Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Saturday, January 10, 2009

မိဘ


ဒီနေ့ အမေများနေ့တဲ့ မှတ်မှတ်ရရ ကဗျာဟောင်းလေး ပြန်တင်လိုက်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

တစ်ချို့မိဘတွေက သူ့တို့သားသမီး
မျက်နှာငယ်မှာစိုးလို့ သူတို့တတ်နိုင်သလောက်
ဝယ်ယူဖြည့်ဆည်းပေးကြတယ်။
တစ်ချို့မိဘတွေက သူ့တို့သားသမီး
မျက်နှာငယ်မှာ စိတ်မ၀င်စားဘူး
ပိုက်ဆံမကုန်ရင်ပြီးတာပဲ။

တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေကို
ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်မှုနဲ့ ရင့်ကျက်မှုကို နားလည်အောင်
သင်ကြားပေးကြတယ်။
တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေကို
အရာရာ သူတို့လက်အောက်မှာထားပြီး
မိသားစုရဲ့ ဘယ်အရေးကိစ္စကို မဆို
ဝင်ရောက်ဆွေးနွေးခွင့်မပြုဘူး။

တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေ
ဘယ်နေရာမှာ မှားယွင်းပါစေ၊ ကျရှုံးပါစေ
သားသမီးရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး
အားပေးဖြေရှင်းတတ်ကြတယ်။
တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေရဲ့
ကျရှုံးမှု၊ မှားယွင်းမှုတွေကို
ရှုံချပြီး အသုံးမ၀င်တော့လောက်အောင်
ဆူပူကြိမ်းမောင်းတယ်။

13 comments:

Anonymous said...

ချစ်ပုံချစ်နည်းမတူတာပါ.. အတ္တနည်းနည်းကြီးတာနဲ့ များများနဲ့ကွာတာပါ.. သားသမီးကို အုပ်ထိန်းပုံချင်းကွဲလို့ပါ.. သူတို့ကိုယ်တိုင်ရဲ့ဘ၀တွေ ကွာလို့ပါ..

ဒီကဗျာလည်း ငန်တာပဲ :P

Anonymous said...

ကိုယ့်သားသမီး ပျက်စီးမှာစိုးလို့ စေတနာနဲ့ ပိတ်ပင်တားမြစ် တဲ့ မိဘတွေ ရှိသလို။ နားအေးရင်ပြီးရော လုပ်ချင်တာလုပ်၊ ကုန်ချင်သ လောက်ကုန်ပါစေ ဆိုတဲ့ လက်လွတ် စပယ်မိဘတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘက မိဘပါပဲ။ ကျေးဇူးပါ ပြန်လည်မျှဝေပေးလို့

http://winzaw-mdy.blogspot.com

Anonymous said...

တစ်ချို့မိဘတွေက သူ့တို့ရဲ့
အရွယ်ရောက်ပြီးသား သားသမီးတွေ
ဘယ်နေရာမှာ မှားယွင်းပါစေ၊ ကျရှုံးပါစေ
သားသမီးရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး
အားပေးဖြေရှင်းတတ်ကြတယ်။

ဒီစာသားက မေမေလုပ်နေကျဘဲ
ပြောနေရင်းနဲ့ လွမ်းလာပြီ

Anonymous said...

မနန်း ပြောသွားတာဟုတ်တယ်.. ဘ၀အခြေအနေတွေကြောင့်ရယ်၊ ချစ်ပုံချစ်နည်းကွာတာကြောင့်ရယ်ပါ။ သားသမီးကိုတော့ ဘယ်မိဘမဆို အသည်းခိုက်မတတ်ချစ်ကြတာချည်းပဲ။

Anonymous said...

ဘာပဲပြောပြောမိဘဆိုတာ မိဘပါပဲ
ချစ်ပုံချစ်နည်း သင်ကြားပုံသွင်းပုံချင်းဘယ်တူမလဲ နော့်
ဖိုးဂျယ်ကဗျာလေးက ဆန့်ကျင်ဘက်တွေပေါ်လွင်ပါတယ်
အမှတ်တရလေး ဝေမျှတဲ့တူလေး
သားလိမ္မာလေးအမြဲဖြစ်ပါစေနော် :P
တီပယဲလည်း သမီးလိမ္မာဖြစ်ဖို့ ကြိုးစားနေဆဲပါ

Anonymous said...

အင်း ဒီကဗျာကိုမန့်ခါနီးတော့ အမေ့ကိုသတိရတယ်။
မိဘဆိုတာ အမေတစ်ယောက်ထဲပဲလို့ တွေးခဲ့တာ ဟိုးငယ်ငယ်ထဲက။

မတူကြာတာဟာမိဘတွေရဲ့ ခံယူချက်ခြားနားပုံကြောင့်လို့တော့ထင်တယ်။ဒါပေမယ့် ရေးတဲ့ကဗျာဆရာက ပိုသိမယ်ထင်ပါ့။

Anonymous said...

