Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)
Friday, October 24, 2008
ပထမဆုံး TAG ရေးတာပါခင်ဗျာ
ပထမဆုံး TAG ရေးတာပါခင်ဗျာ
အမှားပါခဲ့ပါက ရုပ်ချောရပါစေလို၏။
အမှားမပါခဲ့ပါက ပိုပြီးချောရပါစေလို၏။
ဤမေးခွန်းများကို ချမ်းရဲ ဘာသာပြန်ထားခြင်းကို မသိမသာလေး ကွက်တိခိုးကူးထားပါကြောင်း
၁။ ဂျဲဂျယ် (တဂ်ခံရတဲ့သူ ) နဲ့ သံလွင်ဟီးရိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်။
ကျွန်တော်တို့ နှစ်ယောက်က blog သူငယ်ချင်းတွေပါပဲ။
၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
၁း လိမ်မာပြီးဇာတိကို ချစ်တဲ့ကောင်လေး
၂း သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်ပုံရတယ်
၃း စာကိုလဲ ကြိုးစားချင်ယောင်ဆောင်ပုံရတယ်။
၎း အရက်တွေ ဘီယာတွေ သိပ်ကြိုက်တဲ့ပုံ မပေါ်ပါဘူး။ (ညာပေးထားတယ်နော်)
၅း ဘ၀ကို အောင်မြင်အောင်ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။
၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ရှိတာပေါ့ အခု ကျတော်ကိုထမဆုံး သူတဂ်တယ်လေ။
၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ကဗျာလေးကထိတယ်ကွာ ဆင့်ကာပူရောက်ဘဝတူအချင်းချင်းမို့ကိုယ်ချင်းစာပါတယ်ဗျ ဘဝတိုက်ပွဲကို နောက်မဆုတ် အရှုံးမပေးပဲဆက်လက် တိုက်ပွဲဆင်နွှဲရမှာ ကျနော်တို့ တာဝန်ပဲလေ ပြောနေတာကြာတယ်ဗျာ အခုပဲခရီးဆုံးထိဆက်လျှောက်ကြမယ်
၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ကျွမ်းထိုးခိုင်းမယ်။
၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ကိုဗီလိန်ပြောသလိုပဲ ယိုးဒယားအရင်သွားခိုင်းရမယ်။
၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
အခါတစ်သိန်းလောက်ကို ထိုးပစ်လိုက်မှာ မျက်စောင်းနဲ
၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
တစ်ဝိုင်းထဲ သောက်နေရင်း ခွက်ကျော်ချလို ဒါမှမဟုတ်ရင် အမြည်းအရမ်းစားလို ပေါ့။ စတာ စိတ်ချိုးရဘူးနော်
၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
အိမ်မှာရှိတဲ့ သတင်းစာတွေ အကုန် ပေးပစ်လိုက်မှာပေါ့ ဂျဲဂျယ်တို.က ရက်ရောရင် အဲ့လို
၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်လို.
၁၁။ ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ကမ္ဘာကျော်ဖို. မပြောနဲ. ဗျာ ကဲပါထားပါတော့ ပတ်ဝန်းကျင် အော် ပတ်ဝန်းကျင်လား မေ့နေတာကြာပြီဗျ။ သူတို.က ဘာလုပ်ပေးနိုင်လို.လဲ ဒါပါပဲဗျာ တော်သင့်ပြီထင်တယ်
၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?
တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေတတ်တယ်။ သီချင်းတွေနားထောင်ပြီး ကဗျာသေးသေးလေးတွေ ရေးနေရရင်ကျေနပ်တယ်။
၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ခံစားချက်လွယ်တယ်။ ဘယ်သူဘာပြောပြော ပြန်မဖြေရှင်းတတ်တာပဲ။
၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တာ။
၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ပိုက်ဆံပဲ အချိန်တိုင်း ရှာမနေကြပါနဲ. တစ်ချိန်မှာ မေတ္တာတွေ လိုအပ်လာတဲ့အခါ အဲ့ ပိုက်ဆံတွေက ဘာလုပ်ပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ပါလို.
၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၅ယောက်ဆီရွေးပြီး ပို့ပေးပါ။
အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။
သားအလှည့်တုန်းက ကောင်းကောင်းလေးတွေရေးတယ်နော်
၁း ကိုမောင်မျိုး
၃း ကိုဗီလိန်
၎း ကိုရွာသားလေးဝိုင်တီယူ
၅း မသက်ဇင်
မေး။ ။ ၃ယောက်မြောက်လူက အကိုနဲ့ ဘယ်လိုပတ်သက်လဲ ?? ( ကိုဗီလိန် )
ဖြေ။ ။ အောင်မလေးဗျာ ယောင်္ကျား အချင်းချင်းမှတော့ သူငယ်ချင်းပေါ့ဗျ ။
၁၈။ မေး။ ။ ၂ယောက်မြောက်က ယောက်ျားလား မိန်းမလား ?? (ပိကျိ )
ဖြေ။ ။ ယောင်္ကျားလို.တော့ပြောတာပဲ။ ဟုတ်မဟုတ်တော့ သူကိုယ်တိုင်ပဲသိမယ်။ :P
၁၉။ မေး။ ။ နံပါတ် ၂ ယောက်မြောက် လူနှစ်ယောက်က အတူတကွရှိနေမယ်ဆိုရင် ကောင်းပါသလား ? (ကိုဗီလိန် နဲ့ မသက်ဇင်)
ဖြေ။ ။ ခင်ဗျာ အဲ့တာတော့ သားလဲသိဖူး။
၂၀။ မေး။ ။ ၄ ယောက်မြောက်လူက ဘာတွေသင်ကြားနေပါသလဲ ? (ကိုရွာသားလေးဝိုင်တီယူ)
ဖြေ။ ။ ဟဲဟဲ ဘ၀ကြောင်းတွေ သင်ကြားနေမှာပေါ့ လောကကြီးဆီကနေလေ။
၂၁။ မေး။ ။ ၂ နဲ့ နောက်ဆုံးစကားစမြည်ပြောခဲ့တဲ့ အချိန်လေးပြောပြပါလား ? ( ပိကျိ )
ဖြေ။ ။ မနေ.ညက
၂၂။ မေး။ ။ နံပါတ် ကြိုက်တဲ့ အဆိုတော် နာမည် .....? ( မသက်ဇင် )
ဖြေ။ ။ ပိုးအိစံနေမှာပေါ့။ ဟုတ်တယ်ဟုတ် :D
၂၃။ မေး။ ။ နံပါတ် ၁ မှာ ညီအကိုမောင်နှမတွေရှိလာ ? ( ကိုမောင်မျိုး )
ဖြေ။ ။ ဟီးဟီး အဲ့တာလဲ သိဖူးဂျ မျက်နှာချိုသွေးရတာများနေပြီ
၂၄။ မေး။ ။ နံပါတ် ၁ ရဲ့ အချစ်ကိုရယူကြိုးစားဖို့ အစီအစဉ်ရှိပါသလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ အင်း အဲ . . . ဟို . . .ဟိုလေ . . .ဟိုဟာ . . .အင်း
၂၅။ မေး။ ။ ၄ ယောက်မြောက်ကိုရော...? (ကိုရွာသားလေး ၀ိုင်တီယူ )
ဖြေ။ ။ အီး . . . အဲ . . . ကြိုးစားကြည့်ရမှာပေါ့။ :P
၂၆။ မေး။ ။ ၂ ယောက်မြောက်ကရော လူလွတ်ပဲလား ? ( ပိကျိ )
ဖြေ။ ။ ပြောတာတော့ နေ.လေးဆိုလား၊ ညလေးဆိုလား မသိပါဘူး။ လူလွတ်လို. ထင်တာပဲ။
၂၇။ မေး။ ။ ၁ နံပါတ် ရဲ့ နာမည်အရင်းကိုသိပါသလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ဟိဟိ ဒါလဲ သိပြန်ဘူး။
၂၈။ မေး။ ။ ၄ ယောက်မြောက်ရဲ့ ၀ါသနာကဘာပါလဲ ? ( ကိုရွာသားလေးဝိုင်တီယူ)
ဖြေ။ ။ စာဖတ်ခြင်း၊ စာရေးခြင်း ( blog ရေးခြင်း ) ၊ ရုပ်ရှင်ကြည့်ခြင်း။
၂၉။ မေး။ ။ ၁ နဲ့ ၂ ယောက်မြောက် နှစ်ယောက်ကြားအခြေအနေ ? (ကိုမောင်မျိုးနဲ.ပိကျိ )
ဖြေ။ ။ gtalk မှာ ပြောမနာဆိုမနာတွေပေါ့ ။
၃၀။ မေး။ ။ ၁ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာစာသင်ကြားနေပါလဲ ? ( ကိုမောင်မျိုး )
