Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Sunday, November 23, 2008

ကာတွန်းကားလေး

ကျတော်က ညနေကျောင်းကပြန်လာတော့ ဗီဗီက အင်အားအသင့်အတင်ရှိသော Tagတခု ၆ နာရီအတွင်းလာဖွယ်ရှိတဲ့ မတူးတူးသာကို လှမ်းပြောတော့ သူကိုလဲ နန်းညီရော ဗီဗီရော အဲ့လိုပြောတယ်တဲ့ ဘာတွေကျိတ်ကြံနေကျလဲ မသိဘူးတဲ့ ကြံချင်ရာကြံပေါ့ တားကတော့ ပျော်တယ်ပေါ့။ ဟုတ်တယ်လေ လူက စိတ်ညစ်စရာတွေ များနေတော့ ခေါင်းသာပူလာတယ်။ ဘာမှထွက်မလာဘူးလေ။ Tag ဂိမ်းက ပျော်စရာကောင်းတယ်လေ။ တကယ်တကယ်ကျတော့ စိတ်ကို ရှုပ်ရော ကိုယ်မသိတဲ့ အကြောင်းလာမေးတယ်။ ဗီဗီကမနေနိုင်တော့ တင်လိုက်ရော တင်လိုက်တော့ မTag တော့ဘူးလဲဆိုရော ဟူး တော်သေးတာပေါ့။ ပြီးတော့မှ ညီရယ် ဗီဗီရယ်က Tagတယ်တဲ့ C boxမှာ လာအော်တယ်။ ဒါနဲ့ မနေ့ နေ့လည် အိပ်ယာက နိုးတော့ ရှိသမျှအစားစားတွေ ဘေးချပြီး youtubeကနေ Kung Fu Panda ကြည့်မလို့လုပ်တုန်း ညီမတော်နန်းညီက Onlineရောက်လာတယ်။ ဒါနဲ့ youtube က အတိုလေးတွေပဲရှိ အကိုတော် ခေါင်းစားနေပြီလဲဆိုရော ပျော်လိုက်တာတဲ့ ထတောင် ကချင်တယ်ဆိုပဲ မရရအောင်ရေးရမယ်တဲ့ အဲ့လိုချစ်ဖို့ကောင်းတဲ့ ညီမတော်လေ။
ဒါကြောင့် *ကျတော်ရေးတာ မဟုတ်ပါက ညီမတော်နန်းညီကိုသာ ပြစ်ပြစ်နှစ်နှစ် ထောပနာပြုကြပါကုန်။*


အဟမ်းဟမ်း ဟိုးရှေးရှေးတုန်းက တရုပ်ပြည်မှာ Kung Fu အရမ်းတတ်ချင်တဲ့ Pandaလေး ရှိသတဲ့ကွယ်။ သူ ပညာအရမ်းသင်ချင်လွန်းလို့ မြို့တွေ၊ ရွာတွေကို သွားပြီး လိုက်ရှာ ဒီလိုနဲ့ တစ်နေ့ကျတော့ သူကို ပညာသင်ပေးမဲ့ ဆရာရှဥ့်ဖြူနဲ့ တွေ့ပါရောလား။ အဲ့တော့ Pandaလေး အကြိုက်ပေါ့။ Pandaလေးက အစားသောင်းကျန်းတော့ သူ့ဆရာက အစားသောက်လုယူ စားသောက်နည်းတွေနဲ့ သင်ကြားပေးတာပေါ့။ Pandaလေးက သူ့ဆရာရဲ့ သင်ကြားမှုတွေကို ကြိုးစားသင်ယူပါတယ်။ ပင်ပန်း ဆင်းရဲမှုတွေ အမြောက်အမြားကို ကျော်ဖြတ်ရတာပေါ့။ Pandaလေး နဲ့အတူတူ ပညာသင်ကြားသူတွေကတော့ Monkey/ Tiger/ Viper/ Crane/ Mantis တို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ သူတို.ဆရာကြွက်ဖြူက မြင့်မားတဲ့ တောင်ထိပ်တစ်ခုမှာ သိုင်းပြိုင်ပွဲတစ်ခုကျင်းပပါရောလား။ Pandaလေးနဲ့ ပညာအတူတူသင်တဲ့ Monkey/ Tiger/ Viper/ Crane/ Mantiတို့က သူတို့ကျွမ်းကျင်ရာကို အသီးသီးပြသဖို့ လေ့ကျင်နေတဲ့အချိန်မှာ Pandaလေးက အစားသောင်းကြမ်းနေပါရောလား။
ဟော့လိုလေးပေါ့

တကယ်တကယ် လေ့ကျင်ပြန်တော့ ကမောက်ကမဖြစ်ပုံလေးက ချစ်စရာတမျိုးကောင်းနေပြန်ပါတယ်။ ဒါနဲ့ ပြိုင်ပွဲ ကျင်းပတဲ့နေ့ရောက်တော့ Pandaလေးဟာ တောင်ပေါ်ကို ရောက်ခဲ့ပေမဲ့ ရောက်နောက်ကျခဲ့တဲ့အတွက် တံခါးပိတ်သွားခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံး ဘယ်လိုလုပ်မှန်းမသိပဲ အထဲရောက်သွားခဲ့ပါတယ်။အဲ့လောက်ထိ မြန်ဆန်တဲ့အတွက် ဘယ်သူမှ မမြင်လိုက်ပါဘူး။ ပညာတွေက အရမ်းတော်လွန်းကျတော့ ဘယ်သူနိုင်သွားလဲဆိုတာ ကြည်ဖူးတဲ့သူတွေသိမှာပါ။ နောက်ပြီး ရန်သူလူဆိုးကြီးကို ဘယ်လိုအနိုင်ယူတိုက်ခိုက်ခဲ့တယ်ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါကုန်။
ညီရေ ကျေနပ်လောက်ပါပြီ။ မကျေနပ်လဲ ကျွမ်းသာထိုးနေတော့ ဆက်လက်ပြီး ကိုယ်ကြိုက်တဲ့ ကာတွန်းကားလေးတွေ ပြောပြစေချင်တာကတော့
ပျဉ်းမနားသား
ညလေးရဲ့ပိကျိ
အမောင်ချမ်းရဲ (ရေးပြီး)
အမြဲကြိုဆိုတဲ့ အကို
ရေအမြဲလောင်းတဲ့ အကို (ရေးပြီး)
တီတီမက် (ရေးပြီး)
အိမ်ရှင်မကောင်းတစ်ယောက်
ငှက်ငယ်လေး (ရေးပြီး)
ခပ်ညံ့ညံ့ကောင်(ရေးပြီး)
ပဲတင်သံတစ်ခုရဲ့ ရောင်ပြန်(ရေးပြီး)
နွေသူရ
သီဟငြိမ်း
အလှတရား
ကေလာ(ရေးပြီး)
ကိုဇင်ယော် ၊(ထပ်ဖြည့်)

ဗီဗီနဲ့ ညီ tag ထားတဲ့ သူတွေကိုတော့ မtagတော့ပါဘူး။ Blog မောင်နှမတွေ အားပါက ကိုယ့်အမြင်လေးတွေ ရေးပေးကြပါလို. တိုက်တွန်းလိုက်ပါတယ်။

7 comments:

Anonymous said...

ခက်တာပါဘဲနော်. .။ :P

Anonymous said...

အဟ ... ဒါ ပထမဦးဆုံး TAG ခြင်းခံရတာပါပဲ ညီ။

Anonymous said...

ဟိုက်ချားဘား
တက်ခေတ်ကိုတော့
ရောက်ရမည်မလွဲပါလားနော်
လာမည်ကြာမည် မျှော်...။

Anonymous said...

ပညာလာယူသွားပါတယ် မောင်လေးရေ..
အမ ကိုလည်း မောင်ဗီ က ဒွတ်ခ လှလှပေးထားတယ်လေ။

Anonymous said...

အော် အခုတော့ ကျနော်သိပြီဗျ။ အမောင်ဂျဲဂျယ်တစ်ယောက် တက်ဂိမ်းကို အကြောင်းပြုလို့  ကာတွန်းကားတွေ အားရပါးရ ထိုင်ကြည့်နေပါတကား။ အဆင်ပြေရင် ကွန်ဖူးဂျဲဂျယ် တစ်ကားလောက် ရိုက်ပါရစေလေ။ ဟေဟေ.။

Anonymous said...

ဖိုးဂျယ်လေး ကြိုးစားပမ်းစားလုပ်ထားပါလားဟ .. တယ်တော်တဲ့ ငါ့မောင်လေးပဲ ...

Anonymous said...

အော်.... စူလဲ အတက်ခံထိထားရသကိုးဗျ