ကိုယ့်သားသမီးချင်း အတူတူတောင် ချစ်ပုံကွဲတတ်ပါသေးတယ်။ တခါတခါတော့ မိဘဆိုတာလည်း လူသားတွေပဲမို့ မှားချင်လည်း မှားမယ်..ဒါပေမယ့် သူတို့လည်း ကိုယ့်သားသမီးတွေကိုတော့ ချစ်မှာပါပဲ။ အဓိကကတော့ လူသားတိုင်း ဘယ်သူ တာဝန်ကျေကျေမကျေကျေ ကိုယ့်ဘက်က မပျက်ကွက်ဖို့ အရေးကြီးဆုံးလို့ ထင်တာပါပဲ။

Anonymous said...

အမေမွေးပေးလို့.. ဒီရှင်သန်မှု တစ်ခုရနေတယ်မလား...
ကျေးဇူးတင်လိုက်ပါ ကိုဂျဲရယ်...

Anonymous said...

မိဘတိုင်းဟာ သားသမီးတွေကို ကိုယ့်ထက်ပိုပြီချစ်ကြ
ပါတယ် မောင်လေးရေ.
အစ်မက မိဘတစ်ယောက်ဖြစ်နေလို့ အဲ့ဒီလိုထင်မိတာ
ပါပဲ။
မောင်လေးရဲ့ ကဗျာလေးလိုလဲဖြစ်တတ်ကြတာ၊
သားသမီးကိုချစ်ပေမယ့် အကြောင်းကြောင်းတွေကြောင့်
သားသမီးအပေါ်ဆက်ဆံပုံ၊ ချစ်ပုံလေးတွေကွဲပြားနိုင်ပေ
မယ့် ကိုယ့်သားသမီးကို ကိုယ့်ထက်ပိုပြီးချစ်တာကိုတော့
အစ်မခံစားလို့ရပါတယ်ကွယ်။
ကိုယ့်သားသမီးကို သူများသားသမီးတွေလို ထက်ထက်
မြက်မြက်နဲ့ တိုးတက်စေချင်၊တော်စေချင်လို့ ဆူပူကြိမ်း
မောင်းတာတွေလဲရှိတတ်ပါတယ်ကွယ်။ဒါပေမယ့် ချစ်တာကတော့ ချစ်တာပါပဲ မောင်လေးရေ.

မိဘအပေါ်တန်ဖိုးထားပြီးနားလည်ချစ်ခင်ပေးနိုင်တဲ့
သားလိမ္မာလေးတစ်ယောက်ဖြစ်ပါစေ။

ခင်မင်စွာနဲ့
မမ၀ါ

Anonymous said...

တချို့မိဘတွေက ကိုယ့်အယူအဆတွေကို မစွန့်လွှတ်နိုင်တဲ့အခါကျတော့ သားသမီးနဲ့ပဋိပက္ခတွေ ဖြစ်တတ်ကြပါတယ်။ ညှိယူနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်.. :)

Anonymous said...

ဘယ်လိုမိဘ ပဲ ဖြစ်ဖြစ် ၊ ဘာ ကြီး ပဲဖြစ်ဖြစ် မိဘ ဟာမိဘပဲလေ။ မရွေးချယ် နိုင် သလို၊ သူများတွေနဲ့လည်း မနှိုင်း ယှဉ် အပ်ပါဘူး။ ကိုယ် ကံ နဲ့ ကိုယ် ပဲ လေ။ ဘယ် လောက် ပဲ အတ္တ ကြီး ကြီး ၊အယူအဆဘယ်လောက်ပဲ ကွာကွာ - သားသမီး လိမ္မာ ရင် လမ်းသစ် ဖောက် နိုင် တဲ့ အဖြစ် အပျက် တွေ ဟိုး အရင် ထဲက ရှိခဲ့ပြီးသားပါ။
ဘာပဲဖြစ် ဖြစ် အကောင်း ဆုံး ကို မျှော် လင့် သူ တွေ အတွက် ဆန္ဒနှင့် ဘ၀ တစ် ထပ် ကျပါစေ လို့ ဆုတောင်း ပေးပါ တယ်။

Anonymous said...

အချစ်တွေမတူကြတာလို့ မြင်မိပါတယ် ကိုဂျဲဂျယ်ရေ... မိဘတိုင်းကတော့ သားသမီးတိုင်းကို ကောင်းမွန်တာကိုပဲ မြင်ချင်ကြတာလေ အုပ်ချုပ်မူခြင်း မတူကြတာလေးပါ။

Anonymous said...

ရှိပါတယ် ကိုဂျယ်ပြောတဲ့ မိဘတွေလဲ ဒုနဲ့ဒေးပါ
သူတို့စိတ်ထဲ သားသမီးဆိုတာ ခိုင်းဖို့လောက်
ပဲ သဘောထားတာပါ ကိုယ်တိုင် မြင်ဖူးလို့
ထောက်ခံပါတယ် အနီးစပ်ဆုံးပြောရရင် ရန်ကုန် လမ်းဘေးမှာ ကလေးတွေ တောင်းစား
နေကြတယ် ဒါကို မိဘက လက်ဖက်ရည်ဆိုင်ကနေ ကြည့်ပြီး ရသမျှကို
ယူနေတာပါ။ ဒီထက်ဆိုးတာတွေလဲ တွေ့ဘူးပါတယ် ဆိုတော့ဗျာ ထောက်ခံတယ်