Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Sunday, January 18, 2009

ကျွန်တော့်မြို့

ကျွန်တော် ပိုင်တဲ့မြို့လေးမှာ
ကျောက်တိုင်လေး တတိုင်စိုက်ထူထားတယ်။
" ကဗျာသေးသေးလေး "ဆိုတဲ့
စာတမ်းလေးပေါ့ ခပ်မှိန်မှိန်လေးပါပဲ . . . .
မသိတဲ့သူဆို ကျော်သွားလောက်သော
ဘာမှ မထူးခြားတဲ့ သူလို ကိုယ်လို ကျောက်တိုင်လေးပါ
အဲ့မြို့လေးထဲမှာ သူလို ကိုယ်လို ခံစားချက်တွေ
ဖွံ့ဖြိုးတယ်၊ ဆုတ်ယုတ်တယ် . . . .
အောင်မြင်တယ်၊ ကျရှုံးတယ် . . . .
ပိုင်ဆိုင်တယ်၊ စွန့်လွှတ်တယ် . . . .
ချစ်တယ်၊ မုန်းတယ် . . . .
ခွင့်လွှတ်တယ်၊ နာကျည်းတယ် . . . .
မြို့အင်္ဂါနှင့် ညီညွှတ်အောင်
ရံဖန် ရံခါ မကောင်းမှုတွေ ကျူးလွန်တယ်
ကောင်းမှုတွေ ပြုလုပ်တယ်။
ဟာသတွေ ရှာဖွေတယ် . . . .
စိတ်ရှုပ်စရာတွေ ဖေါ်ထုတ်တယ် . . . .
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေရှိသလို
တွေဝေတဲ့ အပြုမူတွေတွေ့တတ်တယ် . . . .
ကိုယ်ပိုင် ခံစားချက်တွေရှိသလို
အငှားခံစားချက်တွေ ပါဝင်တယ် . . . .
တခါတခါ ဒီမြိုကလေးကို အလှဆင်သလို
တခါတခါ ဒီမြို့လေးထဲက ထွက်ပြေးတယ် . . . .
တခါတရံ မြို့လေးက အေးချမ်းပြီး
တခါတရံ မြို့လေးက ပူလောင်တယ် . . . .
ဖြစ်လေ့ ဖြစ်ထရှိတဲ့ မြို့လေးရဲ့ ပုံစံကတော့
စိုပြေလိုက် ခြောက်သွေ့လိုက်ပေါ့ . . . .
ဒီမြို့လေးထဲမှာ . . . .
အဖြစ်ပျက်ပေါင်းများစွာ ပျက်စီးနေသလို
အဖြစ်ပျက်ပေါင်းများစွာ တည်ရှိနေတယ် . . . .
မြို့လေးထဲမှာ ပြေးလွှား ခုန်ပေါက်နေတတ်သလို
တနေရာရာမှာ ငြိမ်ငြိမ်သက်သက် ခွေနေတတ်တယ်။
(စိတ်ဗလာဖြစ်နေရင်ပေါ့)
ငါ့ မြို့လေးထက် တစ်ခြားမြို့ကို
ပိုချစ်တတ်တယ် . . . .
ငါမြို့လေးထက် အဲ့ မြို့လေးမှာ
နေထိုင်ရတာ နှစ်သက်တယ် . . . .
ဘာပဲဖြစ်နေဖြစ်နေ ဒီမြို့လေးက
ငါ့ မြို့လေးပဲ . . . .

16 comments:

Anonymous said...

ညီ့ မြို့ လေး မှာ....
အစ်ကို လာနေမယ်
ဘီယာတော့တိုက်ရမယ်နော်...

Anonymous said...

ကိုဖိုးဂျယ်မြို့လေးကိုအမြဲအလည်လာပါတယ် မြို့လေးထဲမှာ ခံစားမှု့တွေစုံပေမယ့် စားစရာမရှိတာတစ်ခုပဲ :P

Anonymous said...

ကိုဂျဲ .ရဲ့မြို့လေးကို အားတိုင်းယားတိုင်း မတော်တဆ ပဲဖြစ်ဖြစ်. လမ်းကြုံလို့ပဲဖြစ်ဖြစ်.. သမင်သကာ ဖြစ်ဖြစ် အမြဲရောက်တယ်...
စိတ်ညစ်ရင်လည်း တစ်ခါတစ်လေ.. ဒီမြို့လေးရဲ့ ဂျောင်ဂျို ဂျောင်ဂျား မှာလာလာခွေ နေတတ်သေးတယ်...
ဘာပဲဖြစ်ဖြစ်.. ဒီမြို့လေးကို ရောက်တိုင်း ခံစားမှုတစ်ခုခုတော့ မြို့လေးက ပေးတာပါပဲ..

