Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Monday, December 29, 2008

ခွင့်စာ

ခွင့်စာဆိုလို့ ဒီခပ်ပိန်းပိန်းကောင်လေး ဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်တာပါလိမ့်လို့ မတွေးလိုက်ကြပါနဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်လဲ မဟုတ်ပဲနဲ့ ဘာလို့ မင်းက ခွင့်စာတင်ရတာလဲကွလို့ပြောရင် ကျတော် ၂၀၀၉ ရောက်ရင် ကျတော် ပျောက်နေတဲ့ အနာဂတ်ကို ကြိုးစား ရှာဖွေရတော့မှာပါ။ ကျတော်က လက်ရှိမှာ ပစ္စုပ္ပုန်လဲ မသိ အတိတ်လဲမရှိ အနာဂတ်ဆိုတာ ဘာလဲ မေးရမဲ့ ကောင်ပါ။ အခုအချိန်မှာ အားမွေးမယ်ဆိုပြီးတော့ တစ်ယောက်တည်း ကျိတ်ပြီး တိတ်တိတ်လေး နေချင်ပြန်ပါတယ်။ ဘလော့ သံယောဇဉ်တော့ ပြတ်နိုင် မပြတ်နိုင် မသိပေမဲ့ အချိန်ကတော့ တော်တော် လုရမှာပါ။ လက်ရှိတက်နေတဲ့ ကျောင်းအပြင် Short Course တခုပါ ညဘက် တက်မှာ ဖြစ်တဲ့ အတွက် အိမ်ပြန်ရောက်ချိန်ဟာ ည ၁၁နာရီ ၀န်းကျင် ဖြစ်နိုင်ပါတယ်။ အရင်က ကျောင်း တက်ချင်ယောင်ဆောင်ခဲ့တဲ့အတွက် အခုကျောင်းပြန်ဖွင့်ရင်တော့ ကျောင်းသေချာတက်ပြီး စာသေချာလုပ်ရတော့ပါမယ်။ အခုကျောင်းပိတ်ရက်မှာလဲ ယောင်ခြောက်ဆယ်လုပ်ရင်း ဇီးကွက်ဖြစ်နေတဲ့အတွက် လူလဲ ဂျပိန်ညောင်မျိုးဖြစ်နေပါပြီ (မောင်မျိုးရေ လက်စားချေတာဟေ့) ဒါကြောင့် ခွင့်စာ ကြိုတင်ထားတာပါ။ အခုတည်းက စိတ်ကို အေးအေးဆေးဆေး နားချင်တာရယ်၊ ကျတော့ အိမ်လေးထက် သံယောဇဉ်ရှိတဲ့ ငပေါဂေဟာလေးမှာ လုပ်စရာလေးတွေရှိတာကြောင့်ပါ။ ဒါကြောင့် Tag လေးကို အမြန်ဆုံးရေးသားလိုက်ရတာပါ။ အကယ်၍ အိမ်လိုက် မလည်နိုင်ခြင်း၊ ပိုစ့် အသစ် မတင်နိုင်ခဲ့ပါက တောင်းပန်ပါတယ်။ အချိန်ကုန်ခံ လာလည်ပြီး ဘာပိုစ့်မှ မရှိရင် အားနာစရာကောင်းလို့ပါ။ ခဏပိတ်ထားမယ်ဆိုလဲ ၀ိုင်းပြောမဲ့ မောင်နှမတွေရှိနေတော့ ပိတ်မယ်လဲ မပြောရဲဘူးလေ။ ကျောင်းပိတ်ရက် စနေ နှင့် တနင်္ဂနွေတော့ ဘလော့ မရေးနိုင်ရင်တောင် အိမ်တွေလိုက် လည်ပြီး စာတွေဖတ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကျတော်မှာ လုပ်စရာက ဒီအလုပ်ပဲရှိတယ်လေ။ ဘလော့မှာ စာလိုက်ဖတ်ရတာ ၀တ္ထုစာအုပ် ဖတ်ရတာနဲ့ မတူပါဘူး။ ကိုယ်ပိုင်ဟန်တွေနဲ့ ရေးသားထားတဲ့ ပုံစံမျိုးစုံသော ရသတွေ၊ ဗဟုသုတတွေ၊ အချစ်တွေ၊ အလွမ်းတွေ၊ ပျော်စရာလေးတွေကို တယောက်တမျိုး မရိုးအောင် ခံစားလို့ရတယ်လေ။ စီဘောက်အော်ခဲ့ရတာလဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘလော့ဂါ ဘ၀လေးလေ။ ကျတော်ဘ၀မှာ ချစ်ခင်ရင်းနှီးတဲ့ မောင်နှမတွေကိုလဲ ဒီဘလော့လေးကနေရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂါဘ၀လေးကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။
အားလုံးရဲ့ မောင်ငယ်၊ တူလေး၊ အစ်ကိုကြီး၊ ညီငယ် ဖိုးဂျယ်


18 comments:

Anonymous said...

