Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Monday, January 19, 2009

ရှက်စိတ်


ဒီပုံအကောင်းက နန်းညီ လုပ်ပေးထားက ဒီဖက်ကတော့ ကျနော် ပျက်ဆီးအောင် လုပ်ထားတာလေးပေါ့
ငါ မနက်အိပ်ယာထတော့
မျက်နှာမသစ်ပဲ
ထုံးစံအတိုင်း ဟိုခွေ ဒီခွေ
ဟိုလျှောက် ဒီလျှောက် လုပ်ရတာ
အရသာတွေ့နေတယ် . . . .။
ဒါနဲ့ အဓိပ္ပာယ်မဲ့ မှန်ရှေ့ရပ်မိလိုက်တယ်
ဟင် !!!!!!!!!!!!!
မှန်ထဲမှာ ဘယ်လဲဟ ! ! ! !
ငါဟာ ငါနဲ့ မတူတော့ဘူး . . . .
(တုန့်လှုပ်ခြောက်ခြားသွားတယ်)
သေချာကြည့်လေ မတူလေပဲ . . . .
ငါ ဒီမျက်နှာနဲ့ နေတာ
ဘယ်လောက်ကြာသွားပြီလဲ ? ? ? ?
မှန်မကြည့်ပဲ အိပ်နေတာ ကြာပြီလေ။
အရင် မျက်နှာ ပြန်လိုချင်နေတာလား ? ? ? ?
ဒါပေမဲ့ . . . .
ဒီမျက်နှာက နည်းနည်း လူရာဝင်သလိုပဲ

17 comments:

Anonymous said...

မှန်ကြည့်ပြီး တုန်လှုပ်ခြောက်ခြားသွားတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါလား..:)

Anonymous said...

ကွယ်ဝှက် အဓိပ္ပါယ်တွေ.. ကွယ်ဝှက် အဓိပ္ပါယ်တွေ.. သိပ်တော်နေတယ်ဟုတ်လား

Anonymous said...

ဒီမျက်နှာက နည်းနည်း လူရာဝင်သလိုပဲ
ဟုတ်တယ် ဒါဘဲကောင်းတယ်

Anonymous said...

မျက်နှာမရှိတဲ့ လူဖြစ်ရတာလည်း တစ်ခါတစ်လေ ကောင်းတယ်လို့ ထင်တယ်...

Anonymous said...

မျက်နှာမရှိတဲ့သူဆိုတာ သမိန်ပေါသွပ်ကစခဲ့တာပေါ့ သွပ်သွပ်သွပ် .. ဖိုးဂျယ်တို့တယ်တော်နေပါလား။ သို့သော် မနပ် ဆိုတာကိုတော့ မနက်လို့ ပြင်လိုက်ပါဦးကွယ် ..

Anonymous said...

ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး...ဆိုပြီး
တော့ အားရှိသွားပြီ...။ဘ၀တူတွေ အားကြီးနဲ့ပဲ...။
ရေးတတ်ပါ့...စိတ်ကူးအရင်းခံကကိုပဲ...ကောင်းတာကိုး.။
မိုက်တယ်..။ဒါနဲ့ စကားမစပ် ကဗျာတွေက မသေးဘူးဗျ..။ကြီးတောင်နေသေးတယ်..။

Anonymous said...

အခု မှန်တွေတောင် သစ္စာဖောက်တတ်နေပြီ ...
သူတို့ထဲမှာ မြင်နေတတ်တဲ့ မျက်နှာတစ်ခုဟာ ကိုယ့်မျက်နှာပါလို့ ဘယ်သူသတ်မှတ်ခဲ့တာလည်း ... ညီ ... ။
တကယ်တော့ မှန်တွေက လူတွေရဲ့ မျက်နှာကို ပြဖို့ သူတို့ မျက်နှာကို အသုံးချခံ စတေးနေခဲ့ရတာပါ ... ။
ကဗျာလေး ဖတ်ပြီး တွေးစရာတွေ အများကြီးရသွားခဲ့တယ် ညီ လူရာဝင်တဲ့ မျက်နှာဆိုတာလေး သိပ်ကြိုက်သွားခဲ့တယ် ....။

ပျော်ရွှင်ပါစေ ညီလေး ... ။

Anonymous said...

ကဗျာက ဂွတ်လိုက်တာ တူလေးရ
ရှယ်ပဲ
အဓိပါယ်တွေနဲ့
ကဗျာဖတ်ပြီး ဆက်စဉ်းစားလိုက်ဦးမယ်နော် :)

Anonymous said...

တုန့်လှုပ်ဆိုတာဘာကြီးတုန်း...
ဦးဦးဂျယ်ကဗျာတွေ ပိုပိုကောင်းလာတယ်သိလား... ခံစားချက်တွေပဲပြင်းထန်နေလို့လားတော့မသိ... တကယ်တစ်ပုဒ်ထက်တစ်ပုဒ်ပိုပိုကောင်းလာတယ်

Anonymous said...

နည်းနည်း မဟုတ်ဘူး.. အများကြီး ကို လူရာဝင်တာ.. ဒီအပုဒ်လည်း မိုက်တာပဲ ရေးထားတာ... အဓိပါယ် ရှိတယ်.. လက်တွေ တက်နေတယ်... :) ဆက်လုပ် အာဘွား :D

Anonymous said...

အဲ့ မျက်နှာကြီးက ရှယ်တယ်တဲ့ ခေါင်းစဉ်နဲ့လိုက်ဘူး ဟိဟိ

Anonymous said...

လူရာဝင်ပါတယ်ကိုဖိုးဂျယ် ရှေ့သာဆက်သွား...

Anonymous said...

မှန်ရှေ့ရပ်မိတော့...ကိုယ့်ကိုယ်ကှိုသတိရသွားတာ

Anonymous said...

မှန် .. မှန် .. . မှန် တယ် .....

Anonymous said...

ဒါဆိုလဲ ဖြုတ်လဲ မနေနဲ့တော့ ဒီအတိုင်းထားလိုက်ပေါ့ဗျာ

Anonymous said...

အတွေးနဲ့ ကဗျာကတော့ ရှယ်ပဲကွာ။ ဟုတ်ပါ့ အဲဒီ မျက်နှာပြောင်နဲ့  ကျင့်သားရနေခဲ့တာ အတော်ကြာလှပါရောလား။ ကိုယ်တစ်ယောက်ထဲ ဒီလိုမျက်နှာနဲ့  လူရာဝင်နေတာမဟုတ်မှန်းသိရလို့  ဟီး တော်သေးတာပေါ့ ဘကြီးရာ။

Anonymous said...

မျက်နှာက ပြောင်းတာမဟုတ်...
အဲလိုမြင်အောင်ကြည့်တဲ့ မျက်စိအမြင်က ပြောင်းတာ...
အကောင်းမြင်စမ်းပါ ။ ဘာမှစဉ်းစားမနေနဲ့ ဟီး :P