Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Tuesday, July 22, 2008

ရထားပေါ်က ငါ့ဘဝ

ငါ...............
ဖြတ်သန်းလာတဲ့ ဘ၀က
ရထားပေါ်မှာလိုပဲ
ရှုပ်ထွေးတယ်...........။
ဆူညံတယ်...........။
ငါ ဘ၀က...........
သိုးနေတဲ့ အသုတ်တစ်ပွဲလိုပဲ
တန်ဖိုးမဲ့နေတယ်...........။
မင်းမစားပါနဲ့.................။
မူးသူ မလိုက်ပါရ.............။
ဈေးသည် မလိုက်ပါရ.............။
အိပ်သူ မလိုက်ပါရ.............။
ရိုးရိုးတန်းစီးသူ မလိုက်ပါရ.............။
ချစ်သူ မလွမ်းသူ မလိုက်ပါရ.........။

No comments: