Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Saturday, November 29, 2008

နောက်ဆုံးအကြိမ် အိမ်ပေါ်မှဆင်းခြင်း

ဒီအကြောင်းလေးကို ရေးချင်တာကြာနေပါပြီ ဘယ်လို စရေးရမလဲမသိလို့ ပါ။
အဖေနဲ့ အမေက အိမ်မှာ အထည်ဆိုင် ဖွင့်ထားပါတယ်။ မြေညီထပ်မှာ အိမ်ခန်းတွေ ဖျက်ပြီးတော့ စတိုးဆိုင်သဘောပေါ့။ တိုက်ခန်းရဲ့ ၃ပုံ ပုံ ၁ပုံက ဆိုင်၊ ၁ပုံက မီးဖိုချောင်၊ ၁ပုံက အိပ်ခန်းပေါ့ အကြမ်းဖျင်းပြောပြတာပါ။ အဲ့မှာပဲ အိပ်၊ အဲ့မှာပဲ စားပေါ့၊ အိမ်မှာက အဖေ၊အမေနဲ့ ကျတော်ပဲရှိတယ်လေ၊ အစ်ကိုနှစ်ယောက်က စလုံးမှာဆိုတော့ နေရတာ အေးဆေးပေါ့၊ ကျတော်လဲ ကျောင်းက ညနေမှ ပြန်လာတာဆိုတော့ သိပ်ပြဿနာမရှိဘူးလေ။ နောက်တိုက်ခန်း တစ်ခန်းက ၃လမ်းလောက်တော့ခြားတယ်။ ဒါပေမဲ့ ကျတော်တစ်ယောက်တည်းကျတော့ စိတ်မချဘူးလေ။ ကဲပါ လေကြော နည်းနည်းရှည်သွားပြီ။ ဇာတ်လမ်းက ဆိုင်ကစတာဖြစ်လို့ ရှင်းပြနေရတာပါ။
ဆိုင်က ညနေ ၇နာရီလောက်ဆို သိမ်းပါတယ်။ ၂၃.၀၄.၀၆ မှာ ကျတော် ဆိုင်သိမ်းရင်းနဲ့ ကုလားထိုင်ကို တိုက်မိပြီး ကုလားထိုင် လဲသွားပါရော အဲ့တာကို ဘာမဆိုင် ညာမဆိုင် အမေ လာပြီး ဆူတယ်ဗျာ။ ကျတော်က အမြဲနမော်နမဲ့နိုင်လို့ ဆူတာရပါတယ်။ ဘာမှမဆိုင်တဲ့ ပိုက်ဆံ ဘယ်နှပြားရှာနိုင်လို့လဲ ဘာလဲဆိုတဲ့ ကျတော် မာနလာထိတယ်လေ။ ပြီးတော့ ဘာမှမဆိုင်တဲ့ ဟိုးအရင်က လုပ်ခဲ့တာတွေရော စုံနေတာပဲ။ ကျတော်က အငယ်ဆုံးဆိုတော့ ပိုက်ဆံကို အစ်ကိုတွေလို ရော ၃သိန်း၊ ၄သိန်းဆိုပြီး မရှာနိုင်သေးဘူးလေ။ အလုပ်လုပ်မယ်ဆိုတော့လဲ လက်မခံကျဘူးလေ။ ဒါပေမဲ့ ကျတော်လုပ်နိုင်သလောက် ကူညီခဲ့တယ်။ ကျတော် ဒေါသဖြစ်တာက ပိုက်ဆံမရှာနိုင်ဘူးဆိုတဲ့ စကားပါ အမှန်တော့ ကျတော်မရှာနိုင်ပါဘူး။ ဒါပေမဲ့ ထားပါလိုရင်းမရောက်တော့ဘူး။ ကျတော်က ဗုဒ္ဓဟူးသားလေ ဆင်ကြံကြံတတ်တယ်။ အဲ့နောက်ပိုင်း ကျတော် ပိုက်ဆံကိုရသလောက် အိမ်က ခိုးတယ်။ ဟုတ်တယ်လေ မခိုးရင် ဘယ်ကသွားရှာမလဲ။ ဆွဲကြိုးတို့ ဘာတို့ချွတ်ရောင်းတာ တခါလေး လုပ်ဖူးပါတယ် ပြောမဆုံးလို့ မလုပ်ချင်တော့ဘူးလေ။ ပြီးတော့ ကျတော့်မှာ ရှိသမျှ အောင်လက်မှတ်တွေရယ်၊ ကဗျာရေးထားတဲ့ စာအုပ်တွေကို ထည့်ထားတဲ့ လွယ်အိတ် ၁အိတ်၊ အ၀တ်စားထည့်ထားတဲ့ အိတ်က ၁အိတ်နဲ့ ကြိုတင်ကြံစည်ထားတာလေ။ အဲ့အိတ်နှစ်လုံးနဲ့ ထွက်တာ မသိဘူးလားမေးရင် အိမ်က မသိဘူးလို့ပဲဖြေရမှာပါ။
