Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Wednesday, December 10, 2008

အကြိုက်ဆုံးကဗျာ

ခပ်ညံ့ညံ့ကောင်က TAGထားတာ မွေးနေ့ပြီးတော့ တယောက်တည်း ဘာတွေအလုပ်ရှုပ်နေမှန်း မသိပါဘူး။ နည်းနည်းပျင်းနေတာ ထင်တာပဲ စာရေးရမှာသာပျင်းနေတာ အိမ်လည်ရတာတော့ မပျင်းဘူး။ ကြိုက်တာတွေကတော့ ရှိပါတယ်။ မှတ်မှတ်ရရကတော့ ဒီကဗျာလေး နှစ်ပုဒ်ပေါ့။

Your are moon.
The moon is my love.
When you are Queen.
I will be King.
If you will have me.
I will have you.
Your are my Sunshine.
My are you Sunshine.


ဘယ်သူရေးတာလဲတော့ မသိဘူး။ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတာ မှတ်တရလေးပေါ့။ နောက်တစ်ပုဒ်က ဆရာမင်းခိုက်စိုးစန်ပါ။ ခေါင်းစဉ်မပါ။ အကြိုက်ဆုံးဖြစ်လို့ မှတ်ထားမိတယ်။ စာအုပ်နာမည်က သုညပါ။
နွေရာသီရောက်တာကိုက စောလွန်းတယ်။
အဲ့လောက် မွန်းကျပ်မယ်မှန်းသိခဲ့ရင်
(အစကတည်းက)
အသက်ရှုတတ်အောင်မသင်ခဲ့ပါဘူး။

ကိုယ့်အကြိုက်ဆုံးကဗျာလေးတွေ ရေးပေးကြပါ။
မတူးတူး/ ဗီဗီ / နန်းညီ / အိဖူး / မဆုမွန် (ရေးပြီး) / မမေ (ရေးပြီး) / ခေါင် (ရေးပြီး)/ ကိုကေလာ /မိုးသား / ချစ်ညီ လွမ်းသင့်သူ / ယမင်း / ညီလေး ထီးရိုး / အပြည့် / ပွကြီး (ရေးပြီး) / ငှက်ကထအန်ဒီ တို့ကို TAG လိုက်ပါကြောင်း။ ရေးပီးသားညီအကိုမောင်နှမတွေကိုတော့ မTAGတက်တော့ဘူး။

12 comments:

Anonymous said...

ကဗျာလေးတွေကို ပထမဦးဆုံးဖတ်လိုက်ရတဲ့အတွက် အထူးဝမ်းသာပါတယ်...အစ်ကိုကြီး...

Anonymous said...

ကိုဂျယ်ကြီးရေ....... အဟိဟိ နာမည်လေးလှ
တယ်ဟုတ်....
ကဗျာလေးတွေခံစားသွားတယ်ဗျ။

Anonymous said...

Your are my Snuchine.
My are you Sunchine.

သားသားရေ.. အဲဒါ က Sunshine ပဲ ဖြစ်မယ်နော်..
ဟုတ်လားမသိဘူး.. မဟုတ်ရင်လည်း ထားလိုက်နော်..
... ရော့ တားတားအတွက် ဂျယ်လီဝယ်လာတယ်..
စားလိုက်နော်...

Anonymous said...

ကဗျာလေး တွေက ၂ ပုဒ်စလုံး တိုတိုလေးတွေ နဲ့ကောင်းတယ်... ကြိုက်တယ်ပေါ့လေ...
အဟဲ.. မီးလဲ ကြိုက်တယ်

Anonymous said...

ဆရာမင်းခိုက်စိုးစန် ရဲ့ ကဗျာ ကိုတော့ ကြိုက်သွားပြီဗျာ
ကို ကြီး ဂျယ် ရေ နောက်လဲ ဒါမျိုး ကဗျာလေးတွေ ရှာပြီးတင်ပေးအုံးနော်

Anonymous said...

