Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Saturday, February 28, 2009

မာန


စိတ်အရမ်းရှင်းလွန်းနေတာလား၊
ဟာလာဟင်းလင်းဖြစ်နေတာလား၊
အရမ်းရှုပ်နေတာလား၊
စော်ကားခံရလို့လား၊
အဲ့အခါ ငါ့ဖာသာ ကိုယ်မျက်နှာ ကိုယ်ကြည့်ပြီး
ပါးနား ပိတ်ရိုက်ချင်မတတ် အရှက်ရခဲ့တယ်
မမှတ်မရှိတဲ့ ငါ မှတ်ရှိအောင်ကြိုးစားမယ်။
ငါထင်တာ ငါတွေးပြီး
ငါဖာသာ ငါပျော်နေမယ်။
ဘယ်သူ့ကိုမှ အပြစ်ပုံမချချင်ဘူး။
ပိန်းလွန်းတဲ့ ငါအမှားပဲပေါ့။
ဒီတော့ ပိန်းတိန်းပိန်းတိန်းနဲ့ပဲ
ဆက်သွားနေမယ်။
အနာဂတ်လဲ စိတ်မ၀င်စားဘူး။
ပစ္စုပ္ပုန်လဲ မသိဘူး။
အတိတ်လဲ လာမပြောနဲ့။
နားခါးတယ်။
ချီးကျရာ ပျော်တယ်ပြောပြော
ချီးတောထဲ လသာတယ် ဆိုဆို
ဂရုမစိုက်ဘူး။
ပိန်းတိန်းပိန်းတိန်းကောင်မှာလဲ ခပ်နဲ့နဲ့ မာန ရှိပါတယ်။


10 comments:

Sein Lyan Tun said...

သောင်ပြင်မှာပျော်နေတဲ့ ဖားငယ်တစ်ကောင်လို
ခုန်ဆွခုန်ဆွ နဲ့ 
ဒစ်စကိုဒန် စ့်က နေတဲ့ ငါ..
ချီးကျရာ ပျော်နေတဲ့
မင်းကို
လသာနေတဲ့
ချီးတောထဲ
ဖယောင်းတိုင်ထွန်းပြီး
လာရှာပါ့မယ်......
:P

ကောင်းကင်ပြာ said...

ok.Dont care.carry on bro

တောင်ပေါ်သား said...

တခါတလေ ဒီလိုနေတာက ပိုကောင်းပါတယ် ဖိုးဂျယ်ရေ.. အရာအားလုံးကို လိုက်ဂရုစိုက်နေရင် နေစရာတောင် ရှိမှာ မဟုတ်ဘူး ဆက်လျှောက်ဗျာ........လိုက်ခဲ့မယ်


လေးစားလျက်
တောင်ပေါ်သား

flowerworld said...

အဲ့လောက်တောင်ပဲပိန်းသလားတူလေးရယ်
ဟိုတစ်ယောက်ကလဲ ဖယောင်းတိုင်မီးနဲ့ လာရှာမယ်တဲ့ ဖယောင်းတိုင်တွေပျောက်သွားတာ ခုမှပဲလက်သယ်ပေါ်တော့တယ်

Anonymous said...

သြော်
ငါ့သားတော်မှာလဲမာနနဲ့ ပါလား။
ချကွာ ဒါမှမအေတူသား
း)

မေ့သမီး said...

အမှတ်မရှိတတ်တာ ကိုယ်တစ်ယောက်တည်းလို့ ထင်နေတာ။ ကိုယ့်မှာလည်း ခပ်နဲ့နဲ့မာနတစ်စုံရှိတယ်။ (တစ်ခုတောင်မကဘူး တစ်စုံ) :P ဒါပေမယ့် အားနာတတ်မှုက တခါတလေမာနကို အရောင်ကျစေတယ်။

tg.nwai said...

ဟေးးးဖိုးဂျယ်လေး..ဘာတွေဖြစ်နေ...။
မှန်၏....မာနဆိုတာ..ရှိသင့်တာပေါ့။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အဆင်ပြေနေရင် ပြီးတာပဲ..။ ဂရုမစိုက်ဘူး..အဲ.. ဂရုမစိုက်နဲ့..:)

Anonymous said...

အေဘီသွေးဆိုတာ ယုံပါတယ်ဆို ခဏခဏ သက်သေပြနေတော့တာပဲ..... :P

Welcome said...

Rap စာသားလေးယူသွားတယ်
ညကျရင် သံစဉ်ထည့်ပြီး
မနက်ကျရင် ဇီးယီး ထုတ်မလို့ ....

(ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်နော်)

Dolphin said...

Thanks ur help for my birthday.
Sein Sein Than