၂၆.၀၄.၀၆ ကျတော့ ဟိုတယ်ကို လှမ်းပြီး Booking လုပ်ထားလိုက်တယ်လေ။
၂၇.၀၄.၀၆ ကျတော့ ညနေ ၃နာရီ ၀န်းကျင်လောက် အဲ့အိတ်နှစ်လုံးကို အိမ်ရှေ့ချထားတယ်။ သူတို့လစ်လောက်တော့ ဆွဲပြီးထွက်လာလိုက်တယ်။ အဲ့နေ့က ကျတော် ဘ၀မှာ ပထမဆုံးကြိမ် တစ်ယောက်တည်း ဟိုတယ် တည်းဖူးတာပဲ။ ဘယ်သွားသွား အိမ်နဲ့ပဲ သွားရတာလေ သူငယ်ချင်းတွေနဲ့ တခါမှ ခရီးမထွက်ဖူးဘူး။ သွားမှာက ဆီဆိုင်မြို့မှာ ရှိတဲ့ မွေးစားအမေရဲ့ တူမပေါ့။ တောင်ကြီးနဲ့ မိုင် ၇၀၊ ၈၀လောက်ဝေးမယ်ထင်တယ်။ သေချာမမှတ်မိတော့ဘူး။ ၀ယ်ထားတဲ့ ရထားလက်မှတ်က ၂၈.၀၄.၀၆ ၁၂း၃၀ဆိုတော့ တရက်ကြိုပြီး အိမ်က ထွက်ထားတာ သွားမဲ့နေ့မှဆိုရင် အစီစဉ်ပျက်မှာဆိုးလို့လေ။ ဒီလိုနဲ့ ထုံးစံအတိုင်း ရထားက ညနေ ၃နာရီလောက်မှ ထွက်တယ်။ ပထမ ကျတော်စဉ်းစားထားတာက မန္တလေးကနေ တောင်ကြီးကို တက်မယ်ပေါ့။
၂၉.၀၄.၀၆ ၂နာရီ ၀န်းကျင်လောက်မှာ သာစည်ဘူတာရောက်တော့ စိတ်ကလဲ မရှည်တတ်တော့ ဆင်းလိုက်တယ်။ ရန်ကုန်က မထွက်ခင်တည်းက ဘယ်ကနေ ဘယ်လိုသွားလို့ ရတယ်ဆိုတာ ကြိုကြည့်ထားတယ်လေ။ မန္တလေးက သွားလို့ရသလို သာစည်ကလဲ သွားလို့ရတယ်လေ။ ကိုယ်ကသာ အသုံးမကျတာ ဘာကိစ္စဖြစ်ဖြစ် ကြိုစီစဉ်ထားတတ်တဲ့ အကျင့်တော့ရှိတယ်။ ဒါနဲ့ ကားဂိတ်ကို ဘူတာကနေ သွားရင် ၅မိနစ်လောက် လမ်းလျှောက်ရင်ရတာကို မသိတော့ မြင်းလှည်းငှားစီးရတယ်။ ကားဂိတ်ရောက်တော့ တောင်ကြီးသွားမဲ့ ကားက တစ်စီးပဲရှိတော့တယ်တဲ့ နေရာက ခေါင်မိုးပေါ်ကနေ စီးရမှာလေ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ သာစည်မှာ အိပ်ရမှာထက်စာရင် တောင်ကြီးရောက်ရင် အဆင်ပြေမယ်ထင်တာကိုး တယောက်တည်း ခရီးမသွားဖူးတော့ မြန်မြန်ရောက်ချင်နေတာလဲပါတယ်။ ဒါပေမဲ့ တောင်ကြီးကို