ကဗျာသိပ်မဖတ်တဲ့ ယမမင်းလေးကိုမှ လာ tag ထားရတယ်လို့ အစ်ကိလေးရယ်...
အားရင်ရေးမယ်....

Anonymous said...

အေးအေး ဟုတ်ပီကွ..... ဒါပေမယ့် မင်းကဗျာနှစ်ပုဒ်လုံးက ခေါင်းပါမလာပါလားဟ။ နောက်ပီးတော့ ငါ့စည်းကမ်းချက်ထဲမှာ တစ်ပုဒ်ထဲရေးခိုင်းတာလေ။ ပထမတစ်ပုဒ်ကတော့ ခေါင်းမပါပေမယ့် အဆင်ပြေတယ်။ ဒုတိယတစ်ပုဒ်ကတော့ စာကြောင်းရေ အနည်းဆုံး ငါးကြောင်းထက်မလျှော့နည်း ရ ဆိုတာကို ဖောက်ပြန်ထားတယ်။ ဟုတ်ပီ ဟုတ်ပီ.... စည်း ကမ်းကစည်းကမ်းပဲကွာ... ငါက ငါပဲ.... တစ်ခုခုတော့ ဟဲဟဲ ... အချိန်မှီပါသေးတယ်။

Anonymous said...

ခပ်ညံ့ညံ့ကောင်ရေ ဒီကဗျာက အဆစ်ထည့်ပေးတာလို့
သဘောထားလေကွာ။ ကိုယ့်ချင်းကိုယ်ချင်းပဲ
စည်းကမ်းတွေဘာတွေ မေ့ထားလိုက်ပါကွာ။
တွေ့ရင် ဘီဘီတိုက်မယ် နော်

Anonymous said...

ရောက်ဖူးတာ သိပ်မကြာသေး လို့ထင်ပါ
မနည်းကို မှီအောင်လိုက်ဖတ်နေရတယ်
မင်းခိုက်စိုးစန်ကဗျာလေးက ကိုယ်လဲ ကြိုက်တယ်..။
လေးစားခင်မင်လျက်
Mirror

Anonymous said...

ကဗျာလေးတွေက တိုတိုလေးတွေပေမယ့် မိုက်တယ်ဗျ။ ရှာတတ်ပါ့ တွေ.တတ်ပါ့။

Anonymous said...

ရေးပီးကြောင်း ... ကုလားဖြူလို့ ကောင်းကောင်း နားမလည်လို့ .. မြန်မာလိုဟာကို အသားကုန် ခံစားသွားကြောင်း .. အသက်ရှူ သင်မိတာ မှားမှန်း ခုမှ သိကြောင်း ... ကဗျာလည်း ရေးပီးကြောင်း ...
ကြောင်း ကြောင်း ကြောင်း ....

Anonymous said...

ပွကြီး #### ပွကြီးရေ ကျေးဇူးပါကွာ

တိုတိုအိမ် #### တိုတိုအိမ်က တားတား နာမည်လာဖျက်သွားတာလား

တီတီမက် #### ကျေဇူး ပြင်လိုက်ပြီ တီတီမက် ရှဲရှဲ

တီတီခေါင် #### ကြိုက်လို့ တင်လိုက်တာပါ တီးခေါင်ရေ

မောင်ရှင်းသန့် #### ရှာပေးပါ့မယ် မောင်ရှင်းသန့်ရေ ကျတော်က မင်းခိုက်စိုးစန် ကဗျာတွေ
တော်တော်များများ ကြိုက်ပါတယ်။

yamar #### ရေးပေတော့ မမင်းလေးရေ

mirror #### ဘာတွေကိုများ အမှီလိုက်နေတာပါလိမ့်

ဦးဦးဇင်ယော် #### ဖတ်ရင်း တွေ့လို့ မှတ်ထားမိလိုက်တာပါ ဦးဦးဇင်ယော်

ကိုကေလာ #### ကိုကေလာ ကြောင်းတွေများလှချည်လား အသက်ရှုတက်ပြီးမှတော့
တရုပ်ကားထဲက လိုပြန်ဖျက်လို့ မရတော့ဘူးနော်