Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Tuesday, January 13, 2009

နှစ်သစ်နဲ့ နှစ်ဟောင်းအကူး ညလေးမှာ

မောင်ရှင်းသန့် tagထားတဲ့ မနေ့က ညဆိုပေမဲ့ ဘယ်နှစ်ရက်မှန်းမသိတော့ပါဘူး။ သူဆိုလိုချင်တာက ၂၀၀၈ နောက်ဆုံးရက်မှာ နှစ်သစ်နဲ့ နှစ်ဟောင်းအကူး ညလေးမှာ ဘာလုပ်လဲဆိုတဲ့ tagလေးပေါ့။

ပထမတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီလိုပဲ အစ်ကိုတို့ လင်မယားနဲ့ Marina bay သွားမယ်ဆိုပြီးတော့ စဉ်စားထားပေမဲ့ သွားရင်ကောင်းမကောင်း စဉ်းစားပြီးမှ အိမ်မှာပဲ ဘလော့လည်မယ်ဆိုပြီး အိမ်မှာပဲ နေခဲ့လိုက်တယ်။ ဒါနဲ့ ၉း၀၀ လောက်ရောက်တော့ New year wish တွေ ပို့ဖို့ သတိရပြီး များပြားလှတဲ့ သူငယ်ချင်း ၆ယောက်ကို ပို့လိုက်ရော ဒီမှာပဲ ချစ်လှစွာသော ချစ်ဖလို့ စနေတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက ကျနော် SMS မြင်မှ သတိရရှာပြီး ဘယ်မှာလဲ ?? ဘာလုပ်နေလဲလို့ သတိတရမေးရှာပါတယ်။ ဒီတော့ ငါအိမ်မှာဆိုတော့ Sentosa လာမလားတဲ့ သူ့သူငယ်ချင်းတွေနဲ့ အတူတူရှိနေတာတဲ့ ဘီယာတိုက်ပါ့မယ် လာခဲ့ပါလားတဲ့ သူနဲ့က စင်ကာပူရောက်မှ ကျောင်းမှာ ခင်တာလေ ကျနော်က ဆက်ဆံရေးအရမ်းကောင်းတော့ မြန်မာတွေ များပေမဲ့ သူငယ်ချင်း ၄ယောက်ကြီးများတောင် ခင်တာ နှစ်ယောက်က ယောင်္ကျားလေးလေ ချစ်ဖရယ်၊ နောက်တစ်ယောက်က ရဲမင်းတဲ့။ နောက်မိန်းကလေးနှစ်ယောက်က ချစ်ဖရဲ့ ကောင်မလေးရယ်၊ သူ့ ၀မ်းကွဲအစ်မရယ် ဟဲဟဲ အဲ့လို ဆက်ဆံရေးပြေပြစ်တာနော်။ ဒါနဲ့ ချစ်ဖက လာခဲ့တဲ့ ဒီမှာ သူ့ကောင်မလေးရယ် သူ့ ကောင်မလေးရဲ့ အစ်မအတွဲရယ် ရှိတယ်တဲ့ ဒီတော့ နည်းနည်းတော့ အားရှိသွားတယ်။ ဟုတ်တယ်လေ ခင်တဲ့ သူငယ်ချင်းတွေ ၃ယောက်ဆိုတော့ နည်းနည်း အားရှိတာပေါ့။ ဒါနဲ့ အေး လာမယ်ဆိုပြီး ရေချိုးပြီး ထွက်လာတယ်။ အိမ်ရှေ့မှတ်တိုင်ကနေ Vivo Cityကို သွားတဲ့ Busကို စီးသွားလိုက်တယ်။ Vivo City ရောက်တော့ ဓာတ်လှေကား စီးဖို့ တန်းစီရတယ်။ နှစ်ထပ်ဆိုတော့ နှစ်ခါတောင် တန်းစီရတယ်။ မသိရင် တခုခု အလကား ပေးနေတာကျနေတာပဲ။ အရှည်ကြီးပဲ ဒီတခါပဲ ထူးထူးဆန်းဆန်း ဓာတ်လှေကားစီးဖို့ တန်းစီရတာကြုံဖူးတယ်။ ဒီမှာက တကယ်တော့ သွားစရာ နေရာက များများစားစား မရှိဘူးလေ။ ဒီနေရာလေးတွေပဲ ပတ်သွားနေရတာ . . . . ဒါနဲ့ ၁၀ ခွဲလောက် သူငယ်ချင်းတွေဆီ ရောက်သွားတယ်။ ရောက်တော့ သူ့တို့အတွဲ နှစ်အတွဲရဲ့ ကောင်မလေးတွေက မူးပြီး ရစ်နေပြီလေ။ ကျနော်ရောက်တော့ Chivas Regal နှစ်လုံး ပြောင်သွားပြီတဲ့ ကောင်းရော ဒါပေမဲ့ ကျနော်ကလဲ အိပ်ရေးတွေပျက်နေတော့ မသောက်ခင်တည်းက မူးနေပြီလေ လာကတည်းက ဘီယာလောက်ပဲ သောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာလေ။ သောက်လိုက်ရင် လဲသွားနိုင်တယ်လေ။ ဒါနဲ့ ကမ်းစပ်မှာ မတ်တပ်ရပ်ပြီး ပြင်လယ်ပြင်ကြီး ကြည့်ပြီး ဘီယာလေးသောက်လိုက် တွေးချင်ရာတွေးလိုက်ပေါ့။ ဒီလိုပါပဲ တောင်တွေးမြောက်တွေးပေါ့။ ဒါနဲ့ တော်တော်ကြာတော့ သူငယ်ချင်းက သတိရပြီး ဘယ်ရောက်နေလဲ ဖုန်းခေါ်တော့မှာ ၀ိုင်းထဲ ပြန်ဝင်လာလိုက်တယ်။ ဒီလိုနဲ့ စကားပြောရင်းနဲ့ ချစ်ဖ မင်း Alarm ပေးထားလားကွပေါ့။ အမှန်တော့ ကျနော်က ဖုန်းထုတ်ကြည့်ရမှာ ပျင်းလို့ အစဖေါ်လိုက်တာ သူငယ်ချင်းကလဲ အားကိုးရတယ်။ သူများအော်ရင် လိုက်အော်ယုံပေါ့တဲ့ ကောင်းရော မင်းကလဲ ကြည့်ပါကွဆိုတော့မှ ထုတ်ကြည့်တယ်။ ၁၁း၅၈ ရှိနေပြီ ဒါနဲ့ အားလုံးမတ်တပ်ရပ်နေတုန်း ပြင်လယ်ထဲက သင်္ဘောကလဲ သြအော် ဆွဲတော့မှ ကဲကဲ အားလုံးလာဆိုပြီး ဘာရယ်မဟုတ်ဘူး။ ငယ်ငယ်က ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆော့ပုံမျိုး Happy New Year ဆိုပြီး ကျဉ်းလိုက် ကျယ်လိုက်နဲ့ အော်လိုက်ဟစ်လိုက် လုပ်နေကျတယ်။ အဲ့တာလေးကတော့ တကယ့်မှတ်မှတ်ရရလေးပဲ။ ပြီးလဲ ပြီးရော ကျနော်လဲ ဘာရယ်မဟုတ်ဘူး ဘီယာတစ်ဘူးနဲ့ ကမ်းစပ်မှာ သွားရပ်မိပြန်တယ်။ ကမ်းစပ်မှာ ရေဆော့ရင်းနဲ့ ပြင်လယ်ထဲက သင်္ဘောတွေ ညဖက်ကြည့်ရတာလဲ အရသာတမျိုးပဲလေ။ ဒါနဲ့ ခဏနေေ Elevenမှာ သွားဝယ်မယ် လိုက်ခဲ့ဆိုတာ နဲ့ လိုက်သွားတယ်။ ပြန်လာတယ် သောက်တယ် စကားပြောတယ်။ ဒီလိုနဲ့ မနက် ၅ ခွဲလောက်ကျတော့ အားလုံး သိမ်းစရာရှိတာ သိမ်းပြီး Busနဲ့ ပြန်လာတယ်။

