Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Thursday, January 15, 2009

ရထားလမ်း

ဒီကပုံ နန်းညီ ရိုက်ထားတာပါ။

ခရီးသည် ။ ။ ဟေ့ ဖိုးဂျယ် (ရထားကြီးနာမည်)

ရထားကြီး ။ ။ ဘာလဲကွ

ခရီးသည် ။ ။ ခင်ဗျား ကြည့်ရတာ အိုဟောင်းဆွေးမြေ့နေတာပဲ

ရထားကြီး ။ ။ ဟေ ဟုတ်လား ငါလည်းမသိရပါလား

ခရီးသည် ။ ။ ခင်းဗျားကို ပြင်မဲ့ စက်ပြင်ဆရာ မရှိဘူးလားဗျ

ရထားကြီး ။ ။ အေး မရှိဘူးကွ ဟော ဟဲ ဟော ဟဲ

ခရီးသည် ။ ။ ဘာဖြစ်နေတာလဲ ခင်ဗျားကြည့်ရတာ ပင်ပန်းလိုက်တာ

ရထားကြီး ။ ။အတွေးတွေကို ခွမောင်းလာရတာ ဘယ်လောက်
ပင်ပန်းလဲ မင်း စဉ်းစားကြည့်ပေါ့ဟ

ဟုဆိုပြီး ရထားကြီးလဲ ရှုး ရှဲ ရှုး ရှဲနဲ့ ပြောပြီး ဆက်မောင်းသွားတယ်။

စာရေးဆရာတစ်ယောက်ရဲ့ အတွေးလေးကို ယူသုံးထားတာပါ။ ဘယ်သူလဲတော့ အတိအကျ မမှတ်မိတော့ပါဘူး။ ဆရာ တာရာမင်းဝေ (သို့) ဆရာ မင်းခိုက်စိုးစန်လို့ထင်ပါတယ်။

16 comments:

Anonymous said...

လာပြင်လိုက်အုံးမယ်. ဒီရထားအို အစုတ်အပြတ်.. ပိန်တလိန်..ကြီးကို.. အဟိ

Anonymous said...

လေးဖြူသီချင်းထဲက ဘူတာအိုလေးဆီမှာ
အနားသွားယူလေ။
း)

အတွေးတွေကို ခွမောင်းလာရတာ ဘယ်လောက်
ပင်ပန်းလဲ မင်း စဉ်းစားကြည့်ပေါ့ဟ

အဲစာသားလေးကြိုက်တယ်
း)

Anonymous said...

ဗျိုး ရထားကြီး................
ခေါ်သွားပေးစမ်းပါဗျာ။ ရွာကို။ :)

Anonymous said...

ရ ထား ကြီး ထွက်တော့ မယ်...
မိန်း က လေး အားလုံး အပေါ် တက်ကြပါ...
ယောက်ကျာင်္း လေး အားလုံး ကျန် နေ ရစ် ခဲ့ ပါ...
ကဲကဲ..ညီလေး ရ ထား မောင်းတော့
အကို.. လက်မှတ် လိုက် စစ် အုန်းမယ်.... ဟီးဟီးဟီးဟီး

Anonymous said...

ပုံက ဒီလိုစာနဲ့တွဲမှ ပိုအဓိပ္ပါယ်ရှိသွားသလိုပဲ. .. ကိုကိုတော်တယ်ကွာ

Anonymous said...

အတွေးတွေကို ခွမောင်းသွားတဲ့ ရထားကြီး ဖိုးဂျယ်ကို မြင်ယောင်ကြည့်နေတယ်.. တမျိုးကြီးပဲ..ဟဲဟဲ

Anonymous said...

ရထားကြီးဆိုတော့ ရင်ဂိုဆိုတဲ့သိချင်းလေးကို သတိရတယ်.. သံသရာရထားကြီး..

သံသရာရထားကြီးခုတ်မောင်းကြတာလေ..အဟီး..

အတွေးလေးက ဂွတ်တယ်...

ရထားပျက်ရင် အသစ်ဝယ်ပို့ပေးလိုက်မယ်.. အခု ရထားကို ၀ဲလိုက်တော့နော်..

ရော့.. ဂျယ်လီလေး စားလိုက်ဦး :)

Anonymous said...

ဘူတာရောက်ရင် ခဏတော့နားလေ နားမှ မနားတား) မောမှာပေါ့ ခွမမောင်းနဲ့ အပေါ်ကတွဲစီးး

Anonymous said...

ရထားကြီး... ခေါင်းတွဲလား၊ နောက်တွဲလား၊ တစ်တွဲလုံးလား။ အတွေးတွေကိုခွမောင်းပြီးတိုင်း ၃ မိနစ်လောက်နားရပါတယ်.. ခရီးဆုံးရင်လည်း နာရီပေါင်းများစွာ နားရမှာပဲလေ..။

Anonymous said...

ဆက်မောင်းပါ ဒါမှတွေးသစ် အမြင်သစ်တွေရ
မှာ

Anonymous said...

ရထားကြီးကို ဘယ်သူငရုတ်သီးတွေကျွေးထားတာတုန်း.. ရော့ ရော့ ထန်းလျက်စား.. ရေသောက်

Anonymous said...

ဒါလေးပဲ အားကိုးနေရတာ။
ရထားကြီးရေ နေမကောင်းလည်း
ဆက်သာမောင်းပေးပါ။
အိမ်ကို လွမ်းလှပြီ။

Anonymous said...

အိုဟောင်းဆို
အသစ်မှမ၀ယ်တာ။
ဆွေးမြေ့ဆို
စီးသူတွေကို မနိုင်ဝန်ထမ်းနေရတာ။
စက်ပြင်ဆရာလား
ပျစ်ဆိုင်ခဏသွားလေရဲ့ .. ..

Anonymous said...

ဒီလောက်မောနေတာ ရထားတော်တော်ဟောင်းနေလို့ပဲဖြစ်မယ်
ရထားပြင်ဆရာမ ရှာမှ ဆရာမနော် :P

Anonymous said...

အင်း ........................... .....
ဆက်မောင်းပေါ့ .. ရှေ့မှာ ဘူတာ ရှိပါတယ် ဟ

Anonymous said...

အတွေးတွေနဲ့ခွမောင်းလာတာကြာပေမယ့် ရထားကြီးကဆက်မောင်းသွားတယ်ဆိုတော့ လေးစားပါတယ်
ကြိုးစားထားနော်
နားဖို့တော့ မမေ့နဲ့နော် :)