Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Friday, October 17, 2008

ပျော်စရာ

အကြံပေးကြတာပေါ့
နင့်ကဗျာက ဖတ်လိုက်ရင် စိတ်ညစ်စရာတွေပဲ
ပျော်စရာလေးတွေရေးပေါ့တဲ့
အော် အင်းပေါ့
ဂျဲဂျယ်ပဲ ဘာရမလဲ
ကဗျာသေးသေးတွေရေးနေတဲ့
ခပ်ပိန်းပိန်းကောင်လေးပဲ
ဒီလောက်တော့ရတာပေါ့လို.
ကဲ . . . . ရေးမယ်လဲဆိုရော
ပျော်စရာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ
စဉ်းစားနေတာ . .. .
အခုမှသတိရတယ် . . . .
ငါ ကြုံတောင်မကြုံဘူးလိုက်ဖူးထင်တယ်။
အင်းပေါ့ . . .. .
ဘာရမလဲ ကဗျာသေးသေးတွေရေးနေတဲ့ကောင်ကွ
ကြံဖန်ရေးမှာပေါ့ကွ
ကဲ ခပ်ပိန်းပိန်းကဗျာတွေ ထွက်စမ်းပေါ့ ဆိုပြီး
ကြိမ်းမောင်းလိုက်တာ
ခေါင်းသာ အချိုးရာထင်သွားတယ် . . . . .
ထွက်မလာဘူး . . . .
ဟူး . . . . .*
*သက်ပြင်းအရှည်ကြီးချသံ

No comments: