ဆားချက်ခြင်းမဟုတ်ပါ။ တက္ကသိုလ် ဒုတိယနှစ်လောက်က ရေးထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပြန်ဖတ်မိလို့ တင်လိုက်ပါတယ်။ ဝေဖန်ပေးကြပါဦး။
ငါသည် အိပ်ယာထက်၌ ရှိသည်။
ထိုအတူ . . . . .
ငါသည် ကျောင်းသို့ သွားသည်။
မင်း . . . . အိပ်ယာအထက်၌ ရှိသည်။ မရှိသည်။
ငါသိသည်။ ထို့အတူ ငါမသိ။
ဒီဇင်ဘာရဲ့ သူရိန်နေမင်းသည်
ကြရှည်ထွန်းလင်းခွင့် မရ။
ငါကိုယ် ငါ လင်းလက်မည်။
ဖယောင်းတိုင်ရဲ့ အလင်း*
ငါအလိုမရှိ . . . .။
ငါ့ကို ငါ အမှောင်ချမည်။
ငါကိုယ် ငါ ယူဆောင်မည်။
ငါ၏ လင်းလက်မှုဖြစ်သည်။
*= သဘာဝမဟုတ်သော အလင်း
11 comments:
အဂွတ်ကလေးပါလား ကီဗျာက...
အမှောင်လည်းကောင်းပါတယ်ကွာ
အမှောင်က သန့်ရှင်းပါတယ်။ အလင်းမှာက အဖြူတွေအဝါတွေရှုပ်ပါတယ် အမှောင်ကတော့ အမှောင်ပဲ အမှောင်မှာ အရောင်မရှိဘူး။ သန့်ရှင်းတယ်လေ။
ဘာလဲတော့မသိဘူး။ ဖတ်လို့တော့ကောင်းတယ်။ ခံစားချက်တစ်ခုခုကြောင့် ရေးဖြစ်သွားသလိုမျိုးပဲ။ ဟီး... သိဘူး။ ထင်တာပြောကြည့်တာ။ ဘာပဲပြောပြော ဖတ်လို့ကောင်းပါတယ်။ သုံးခေါက်ဖတ်သွားတယ်။
မှောင်ရင် ကောင်းတဲ့ အခါကောင်းပေမယ့် မကောင်းတဲ့အခါ မကောင်းပါး) ထို့ကြောင့် ကျနော်သည် အလင်းနဲ့အမှောင် မျှတရပါလို၏ ကိုဖိုးဂျယ်ခင်ဗျာ.........................တိန်းး သာဒု အယ် မှားလို့  ဟီးး
မောင်လေးရေ.. တစ်ခုခု ကို လေးလေးနက်နက်လေးခံစားလိုက်ရသလိုဘဲ
အစဉ်ပြေပါစေမောင်လေးရေ
မမေ
ဘယ်သူလဲဗျ အမှောင်ကောင်းတယ်ပြောတာ ဟဲဟဲ ကိုဗီလိန်ဆိုတော့ အမှောင် ကြိုက်မှာပေါ့း) ကိုဂျယ်ရေ ကဗျာလေးကို ခံစားသွားပါတယ် ငါ့ကို ငါလင်းလက်မည် ငါ့ကိုငါ အမှောင်ချမည် တဲ့
ကဗျာကောင်းလေး မြီးသွားတယ် .. ..
http://winzaw-mdy.blogspot.com
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျို့... တားတား ကြိုက်ကြိုက်...........
ကိုဖိုးဂျယ်ဂျီးးး.. တားတားဖတ်တွားဒယ်နော်..။ "ငါ့ကိုယ်ငါအမှောင်ချမည်" ဆိုတာ "ငါ၏လင်းလက်မှုဖြစ်သည်" ပါပဲ။ အဲဒီစာသားလေးကို ကြိုက်တယ်ကိုကြီး။
ကဗျာအတွေးလေး ကောင်းလိုက်တား)
အမှောင်ဆိုတာ မြန်မာတွေ အတွက် မထူးဆန်းတော့ဘူးထင်တယ် အမြဲလို
မီးပျက်နေတာကိုးဗျ ဟိဟိ
Post a Comment