ကျကြည့်တာ)

အရုပ်ကလေး said...

ပို့စ်လေး ဖတ်ရတာ အနှစ်သာရ ပြည့်တယ်ဗျာ
ကျွန်တော်လည်း နယ်မှာ နေခဲ့ဖူးတော့ ပို့စ်ကို ပိုခံစားနားလည်လို့ ရတယ်..

ဒါနဲ့ ဘယ်နယ်လဲဗျ နေဖူးတာ ..။
idulize@gmail.com ကို အက်ပေးစေချင်တယ်..။

အိမ် said...

ဟုတ်တယ်ဗျို့ ဘယ်နိုင်ငံမှာ ဘယ်လိုပဲ ကောင်းစား ကောင်းစား အမေနဲ့ ရွာတော့ ဘယ်တော့မှ မမေ့ဘူးဗျ။
ကဗျာလေးကောင်း၏