Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Monday, October 6, 2008

အရူးရေးသော အရူးစာ

ကိုယ်စိတ်ထဲရှိသော စာများရေးနေသူကို အရူးဟုခေါ်လျှင် ကျတော်သည်အရူးဖြစ်သည်။ ကျတော်ရူးနေကြောင်းကို ထွေထွေထူးထူးပြော နေစရာမလိုပေ။ မင်းဘာမေဂျာနဲ့ကျောင်းပြီးတာလဲ မေးယုံနဲ့တင် လုံလောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် Psychology Major ကို တာဝတွင် (၄)နှစ် ကျော် လေ့လာစည်းပူး၍ ဘွဲ့ရခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ကျတော်ရှုးနေကြောင်း ထောက်ခံစာမလိုပေ။ မည်သူ့ကိုမှ ကျတော်ရူးနေကြောင်း အကျယ်တ၀င့်ရှင်းပြနေစရာမလိုပေ။ ထိုကြောင့်ကျတော်ရူးနေသည်။ ကိုယ်ရူးနေသည်ကို ရူးနေမှန်းသိသော ရူးတစ်ယောက်ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားခဲ့သော အဆိုအမိန့်များနဲ့တော့ ကိုင်မပေါက်ချင်ပါ။ ထို့ကြောင့် ကျတော်သည် Psychology Major ကျောင်းသားလို့ ပြောတိုင်း မင်းအရူးပါကွာ ဆိုသော အကြည့်နဲ့ကြည့်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ကျတော်ရူးနေကြောင်း အထက်တွင် အထောက်အထားခိုင်လုံစွာ တင်ပြထားသောကြောင့်ဖြစ်သည်။ ကျန်သူများကိုတော့ မသိပေ။ သေချာတာကတော့ ကျတော်သည် Psychology Major နဲ့ ဘွဲ့ရခဲ့သော အရူးတစ်ယောက်ဖြစ်သည်။ Psychology Major ၀င်ခွင့်ရသည့်နေ့မှ စ၍ ယခုတိုင်ရူးနေသော အရူးတစ်ယောက်ဖြစ်ပြီး တစ်သက်လုံး အရူးစာရင်းဝင်နေသော အရူးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် Psychology Major နှင့် ဘွဲ့ရထားသော၊ Psychology Major တွင် ပညာလေ့လာစည်းပူးနေသော ကျောင်းသား/သူများသည် အရူးစာရင်းတွင် စာရင်းပေးစရာမလိုပဲ စာရင်းဝင်ပြီးသား အရူးများဖြစ်ကြသည်။

ပုံ/ ထာဝရ အရူး ဖိုးဂျယ်

4 comments:

Anonymous said...

Don't worry all people အရူး. :D :D :D

Anonymous said...

ဟာဟ... ပျော်စရာကြီး...။ အရူး အဖွဲ့ဝင်တွေ တိုးလာပြီ....။ အရူးနုနုအား အရူးရင့်ရင့်ကြီးမှ ကြိုဆိုပါကြောင်း...။ :)

Anonymous said...

အဲလိုမျိုးစာစောင် ဒီတခါ မြင်ဖူးတာ ပထမဆုံးပဲ.. ဟီးးး Psychology ကစိတ်ဝင်စားဖို့ကောင်းပါတယ် မအားတာနဲ့ ခုမှပဲလာဖြစ်တယ်အကိုရေ.. ပို့စ်ကောင်းကောင်းလေးတွေ တင်နိုင်ပါစေဗျာ

Anonymous said...

မြတ်စွာဘုရား ဟောကြားခဲ့သော အဆိုအမိန့်များနဲ့တော့ ကိုင်မပေါက်ချင်ပါဘူး ကိုဗီလိန်ရေ။ အားလုံးလို.မဆိုလိုပါဘူး။ :P ကိုဗီလိန်ရဲ တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္ထိလိုမျိုးခပ်ဆင်ဆင်ကိုတော့ ကျတော့်ရဲ. ဗုဒ္ဓဟူးသား၊မိဘနဲ.ကျေးဇူးတင်ပါသည် ဆိုတဲ့ ကဗျာတွေဖတ်ကြည့်ရင်သိနိုင်ပါတယ်။ အကိုcommentမှာ မရေးခဲ့တာ ကျတော့် ကဗျာတွေကို အတင်းကြော်ငြာနေသလိုဖြစ်မှာ စိုးလို.ပါ။
ကျေးဇူးပါ အကိုရူးရင့်ရင့်ကြီး ကိုမဲကြီးရေ။ အကိုစာတွေကို ဖတ်ရတာ ကျတော်ဖတ်ချင်နေတဲ့ ပုံစံနဲ.တစ်ထပ်ထဲပဲ။ အကို.အတွေးတွေကို အရမ်းကြိုက်တယ်။ ကျတော်က အဲ့လို့မတွေးတတ်ဘူး။ ကြိုဆိုတဲ့အတွက် ကျေးဇူးပါပဲ။
connection မကောင်းတဲ့ကြားက တကူးတကလာဖတ်တဲ့ အတွက်ကျေးဇူးပါ မောင်ပိစိ။ ညီလောက့်မကောင်းပါဘူးကွာ။ ပိုစ့်ကောင်းကောင်းတွေဖြစ်ဖို့တော့ ကြိုးစားနေပါတယ်။