နားလည်တယ် သဘောပေါက်တယ် အားပေးတယ်။ ဆက်သာချ။ အနာဂတ်ကို ရောက်အောင်သွားတာပါ ရှာဖွေရအောင် တကယ်ပျောက်နေတာမှ မဟုတ်ပဲ။ မနက်ဖြန်ဆိုတာ ရှိနေရင် အနာဂါတ်ဆိုတာလည်း ရှိနေဦးမှာပဲ။ ၂၀၀၉ မှာ သာယာချောမွေ.တဲ့ အနာဂါတ် လမ်းကို လျှောက်လှမ်းနိုင်ပါစေဗျာ။

Anonymous said...

စလုံးမှာနေရတဲ့ဘဝကိုကိုယ်ချင်းစာပါတယ်ဗျာ...ကိုဂျယ်အားလုံးအဆင်ပြေပါစေ...ကျနော်လည်းကျောင်းပြန်ဖွင့်တော့မယ်...အနာဂတ်လှပဖို့အတွက်ကြိုးစားလိုက်ရအောင်လားဗျာ...

Anonymous said...

ဦးဦးဂျယ်ရေ... ပျော်ပျော်နေနိုင်ပါစေနော်။ ဖြစ်ချင်တာတွေလည်း ဖြစ်ပါစေနော်။ ဦးဦးဂျယ်ခဏနားတော့လည်း ပြန်လာရင် ရေးစရာတွေ အများကြီးရလာမှာပေါ့။ နောက်ပြီး အိမ်မလည်ဖြစ်တော့လည်း လည်ဖြစ်တဲ့အခါ ဖတ်စရာတွေတစ်ထိုင်တည်း အများကြီးဖတ်လို့ရတာပေါ့။ မကောင်းဘူးလား။ ဘာကိုမှ စိတ်မညစ်နဲ့၊ စိတ်မပျက်နဲ့နော်။ လူ့ဘ၀ဆိုတာ တိုတိုလေးရယ်။ စိတ်ချမ်းသာအောင် နေပါနော်။

Anonymous said...

ဟင်းး...ကိုယ့်အိမ်ထက်များ ဂေဟာကို ပိုချစ်ရတယ်လို့ဖြစ်ရလေ အနော်တို့ကတော့ ဘယ်တော့မှမခွင့် နက်မရမှ ပိုသိတယ် သွေးကကြွလွန်းလို့ ဒါကြောင့် နက်သုံးနေရသမျှ ရေးမယ် ။ ကိုဂျယ် ရေ့ ခွင့်လုပ်မနေနဲ့ နေနိုင်တာလည်းမဟုတ်ဘူး ဒါမျိုးတွေ မောင်မျိုး လုပ်နေကျ အကွက်တွေ ရိုးနေပြီး မယုံရင်စောင့်ကြည့် တစ်ပါတ်ထပ်ပိုနေနိုင်မလားလို့ လည်ပင်းအဖြတ်ခံတယ် ( တကယ်လာမလုပ်နဲ့ :P ) ပိန်တာချင်းများလာပြိုင်နေတယ်နော် နာတော့မယ် ။

Anonymous said...

ဘယ်သူလဲက ဘလော့ပိတ်မှာ ပိတ်တဲ့သူ နာနဲ့ တွေ့မယ်နော့်း) ဖိုးဂျယ်ရေ မအားရင် မလုပ်နဲ့ဦး စာကိုဦးစားပေးနော့် ဘလော့တော့ ပိတ်ဖို့ မလုပ်ပါနဲ့ဗျ

Anonymous said...

ဘလော့သံယောဇဉ်တော့ မဖြတ်လိုက်ပါနဲ့တော်.. ပြီးတော့ တခြားစာဖတ်တာတွေ ဘာတွေအတွက်အပြင် ညီညီနဲ့စကားပြောဖို့လည်း အချိန်ပေးဦးနော်.. ဟီး

Anonymous said...