ဖြေ။ ။ ထိုင်းမှာ ထိုင်းစကားတွေ သင်နေတယ်။ သိဘူးရမ်းပြောတာ။ မှန်လိုမှန်ညားပေါ့။
၃၁။ မေး။ ။ ၄ ယောက်မြောက်သူငယ်ချင်းအကြောင်းလေး တောက်တိုမယ်ရပြောပြပါလား ? ( ကိုရွာသားလေး ၀ိုင်တီယူ )
ဖြေ။ ။ အော် ကျွန်တော်ကို blog လုပ်နီး လမ်းညွှန်ပေးပြီး လက်ဖက်သုတ်လဲသုတ်ကျွေးတယ်ဗျ။
၃၂။ မေး။ ။ ၁ နံပါတ် အပေါ်ခံစားချက် များများထားဖို့ ကြိုးစားခဲ့ဖူးလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ မောင်မျိုးရေ သတိသာထားတော့၊ ဓာတ်ပုံကိုလဲ မြင်ဖူးပြီးသွားပြီနော်။
၃၃။ မေး။ ။ ၂ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာနေတာတုန်း ? ( ပိကျိ)
ဖြေ။ ။ internet ဆိုင်ထဲမှာ ပြီးတော့ online ပေါ်မှာ အော်မေ့လို. အိန္ဒယမှာဆိုလားပဲ ကောလဟာလလားတော့ မသိဘူး။ :)
၎။ မေး။ ။ ၃ ယောက်မြောက်သူငယ်ချင်းက ဘာအရောင်ကြိုက်သလဲ ? ( ကိုဗီလိန် )
ဖြေ။ ။ သိဘူး။ သေချာတာကတော့ အရောင်တစ်မျိုးကနေ အများကြီးဖြစ်နိုင်တယ်။
၃၅။ မေး။ ။ ၅ နဲ့ ၂ နဲ့ က သူငယ်ချင်းကောင်းတွေပဲလား ? ( မသက်ဇင် နဲ့ ပိကျိ )
ဖြေ။ ။ ဟုတ်ရင် ဟုတ်တယ်လို.မှတ် မဟုတ်ရင် မဟုတ်ဘူးလို.မှတ်။
၃၆။ မေး။ ။ ၁ မှာ အိမ်မွေးတိရိစ္ဆာန်ရှိလား။ ( ကိုမောင်မျိုး )
ဖြေ။ ။ ကြောင်တစ်ကောင်ကတော့ ရှိမှာသေချာတယ်။ စိတ်ချိုးတဲ့နှော်
၃၇။ မေး။ ။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား ? (ပိကျိ )
ဖြေ။ ။ ဟုတ်တယ် ဟုတ်တယ်။ လုံးဝဟုတ်တယ်။ ၀ ၀ ကစ်ကစ်လေး ပြောရင်းနဲ.တောင် ဟင်းဟင်း :)
၃၈။ မေး။ ။ ၄ က ဘာတွေလုပ်နေတုန်း။ ( ကိုရွာသားလေးဝိုင်တီယူ )
ဖြေ။ ။ အခုတော့ နေကောင်းအောင်လုပ်နေတယ်။
အလုပ်အားကြပါက ရေးပေးကြပါကုန်။ ကိုကို၊မမ၊ညီညီများဗျာ ကျေးဇူးအထူးတင်ရှိပါသည်။
ပုံ/ ကဗျာခပ်သေးသေးလေးတွေရေးသော ဂျဲဂျယ်
3 comments:
Anonymous said...
ဗျိုးကိုဂျဲ...အခုလိုရေးပေးတဲ့အတွက်စပါယ်ရှယ်ကျေးဇူးပဲ့ဗျာ...
ကျောင်းကပြန်လာအိပ်တောင်မအိပ်နိုင်ပဲစီဗုံးမှာတွေ.လို့
အမြန်ပြေးလာကြောင်းပါ...ဟားဟား
ထင်မြင်ချက်၅ချက်ထဲကနံပါတ်လေးတစ်ခုပဲနည်းနည်း
လွဲသွားတယ်ဗျာ...တားတားကြိုက်ကြိုက်လေ... :D
အိုကေဗျာ.နောင်တော်ကြီးအစစ အရာရာအဆင်ပြေ
ချောမွေ.ပါစေဗျား...
Anonymous said...
ကြည့်.. ကျနော့ စာတွေ မှန်မှန်မဖတ်တာပေါ်ပြီ။ ကျုပ်က အနက်ပဲကြိုက်တာလေ။ :(
Anonymous said...
ညီ ပေးတဲ့ဆုနဲ. ပြည့်ဝရပါစေဗျာ။
အမှားပါတယ်ဟေ့ ငါရုပ်ချောပြီကွဟဟဟ :)
ဒါတောင် ရေးတာ မနက်၎နာရီမှ ပြီးတယ်။ နေ.တိုင်း မနက်လင်းခါနီးမှ အိပ်ဖြစ်တော့ လူက ကြပ်မပြည့်တော့လို.ပါဗျာ။ :P