ဘယ်နှစ်နာရီကြာအောင် မောင်းမယ်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ မသိဘူးလေ။ ဒါနဲ့ ခေါင်းမိုးပေါ်ကနေ စီးသွားလိုက်တာ လမ်းရောက်တော့ မိုးရွာလာရော ကိုယ်က မိုးတွင်းဆိုတော့ ဘာအနွေးထည်မှမပါဘူး၊ မိုးကာ ပါးပါးလေးတစ်ထည်ပဲပါတယ်။ အဲ့လောက် အေးမယ်မှန်းလဲ မထင်ဘူးလေ။ တောင်ကြားတွေထဲဆိုတော့ အရိုးကွဲမတတ်ကို အေးတာဗျာ။ ပြီးတော့ ခေါင်မိုးပေါ်မှာလေ တော်သေးတာပေါ့ ကားသမားတွေက မိုးကာဖျင်ကြမ်းကြီးပါလို့ ကံကောင်းသွားတာပေါ့။ ဒါပေမဲ့ နောင်တတော့ မရခဲ့ဘူး။ ကျတော်က အဲ့လိုလဲ ခေါင်းမာတဲ့ကောင် ကျတော်ဆုံးဖြတ်ပြီးရင် ရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ကြံကမ္မာက မျက်နှာသာမပေးတော့ နောက်ဆုံး မတတ်နိုင်တဲ့ အခြေအနေမှာ လက်လျှော့ခဲ့ရတဲ့ အကြိမ်ပေါင်းမနည်းဘူး။ ထားပါ။ ဒါနဲ့ ကလောရောက်တော့ ကားခဏနားတာနဲ့ လူကအရမ်းချမ်းနေတော့ ၀ီစကီ နှစ်ပက်လောက်မှာပြီး ဆတ်သားခြောက်နဲ့ မြည်းနေတာပေါ့။ အဲ့အချိန်မှာ ကျတော်ရှေ့မှာ အကိုတစ်ယောက် ရမ်ကို ဘာအမြည်းမှမပါပဲ သောက်နေတယ်။ ဒါနဲ့ ကျတော်က အစ်ကို အမြည်းနည်းနည်စားပါလားဆိုပြီး ကျွေးလိုက်တယ်။ ကျတော်လုပ်ပုံက ရိုက်ပေါက်နော် တော်သေးတာပေါ့ သူကလဲ ဘာမှမပြောပဲ စားတယ်။ သူလဲ ကျတော်လိုပဲ စကားနည်းပုံရတယ်။ ဒါပေမဲ့ သူနဲ့ စကားတော့ ဆက်မပြောဖြစ်ဘူး။ ဒါနဲ့ ကားက လမ်းမှာ ဘီးပေါက်လိုက် ပျက်လိုက်နဲ့ ည ၁၀နာရီဝန်းကျင်လောက်ကျတော့ တောင်ကြီးရောက်သွားတယ်။ သူတို့ တည်းခိုခန်း တစ်ခုရှေ့ရပ်ပေးတယ်။ သွားနေကျလူတွေကတော့ ကိုယ်အိမ်ကိုယ် ပြန်တဲ့ သူကပြန် အဲ့တည်းခိုခန်းမှာ အိပ်တဲ့သူက အိပ်ဖို့ ၀င်သွားကျပြီ ကျတော်တစ်ယောက်တည်း တည်းခိုခန်းထဲလဲ ၀င်မအိပ်ရဲဘူးလေ။ ဒါနဲ့ ယောင်ချာချာဖြစ်နေတဲ့ အချိန် ကလောမှာ ကျတော် အမြည်းကျွေးတဲ့ အစ်ကိုက ညီလေး ဘယ်သွားမှာလဲတဲ့ ကျတော်က ဆီဆိုင်သွားမှာလို့ ပြောပြတော့ ဒါဆို အစ်ကိုနဲ့ အတူတူလိုက်ခဲ့ အစ်ကိုက ဆီဆိုင်သွားမဲ့ ကားထွက်တဲ့ ညောင်ပင်သာဂိတ်သွားမှာ (ဂိတ်နာမည်မှားပါ ပြင်ပေးကြပါ) အိပ်စရာလဲရှိတယ်လို့ ပြောတော့ ဘာမှမစဉ်းစားမိဘူးလေ။ အဲ့ လူသာ လူဆိုး လူလိမ်ဆို ကျတော်တော့ သွားပြီ။ ဒါပေမဲ့ အဲ့အချိန်မှာ မတွေးမိဘူးလေ။ မြို့လယ်ကောင်ကနေ အဲ့ ဂိတ်ကို အိတ်နှစ်လုံးနဲ့ လမ်းလျှောက်လိုက်ရတာ တော်တော်ပင်းပန်းတာပဲဗျ။ တော်တော်လဲဝေးတယ်။ ညစာကလဲ မစားရသေးဘူးလေ။ အဝေးပြေးကားဂိတ်ဆိုတော့ စားသောက်ဆိုင်တွေ၊ လူတွေ စည်စည်ကားကားရှိမယ်ထင်တာပေါ့။ ဟိုရောက်တော့ မှောင်မဲနေတာပဲ သူတို့ကားဂိတ်က တောင်ပေါ်ကားဂိတ်ဆိုတော့ မနက်ပဲထွက်တာလေ။ လူကသေချင်စော်တောင်နံနေပြီ တစ်နေကုန် ပင်ပန်း၊ဗိုက်ကလည်း ဆာနေပြီလေ။ ဒါပေမဲ့ ကိုယ်မကျွမ်းကျင်တဲ့နေရာဆိုတော့ ဘာမှမပြောနိုင်ဘူးလေ။ နောက်မှသိရတာ အဲ့အစ်ကိုက စစ်သားတဲ့ ရှေ့တမ်းကို ခွင့်စေ့လို့ ပြန်ရတာတဲ့ သူကတော့ ခံနိုင်ရည်ရှိတာပေါ့။ ကျတော်မှာသာ ဗိုက်ကဆာ အေးကအေးနဲ့ ကျတော်ထင်တာက အိပ်စရာရှိတယ်ဆိုတော့ ဟိုတည်ဖြစ်ဖြစ် တည်းခိုခန်းဖြစ်ဖြစ်ပေါ့။ ဟိုတည်းခိုခန်းကျတော့ မှောင်နေတော့ စိတ်က မလုံဘူးလေ။ ပြီးတော့ ကားဂိတ်ဆိုတော့ လူတွေအများကြီးရှိမယ်ပေါ့။ တကယ်တကယ်ကျတော့ ဂိတ်မှုးကို ဧည့်စာရင်းသဘောပြောပြီး ကျတော်နဲ့ အဲ့ အစ်ကို လက်မှတ်ရောင်းတဲ့ တိုက်ခန်းလေးထဲမှာ ကိုယ့်အိတ်ကိုယ် ခေါင်းအုန်း၊ ကိုယ့်ပုဆိုးလေးတထည်ခြုံပြီး တစ်ညလုံးအိပ်ရတယ်။
၃၀.၀၄.၀၆ မနက် ၅နာရီလောက်ကျတော့ ကားတွေထွက်ပြီ ထဆိုတော့ ထတာပေါ့၊ ပြီးတော့ အရှေ့က စည်ပိုင်းထဲကရေနဲ့ မျက်နှာသစ်လို့ အပြောတောင်ခံရတယ်။ တောင်ကြီးမှာ ရေရှားပုံရတယ်လေ။ ပထမဆုံး ကားမထွက်ခင် မနက်စာလေးကို ရှမ်းခေါင်ဆွဲလေး စားလဲပြီးရော။ ကျတော် သွားချင်တဲ့ ဆီဆိုင်မြို့သို့ဆိုသော ကားပေါ်ရောက်နေပြီလေ။ ဒါနဲ့ ၁၀နာရီဝန်းကျင်လောက်မှာ ကျတော့ရဲ့ ခရီးဆုံးဖြစ်တဲ့ ဆီဆိုင်ဆိုတဲ့ မြို့လေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တယ်။ မွေးစားအမေက ဖုန်းကြိုဆက်ဖို့ကြိုးစားပေမဲ့ ဖုန်းလိုင်းက မကောင်းမွန်တာကြောင့် အမက မသိခဲ့ဘူး။ ဒါနဲ့ စော်ဘွားကြီးအုတ်ဂူဆိုတာ ဘယ်နားမှာလဲလို့ မေးမြန်းပြီး အမအိမ်ရောက်ခဲ့ပါတယ်။
ဆက်ရန်ရှိသေးပါသည်။

10 comments:

Anonymous said...

ဘာပြောရမလဲတောင် မသိတော့ဘူး.. တောင်ကြီးရောက်ဖူးလားမေးတာကို ပို့စ်ရေးပြီး ဖြေမယ်ဆိုတော့.. ဒီလိုမျိုးလို့ မထင်မိဘူးလေ.. ကိုကိုတော်တော် ဒုက္ခရောက်ခဲ့တာကိုး ...

Anonymous said...

တောင်ကြီးရောက်ဖူးသွားပြီဗျို့...
လူငယ်တစ်ယောက်ရဲ့ လတ်ဆတ်တဲ့ ရင်ခုန်သံတွေပါ
ဖတ်သွားရလို့... လန်းသွားတယ်ဗျာ

Anonymous said...

မောင်ဂျယ်လီလေး
တယ်ဟုတ်..
ကောင်းတယ်
(ရေးတာကိုပြောတာနော်..အိမ်ပေါ်ကဆင်းတာကို မဆိုလို)

Anonymous said...

ပိုစ့်ကောင်းလေးပါ--
မရောက်ဘူးသေးတဲ့နေရာတွေကို--
ရောက်သွားသလိုပါပဲ--

Anonymous said...

ဟင့်..ဟင့်.. ဖတ်ရတာကောင်းတယ်။
ရေးထားလိုက်တာ စာရေးဆရာ အရှုံးပေးရမယ်..

ဆက်ရန်ကိုမျှော်နေပါတယ်နော်.. မြန်မြန်လေးရေးပေးပါ
ဒါပဲ..မဟုတ်ရင်ဂျယ်လီကျွေးတော့ဘူး.. ဟိဟိ

Anonymous said...

တားတားလေးက..တီတီနဲ့တူတယ်နော်..ဟဲဟဲ
မရောက်ဖူးတဲ့နေရာလေးကိုရောက်သွားမိသလိုပဲ ဆက်ရန်ကိုစောင့်နေမယ်နော် မြန်မြန်လေးဗျို့

Anonymous said...

ကိုဂျဲ ..တော်တော် ဒုက္ခ ရောက်ခဲ့တာပဲ..နော်
သနားပါတယ်....
ဘာပဲဖြစ်ဖြစ်.. လုပ်ချင်ရင် ဖြစ်အောင် လုပ်တဲ့ သတ္တိကိုတော့ အရမ်းလေးစားသွားပြီ..

Anonymous said...

ညီ ####ကိုကိုတော်တော်ဒုက္ခရောက်တာပါ။ ပြီးမှ
တောင်ကြီးမှာနေတာပြောပြပါမယ်####

ကိုဖား#### ကျတော့ရဲ့ နောက်ဆုံးအကြိမ်ဆိုပေမဲ့ ပထမဆုံး ရင်ခုန်သံဖြစ်လို့ လတ်ဆတ်တာပါ
ကိုဖားရေ####

ကိုကိုလှ####အခုလိုချီးကျူးတာကျေးဇူးပါ နောက်တကြိမ်အိမ်ပေါ်က ဆင်းဖို့ မလိုအပ်တော့ပါဘူးဗျာ####

မသက်ဇင်####အဲ့လိုဖြစ်သွားတယ်ဆို ကျတော်ဝမ်းသာပါတယ်။
အစွမ်းကုန်ကြိုးစားပမ်းစားလေး
ရေးထားတာဖြစ်လို့ပါ အမရေ ####

တီတီမက်####မြှောက်နေပြန်ပါပြီ ဘာပဲဖြစ်ဖြစ်
အခုလိုချီးကျူးတာ ဇူးဇူးပါ ဂျယ်လီတော့ ကျွေးပါ တီတီမက်ရ ####

တီတီဇာ####တူဆို တူရီးတွေပဲဂျ ဟီး ရုပ်တည်နဲ့ ဖမ်းပြီး တူရီးတော်လိုက်ပီ ကျွေးရှင်တွေလာရင် ရှင်းပေတော့ ####

ဒေါ်ခေါင်####ဒုက္ခကတော့ တော်တော်လေး ရောက်ခဲ့ပါတယ် ဒေါ်ခေါင်ရေ လုပ်ချင်တာကို ဇွတ်လုပ်တဲ့ အကျင့်လေးရှိတယ်ဗျ ####
#### ####

Anonymous said...

ဆက်ရန်လေးမျှော်နေမယ်...

http://winzaw-mdy.blogspot.com/

Anonymous said...

ညီရဲ့ စွန့်စားခန်းက အကြမ်းတွေနဲ့ စထားတာပါကလား၊ ခံနိုင်ရည်အပြည်ရှိတာ စိတ်ဓါတ်ကြောင့်လို့ အကိုထင်တယ် ... နောက်ဆက်တွဲ ဆက်ရန်ကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေတယ် ...။
(အော် .. ညီရေ ... အရေးအသားကလည်း ဆွဲခေါ်သွားသေးတယ်ကွ)

ခင်မင်မှုများစွာဖြင့်