Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Wednesday, December 3, 2008

ကဗျာသည်

ငါဟာ လမ်းဘေးက
ခပ်ပိန်းပိန်းကဗျာသည်လေးပါ။
သူများတွေလို လာပါယူပါလို့လဲ
တစာစာမအော်နေတတ်ဘူး။
ဖက်ကြမ်းဆေးလိပ်တိုလေး ခဲပြီး
ငုတ်တုတ်ထိုင်နေယုံပဲတတ်နိုင်တယ်။
ဖြန့်ခင်းထားတဲ့ ဈေးဗန်းလေးကို ကြည့်ပြီး
တစ်ချို့က မင်းရေးထားတာရော ဟုတ်ရဲ့လား . . . .
တစ်ချို့က ငါ့ ပုခုံးကို ပုတ်ပြီး ကြိုးစားကွာ . . . .
ဘာပဲဖြစ်ဖြစ် ပစ္စည်းအရည်သွေးကို
အကဲခတ်ခွင့်ရှိတယ်။
ဒါပေမဲ့ . . . .
ပြီးပြီးရော ဖြစ်သလို ထုတ်ခဲ့
ပစ္စည်း အရေအတွက် မပါဘူး။
တန်ဖိုးကြီး စာရွက် လှလှတွေနဲ့ ရေးထားပြီး
Quality အော်တဲ့ ဈေးသည်တွေထဲ
ငါ . . . . မပါဘူး။
ငါ့ ပစ္စည်းကို အာမခံရဲတယ်။
ကြည့်လိုက် . . . .
ငါ့ နှလုံးသွေးတွေ တစက်စက်ကျနေတာ တွေ့လိမ့်မယ်။

16 comments:

Anonymous said...

kom: တကျပ်ဘိုးလောက်။ ရောင်းမယ် ဆိုရင်

Anonymous said...

စိတ်ကူးကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို
ဖတ်သွားတယ်။

Anonymous said...

ပစ္စည်းအရည်အသွေးကောင်းလေးပါဗျာ

Anonymous said...

ငါ့ ပစ္စည်းကို အာမခံရဲတယ်။ အဟမ်း..ကွာလစ်တီတွေအပြည့်တွေ့တယ်
ဟီဟီ

Anonymous said...

ခံစားရပါတယ်။
ကဗျာကောင်းတစ်ပုဒ် ထွက်ဖို့...
မလွယ့် မလွယ်။။။

Anonymous said...

အရေးအသားကတော့ ဆန်းသပါ့တူလေးရေ
ဖက်ကြမ်းဆေးလိပ်တိုလေး ခဲပြီး.. အဲစာသားကိုသဘောကျတယ်
တီတီကိုယ်တိုင်တောင် အဲသလိုမရေးတတ်လို့
တူလေးတော်၏
ထူးဆန်းတဲ့ ကဗျာကောင်းလေး ခံစားလို့ရပါသဖြင့်
အားပေးသွားပါတယ်နော် :D

Anonymous said...

ကဗျာသည်တဲ့လား ... ညီ
ကဗျာမှော်ဝင်လာတဲ့အခါ တံခါးဟထားတာကို ထပြီးဖွင့်လိုက်ပါ ...
ရင်ထဲက နှလုံးသွေးစက်တွေ တစ်စက်စက်ကျနေတာ မပြောခင်ကတည်းက မြင်တယ်...
ကဗျာတစ်ပုဒ်လုံး ရဲသွေးလို့ ... ကဗျာ့မာန်တွေနဲ့ မတ်မတ်ရပ်နေတာမြင်တော့
အားရနှစ်ထောင်း ရှိမိတာ ... လျစ်လျူရှုမှုတွေကို သူတို့ကို ပေးလိုက်တော့ (သူတို့ဆိုတာညီသိပါတယ်) ...
ကဗျာတစ်ပုဒ်ရဲ့ ကွာလတီဆိုတာကို ကဗျာဆရာပဲ သိတယ် ... ညီ
ကာရံလေးတစ်လုံးကို ဆွဲထုတ်ဖို့ တစ်ထောင့်နဲ့ တစ်ညလည်း ဖြစ်သွားနိုင်တယ် ...
သက်ပြင်းတစ်ချ တဒင်္ဂမှာလည်း မွေးဖွားနိုင်တယ် ...
အဓိက က နှလုံးသားက သွေးစက်တွေ ... တစ်တောက်တောက်ကျနေဖို့ပဲ ...
ကဲ ... အာမခံရဲတဲ့သူတစ်ယောက် ... ။

ခင်မင်လေးစားမှုများစွာဖြင့်

Anonymous said...

ဖက်ကြမ်းကြီးကိုက် ကွမ်းယာကြီးငုံပြီး ငုတ်တုတ်ထိုင် စာရေးနေပုံကို မြင်နေရတယ်ဗျိုး

Anonymous said...

ဗန်းထဲထည့်ပြီး ကဗျာရောင်းနေတဲ့ ကဗျာသည်ပဲ
ရောင်းတဲ့စတိုင်ကလဲ မိုက်ပါ့....
ဖက်ကြမ်း ဆေးလိပ်တိုကြီးခဲပြီးတော့... ဟီး

Anonymous said...

ှသွေးပုလင်းတော့ မရှိသေးဘူး ၀ိုင်ပုလင်ဘဲရှိတယ် ယူမလား

Anonymous said...

ကောင်းပါ့ဗျား ရေးထားတာလေးကတွေးစရာလေးပါ

Anonymous said...

အဲ... သွေးတွေ ကြွလာတာလား....
ဘယ်သူတုန်းအဲလိုလာပြောတာ
"တစ်ချို့က မင်းရေးထားတာရော ဟုတ်ရဲ့လား . . . "
ဂရုစိုက်မနေနဲ့

ဒီကဗျာလေး ဂွတ်တယ်
တော်တော်လေးကို ကောင်းတယ်
ဖတ်ဖူးသမျှထဲမှာ ဒီဟာလေး အကြိုက်ဆုံးပဲ :)
ကိုဂျဲ.. အားပေးနေတယ်
ဆက်ရောင်း
လာပြောရင် ပိတ်တီးပလိုက် :D :D
ပိစိပါ ၀ိုင်းတီးပေးမယ်

Anonymous said...

ကဗျာသည်ကိုဖိုးဂျယ်ရေ...
ကောင်းပါပေ့ဗျာ...
ဂုဏ်ယူပါတယ်...

Anonymous said...

ကဗျာလေးက မိုက်လှချည်းလား အကိုရဲ့ ။ အရမ်းမိုက်တယ်။ မာန်တွေ အပြည့်ပဲ။

Anonymous said...

Pwagyi: သဘာပတိကြီးရေ...
လာလည်သွားပါတယ်...
နောက်ဆိုရင် ညီအစ်ကိုတွေဖြစ်သွားတဲ့အတွက်... အမြဲတမ်းလာမှာပါ...

Anonymous said...

ကဗျာတွေကို အားပေးသွားပါတယ်။ ကဗျာတွေချစ်တတ်သူတစ်ယောက်ကို lulinngethway.blogspot.com ကိုလာဖို့ ဖိတ်ခေါ်ပါတယ်