မောင်ရှင်းသန့်ရေ နှစ်သစ်ကူးညက လုပ်ခဲ့တာလေးပေါ့။ နှစ်သစ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကူးတော့ မရှိသေးပါဘူး။ အခုလို tag တာ ကျေးဇူးပါ။ နောက်ကျသွားတာ စိတ်မကောင်းပါဘူး။ နေမကောင်းတာနဲ့၊ ကျောင်းက ပြန်တက်နေပြီဖြစ်လို့ပါ။


11 comments:

Anonymous said...

အဟမ်း.. အဟမ်း.. သိနေတယ်နော်.. သိနေတယ်.. :P
ကိုဖိုးဂျယ်ဂျီးကလည်း ဘီယာသောက်တာတောင် ရိုမန့်တစ်ခ်တယ်ဆန်သကိုးးး။ ၀ိုင်းကြီး ပတ်ပတ်ဒူဝေေ၀က ဆော့သေး။ :P
အဲ့ဆုတောင်းပေးလိုက်တဲ့ ကောင်မရေးဆိုတာ ဘူဒူလေးလဲငင်???

Anonymous said...

ကျနော်လဲ ဘာရယ်မဟုတ်ဘူး ဘီယာတစ်ဘူးနဲ့ ကမ်းစပ်မှာ သွားရပ်မိပြန်တယ်။ ကမ်းစပ်မှာ ရေဆော့ရင်းနဲ့ ??????

ရေသူမ ထွက်လာမလားလို့  စောင့်နေပါသေးတယ်။

ရေသူမ မလာတဲ့အဆုံး တစ်ယောက်သောသူကိုဆုတောင်းပေးလိုက်တယ်။

Anonymous said...

အယ်သူကမှ ဘီယာသောက်ဖော်လေးဘာလေးရှိသေးတယ်
ဟီး အားကျသဗျာ

Anonymous said...

သူက ခုမှ နူးရီးယားနေဒယ်...
အဲညက ပျောက်နေတာ.. အဲကြောင့်ကိုး..

Anonymous said...

တဂ်ပို့စ်လေး လာအားပေးတယ်။
ကျန်းမာရေးဂရုစိုက်ပါ
ကျောင်းတက်အဆင်ပြေပါစေ

http://winzaw-mdy.blogspot.com

Anonymous said...

ဘီယာလေးသောက်လိုက် အတွေးလေး ၀င်လိုက်နဲ့ ဟုတ်နေပါ့ဗျာ အားလုံး အိုကေပါစေကြောင်းဗျာ

Anonymous said...

အော် တစ်ယောက်အတွက်ပဲကိုး

Anonymous said...

ကိုကြီးဂျဲဂျယ်ရေ . . . .
မအားတဲ့ကြားက တက်ခ်ရေးပါ ကျေးဇူးလည်းတင်ပါတယ် ခင်ဗျာ ။

ဒါနဲ့ ငါ့အကိုက ကမ်းစပ်မှာ ဘီယာတွေ ဘာတွေနဲ့ ညိမ့်နေတာပေါ့ ။ ကောင်းပါလေရဲ့ ဗျာ ။ကျနော်လည်း အဲဒီလိုအေးအေး လူလူ နဲ့ တစ်ယောက်ထဲ တွေးချင်ရာတွေး နေရတာကို အရမ်းကြိုက်တယ်ဗျ ။

ဆက်လက်ပြီးလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခရီးဆက်နိုင်ပါစေခင်ဗျာ

Anonymous said...

that's great...bro..

Anonymous said...

ဟက်ပီးနယူရီးယားနော်..
ဟီး..
ပြောဖို့ မေ့နေလို့..။

Anonymous said...

ကမ်းစပ်ကနေ မူးပြီးပြုတ်ကျမသွားလို့ တော်သေး... :P