Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Tuesday, March 3, 2009

သည်းခံစိတ်

လူတစ်ယောက်မှာ သည်းခံစိတ်ဆိုတာ အတိုင်းတာတခုထိပဲရှိတယ်။ အရမ်းသည်းခံနိုင်တဲ့ သူကို ကြိုက်သလောက် စိတ်ဆိုးအောင်လုပ် ပြီးရင် ပြန်ချော့ရတယ်။ ဒါပေမဲ့ သူသည်းခံနိုင်တဲ့ အတိုင်းတာကျော်သွားရင် ပုံမှန်လူထက် ဒေါသထွက်တာ၊ စိတ်နာတာ ပိုကြီးတယ်။ (စိတ်ဆိုးတာမဟုတ်ဘူးနော်၊ စိတ်နာတာနဲ့ စိတ်ဆိုးတာ မတူဘူး။ စိတ်ဆိုးတာ ချော့လို့ရတယ်။ စိတ်နာရင် တသက်လုံး အမာရွတ်ကျန်နေရော သတိရတိုင်း ပြန်ပြန် သတိရနေတတ်တယ်။) အမှတ်ကြီးတဲ့သူ၊ ကလဲ့စားပြန်ချေတတ်တဲ့သူဆို ပိုဆိုးတယ်။ ဒါမှ မဟုတ် ခဏခဏ မာန၊သိက္ခာကို ထိလာတာ ဆိုရင်တော့ ပြောဖွယ်ရာမရှိပေါ့။ စဉ်းစားကြည့်လေ ဘယ်သူပဲ ဖြစ်ဖြစ် သူတောင်းစားဖြစ်ဖြစ်၊ သူဌေးသားဖြစ်ဖြစ်၊ ပညာရှိဖြစ်ဖြစ်၊ ပညာ မတတ်တဲ့သူ ဖြစ်ဖြစ် မာနနဲ့ သိက္ခာကတော့ သူဟာနဲ့သူ ရှိတာပဲ ဘာမှ မတတ်တဲ့၊ ဘာမှ မရှိတဲ့ သူဆို ပိုပြီး မာနကြီးတတ်တယ်။ သူမှာ ဘာမှ မရှိတော့ အားငယ်စိတ်နဲ့ ကျားကန်ထားရတော့ ပို မာနကြီးတယ်။ သိက္ခာကို ပိုတန်းဖိုးထားတယ်။ ကျွန်တော့်လို ခပ်ပိန်းပိန်းကောင်လေးမှာလဲ ခပ်ရဲ့ရဲ့ မာနရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘာရယ်မဟုတ်ပဲ ပြောလိုက်တာဆိုပေမဲ့ သူများရဲ့ မာန၊သိက္ခာကို ထိပါးသလို ဖြစ်သွားရင် ပြောတဲ့ သူက ဘာမှ မဟုတ်ပေမဲ့ ခံရတဲ့ သူက နင့်နေအောင် ခံရတတ်တယ်။ ကျွန်တော်ကိုယ်တိုင် သူများကို ပြောခဲ့ဖူးသလို အပြောလဲ ခံခဲ့ရဖူးပါတယ်။ အခုလဲ လူပုံလည်မှာ မျက်နှာကို စီးထားတဲ့ ဖိနပ်နဲ့ ချွတ်ပြီး ဖြတ်ရိုက်သလိုကို ရှက်သွားတယ်။ ဘယ်သူမှ မရှိပေမဲ့ ကိုယ်လိပ်ပြာ ကိုယ်ရှက်တယ်။ ဘယ်သူမှ မသိပေမဲ့ ကိုယ်ကိုတိုင်သိတယ်။ ကိုယ့်ကိုကိုယ် အဲ့လောက် ရှက်စရာကောင်းလောက်အောင် လုပ်နေမိတယ်လို့ မသိဘူး။


20 comments:

ကောင်းကင်ပြာ said...

ဘာတွေများ လုပ်မိ ပြန်တုံး ဖိုးဂျယ်လေးရေ၊

molay88 said...

ကိုကိုဖိုးဂျယ်ကလည်း ကောင်လေးဆိုရင် ရှက်ကြောနဲ့ ချက်ကြော မွေးကတည်းက မှားဖြတ်မိလို့ ရှက်ကြောက ပြတ်နေတယ်..။ :-)
ဘာတွေဖြစ်နေတာတုန်...။

Anonymous said...

same to you brother....

Sein Lyan Tun said...

ဘာတြွေဖစ်..
ငါ့ညီက ဘယ်သူက စော်ကားလဲ..
သည်းခံတတ်တဲ့သူ က ပေါက်ကွဲလာရင်
သာမန်ပေါက်ကွဲတတ်သူထက်ဆိုတယ်ဆိုတာတော့ယုံတယ်..
ကဲခပ်ရဲ့ ရဲ့ မာန ကိုတော့မယိုင်စေနဲ့ ..
တင်းထားကွ

Anonymous said...

ဟဲ့ဟဲ့ သားတော်မောင်

မထိတ်သာ မလန့် သာနဲ့  ဘာတွေဖြစ်ကုန်တာတုန်း
တော်တော်ကွဲသွားပုံရတယ်
မာန
း)

ဘာဘဲပြောပြော မေမီးက ငားတော်မောင်ဘက်မှာ
တင်းထား

Anonymous said...