Anonymous said...

ကဗျာလေး လာဖတ်ပါတယ်
ကဗျာမရေးတတ်ပေမယ့်
ကဗျာအပေါ် ခံစားတတ်ပါတယ်။

Anonymous said...

ကိုဖိုးဂျယ်
နေချင့်စဖွယ်
ကိုဖိုးဂျယ်တို့မြို့ကို
အလည်ရောက်ပါတယ်ဗျာ

Anonymous said...

လာတယ်မောင်ဂျဲလေး မင်းမြို့လေးမှာ ခံစားချက်တွေတစ်ခုခုကတော့ရှိနေတယ်..
ပျော်ရွင်ပါစေမောင်လေးရေ.......

Anonymous said...

သည်မြို့လေးမှာ ကဗျာသေးသေးလေးတွေ လာဖတ်တတ်ပါတယ်.. ကဗျာကြီးကြီးတွေတော့ ဖတ်ပြီး နားမလည်လို့.. ခံစားမှုစုံတဲ့ ကဗျာသေးသေးလေးတွေကို ကြိုက်တယ်.. အဲဒီမှာ ခံစားချက်စုံတဲ့ လူသားလေး ဖိုးဂျယ်လည်း ရှိတယ်လေ..။

Anonymous said...

ဒန်.. ဒန့်.. ဒန်.. သားသားလေးလည်း အဲဗားရောက်စ်တယ်နော်.. ကိုဖိုးဂျယ်ဂျီးတိဘာဒယ်
ဒါနဲ့ တစ်ပတ်တစ်ခါ အအေးတိုက်မယ်ဆိုပြီး မတိုက်တာကြာကြီးရှိနေပြီး ညကမှ လာတိုက်တယ်။
ကျေနပ်ဝူး ကျေနပ်ဝူး.. ဒုန်း..ဒုန်းး... ဒုန်း.. (သောင်းကြမ်းသွားသည်)

Anonymous said...

ဖိုးဂျယ်ရဲ့ မြို့လေးကိုလာလည်ပီးကဗျာသေးသေးလေးတွေ ဖတ်သွားပါတယ်

Anonymous said...

အကိုမြို့ကို လာလည်ပြီး ကဗျာစမောစမော လေးတွေဖတ်သွားပါ၏။:P

Anonymous said...

မြို့ လေးအကြောင်းလာဖတ်သွားတယ်ညီလေးရေ။

Anonymous said...

မြှိုကလေးဆီ အလည်လာပါသည်။

Anonymous said...

ကျနော့်မြို့လေးကို လာလည်သါားတယ်ဗျို့
မြို့အင်္ဂါနဲ့ညီဖို့ ညကလပ်တို့ ကေတီဗီတို့
အနှိပ်ခန်းတို့ မပါဘူးလားဗျ ဟီး

Anonymous said...

မြို့လေးကလည်း အိမ်အသစ်ပြောင်းပါဆို... co.cc ကလင့်ပြန်ပြောင်းလို့ရတယ်လေ....

Anonymous said...

မြို့ကလေးရဲ့ သမိုင်းကို ကဗျာသေးသေးလေးတွေ လို့ စာတမ်းထိုးထားတဲ့ ကျောက်တိုင်ကလေးမှာ အကို မြင်နေရတယ် ... မြို့ဟာ မြို့နဲ့ တူတယ် ညီ ... ။

မြို့အင်္ဂါရပ်နဲ့ ညီညွှတ်အောင် ရံဖန်ရံခါ မကောင်းမှုတွေ ကျူးလွန်တယ်ဆိုတာလေး သဘောကျလို့ မဆုံးဖြစ်နေတယ် အထပ်ထပ် ဖတ်မိနေတယ် ...။

ကဗျာတွေက တအားကို အဟုန်တကြီးနဲ့ မာန်တင့်လို့ပါလား ... ညီ ... ။

Anonymous said...

မိုက်လှချည်လား... ဘလော့ကို ကဗျာ ဖွဲ့ပြီး ပြောထားတာ... :) ကျတော်လည်း ရေးအုံးမှပဲ.. ဟိဟိ အားကျသွားဘီ...