ငါ့တူကြီးက စာကြိုးစားတော့မပေါ့ ။ ဒီလိုဆိုတော့လဲ ဘကြီးတို့က ဘယ်တားကောင်းတော့မလဲ ။ ကျောင်းပိတ်ရင်ကြရင်သာ ဘကြီးတို့ ရွာကိုမကြာမကြာပြန်လာကွဲ့ ကြားလား ။ ဘုရားတရားလဲမမေ့နဲ့ ။ ဒွေးလေး သာပု တို့ကလဲ မင်းကိုမျှော်နေမယ်တဲ့ ။ တော်သေးပြီ မင့် ဘကြီး ။ဟိ ။

Anonymous said...

ကျောင်းပိတ်လို့အားတာနဲ့လာလည်နော် ကိုဂျယ်
ဘလော့လေးကို ကြည့်ရှူထားမယ် ဟီး

Anonymous said...

မောင်လေးဂျဲဂျယ်ရေ...
ပြန်ရောက်ရင် သံချောင်းလာခေါက်လိုက်...
ဂျယ်လီလာကျွေးမယ်... :)

Anonymous said...

ချိတ်အပူနဲ့တူလေးရေ ကော်ကော်တွေမုန့်တွေ အမြဲလာပို့်ပေးမယ် အိုကေ ... :)
ပညာဆိုတော့ ကြိုးစားပေါ့လေ နော့် အားပေးပါတယ်
အချိန်လုရတော့မယ့် တူလေး ကျန်းမာရေးလဲဂီရုစိုက်ပေါ့
ပျော်ရွှင်အောင်လဲနေ
စာတွေကျက်မှတ်တဲ့အခါလဲ အောင်မြင်ပါစေ
အစစအရာရာ ကောင်းမွန်ပါစေ
:)

Anonymous said...

အင်းကောင်းသော ရည်ရွယ်ချက်ပါပဲဗျာ။
ကျောင်းစာတော့ မှန်မှန်လုပ်ပေါ့ဗျာ

Anonymous said...

စာကြိုးစား ဗျာ ဘာလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်
ဆရာ လာလုပ်တာတော့မဟုတ်ဘူး တကယ်ခင်လို့သတိပေးတာ
စာပြန်ရေးမှ ပဲလာဖတ်တော့မယ် ကိုဂျယ်

Anonymous said...

ကိုကြီးရေ.. အခက်အခဲမှန်သမျှကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ပါစေ.........

Anonymous said...

အင်း . .ဒီလိုပါပဲလေ.. အင်တာနက်ထဲမှာ အလျှို အလျှို ပေါ်လာလိုက် .. အလျှို အလျှို ပျောက်သွားလိုက်ကြနဲ့ ... ဘ၀ ထဲက ဘ၀လေး တစ်ခုပဲလေ... အမြဲလိုမဟုတ်ပေမယ့် တစ်ခါတစ်လေ လွမ်းမိရင် ပဲ ကျေနပ်မှာပါလေ... ဟိ .... ဒေါင် .. ဒေါင် .. ဒေါင် ...

Anonymous said...

ကိုဖိုးဂျယ်ဂျီး.. ဒီလောက်မအားနေတဲ့ကြားက မအိပ်ခင်လာနှုတ်ဆက်ဆက်သွားတာကို တွေ့တိုင်းပျော်တယ်ဗျာ.. ပြောမပြတတ်ဘူး။
အရမ်းပျော်တယ်။ မအားလည်း အားတဲ့နေ့ဆုံမှာပေါ့။ တစ်ပတ် အအေးတစ်ခွက်တော့ မေ့နဲ့ ဒါဘဲ။း)

Anonymous said...

Leave Application ..
Rejected by DecemberCinderella.

( Remark: Don't apply for Appeal letter again.)

Strictly strict !!!!!!

Anonymous said...

အစီအစဉ် တော့ရှိတယ်နော် သယ်ရင်း တနည်းနည်းနဲ့တော့ ဝင်နွှဲပေးကွာ... ငါ့မှာအားကိုးစရာဆိုလို့ မင်းတို့ပဲရှိတာကွ။။ ဟဲဟဲ... ငါ့သူငယ်ချင်း မအားတဲ့ကြားက ပေါနိုင်ပါစေကွာ။

Anonymous said...

ကိုဂျဲ.. ဘလော့ပိတ်လို့ကတော့ ပွဲကြမ်းပစ်မယ်.. မှတ်..
စာလည်းလုပ်တာကလုပ်.. မသိတာ..နားမလည်တာရှိလည်းလာမေး.. ခေါင်ခေါင်တစ်ယောက်လုံး ရှိတယ်.. ဟီး..