အသက်ကိုမှန်မှန် ရှူပေါ့ ညီလေးရေ့ ဖြစ်ခြင်း ပျက်ခြင်းဆိုတာ လောကဓမ္မတာ တွေပဲလေး)

စိတ်ဆိုးနေပါတယ်ဆိုမှ စမိပြန်ပြီး စိတ်တော့မနာပါနဲ့နော် သားကြောက်တယ် အဟင့် (ဟီးးး)

ကိုရင်နော်ခင်လေးငယ် said...

ဂျဲဂျယ်လေး...
ဘာတွေဖြစ်..!

Welcome said...

ရှင်းအောင်လည်း မပြောဘူး
စိတ်မကောင်းအောင်ပဲ လုပ်လုပ်နေတယ်
လူဆိုးလေး ....

tg.nwai said...

သား မဟုတ်တာမလုပ်ခဲ့ဘူးဆိုရင် ဘာရှက်စရာ လိုသလဲကွယ်..။ တခါတလေကျတော့လဲ သည်းခံလွန်းအားကြီးတော့ စိတ်မဆိုးတတ်တော့ဘူးလို့ လူတွေက မြင်သွားတတ်သေးတာကိုး။ သူက ကိုယ့်ကို နာစေချင်တဲ့ စေတနာနဲ့ လုပ်တာ စော်ကားတာဆိုရင်တော့...။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ..သားစိတ်ကို မပင်ပန်းစေချင်ဘူး။
အဆင်ပြေပါစေ...။

WWKM said...

ဂျဲဂျယ်လေး ဘာတွေဖြစ်..
သည်းခံ ကလေး..သည်းခံ...
ဘေးမှာ တူမတစ်ယောက်လုံးရှိနေတာပဲ ဦးဂျယ်ကလဲ။း)

Anonymous said...

သားသားနဲ့ ဆိုင်လောက်ပါဘူးနော်.. ဘာတွေအဖစ်လဲ အယ်ဂျူးရယ်..

Dr Phyo Wai Kyaw said...

သည်းခံပါဗျား

မသက်ဇင် said...

သဘောကောင်းတဲ့ ဖိုးဂျယ်လေး--
ဘာတွေများစိတ်ထိခိုက်နေသလဲကွယ်--
စိတ်ချမ်းသာပါစေ--

Anonymous said...

အယ်အယ်ဂျူးရေ... ဘာတွေဖစ်နေတာရဲဟင်.... တူမရေးတောင် ချိတ်ညစ်ရာပြီ....
စိတ်ညစ်စရာလူ၊ စိတ်တိုစရာလူရှိရင် တတ်နိုင်သလောက် လျစ်လျူရှုလိုက်တာ ကောင်းဘူးလား....
ဦးဦးဂျယ် ပင်ပန်းမှာစိုးလို့ပါ

flowerworld said...

တူလေးဂျယ်ရေဘာတွေဖစ်
ဘာမှမညစ်နဲ့ တူလေးဘက်မှာတီတီတစ်ယောက်လုံးရှိသေးတယ်
တူလေးကိုအဒူ ဘာလုပ်လဲ ပြောပြော တီတီရှင်းပေးမယ်း)

မသက်ဇင် said...

ဖိုးဂျယ်လေး
စိတ်ပြေပြီး အသစ်တင်ပြီထင်လို့ လာကြည့်တာ--
အဟောင်းပဲ ပြန်ဖတ်သွားတယ်-
ခလေး -လေး အမြန်စိတ်ပြေပါစေ--

Anonymous said...

အင်းမောင်မျိုးပြောသလိုပဲ
အသက်ကိုမှန်မှန်ရှု
နောက် ၂ ခု ထပ်လုပ်
၁၂၃၄ ကိုပြောင်းပြန်ရေ
ပြီးတော့ ကမ္ဘာကြီးက သိပ်လှတာပဲလို့စိတ်ထဲကနေပြော
ဒါဆိုရပြီ

ခေါင်ခေါင် said...

ကိုဂျဲ..လေး.ဘာဖြစ်ပြန်ပြီ လဲ....
ငါ့အစ်ကိုကတော့လေ....

Ðaywalker[Soul] said...

ကိုဂျဲရေ...ဘာတွေ ဒေါဖောင်းနေတာလဲဗျ၊ စိတ်တိုနေရင် ပုရွက်ဆိတ်ကလေးများ ရဲ့ မစဉ်းစားခြင်းသီချင်းများကို နားထောင်လိုက်... နည်းနည်း စိတ်သက်သာတယ်။

ကျွန်တော်ကတော့ စိတ်တို၊ စိတ်ညစ်တိုင်း အဲလိုလုပ်တာပဲ။ ကဗျာတစ်ပုဒ်လောက်ရင်လဲ ချရေးလိုက်ဗျာ...အဲဒါလည်း ဖောက်ထုတ်လိုက်တဲ့ နည်းတစ်ခုပဲ

NangNyi said...

ဘာတွေလဲဟင်