Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Wednesday, January 28, 2009

Tag

ကိုဝင်းမင်း ဖတ်ချင်တဲ့ tag လေး “မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ” တဲ့ ကိုဝင်းမင်း ခင်ဗျာ အကို tag ထားတာက နိုင်ငံရေး ဆန်နေပါတယ်။ ကျွန်တော်က နိုင်ငံရေးနဲ့ ပတ်သက်လို့ နားမလည်ပါဘူး။ ဒါပေမဲ့ လေးစားသမှုနဲ့ အကို tag ထားတာကို နားလည်သလောက် ရေးလိုက်ပါတယ်။


ဖိနှိပ် သူက ဘယ်သူလဲဆိုတာလဲ အရေးကြီးပါတယ်။ တခါတုန်းက ရပ်ကွက်တခုမှာ ညနေတိုင်း အရက်မူးပြီး ပြန်လာရင် ရန်အမြဲဖြစ်တဲ့ လင်မယားနှစ်ယောက်ရှိပါတယ်။ ညနေတိုင်းယောင်္ကျားက မူးလာရင် သူ့မိန်းမကို ရိုက်နှက်တတ်တယ်။ အစကတော့ ဘေးပတ်ဝန်းကျင်က ၀ိုင်းဆွဲပေမဲ့ နေ့တိုင်းလိုဖြစ်နေတော့ ထုံးစံတခုဖြစ်လာတယ်။ ဒါနဲ့ တစ်နေ့တော့ ထုံးစံအတိုင်း ယောင်္ကျားက မူးပြီး ရိုက်နေတာကို သူ့မိန်းမက အော်နေကျအတိုင်း " အောင်မလေး ဒီအတိုင်းပဲ ကြည့်နေတော့မှာလား အရပ်ကတို့ရဲ့ " ဆိုပြီး ငိုကြီးချက်မနဲ့ အော်တာပေါ့။ ဒါကို လမ်းမှာ သွားနေတဲ့ လူစိမ်း ယောင်္ကျားတစ်ယောက်က လူစွမ်းကောင်းလုပ်ပြီး အဲ့မိန်းမရဲ့ ယောင်္ကျားကို ၀င်ထိုးလိုက်ပါရော ဒီမှာတင် ခုဏက ငိုကြီးချက်မနဲ့ မိန်းမက ချက်ချင်းပဲ ထပြီး "ကျွန်မယောင်္ကျားကို လူရမ်းကားတစ်ယောက် ၀င်ရောက် ထိုးကျိတ်နေပါတယ် " ဆိုပြီး အော် ပါလိမ့်ရောလား။ ဒီတော့ ခုဏက လူစွမ်းကောင်းလဲ နောက်ကျတဲ့ ဖနောင့် သစ္စာဖေါက်လို့ သဘောထားပြီး ပြေးပါလိမ့်ရောလား။

အဲ့လို မတရားတဲ့ အခြေအနေမျိုးမှာရော ကိုဝင်းမင်း ရပ်ကြည့်နေမလား???? ၀င်ရောက်စွက်ဖက်မလား ????? ပြေးပေါက်မှားမယ်နော့


အိမ်ထောင်စုတစုမှာ အဖေက ရမ်းကားပြီး သားသမီးတွေ မတရားရိုက်နှက် ဆုံးမနေတယ်ဆိုရင်ရော ကိုဝင်းမင်း ရပ်ကြည့်နေမလား???? ၀င်ရောက်စွက်ဖက်မလား ????? ဒါဆိုရင်တော့ သေချာတယ် တစ်အိမ်လုံး ၀ိုင်းရိုက်တာ ခံရမယ်။

လက်ထဲမှာ လုပ်ပိုင်ခွင့်တွေနဲ့ လုပ်ချင်ရာလုပ်နေမှန်းသိသိကြီးနဲ့ လုပ်နေတာကိုရော ကိုဝင်းမင်း ရပ်ကြည့်နေမလား???? ၀င်ရောက်စွက်ဖက်မလား ????? ကိုဝင်းမင်း လက်ထဲမှာ တခုခုရှိတယ် ဆိုရင်တောင် လုပ်ရဲလို့လား။ ကိုယ်ကို့ကိုယ် အရင်မေးကြည့်နော့။

ချစ်သူနှစ်ဦးမှာ တစ်ဦးဦးက မတရားသဖြင့် ချူစားနေတယ် ဆိုပါဆို ကိုဝင်းမင်း ရပ်ကြည့်နေမလား???? ၀င်ရောက်စွက်ဖက်မလား ????? သတိထား ပါးရိုက်ခံရမယ်နော့


ကဲဒီလောက်ပါပဲဗျာ။ ကျေနပ်မယ်လို့ယူဆပါတယ်။

လေးစားစွာဖြင့်

12 comments:

Anonymous said...

သားတော်လေးရေ

ဟုတ်တယ် သားတော်တွေးတာမှန်တယ်။
ဝင်ကူရင်ကနေ ကိုယ်ပြန်ခံရတာတွေအများကြီးဘဲ။

လူစွမ်းကောင်းဆိုတာ နေရာတကာမပါရဘူး
း)

Anonymous said...

ဘယ်အရာက အမှန်တရားမှန်းကိုမသိပါဘူး
ဆိုင်လားတော့မသိ
စိတ်ကူးထဲဒါလေးပေါ်လာလို့ပါး)
တူလေးအတွေးလေးကတော့ ဂွတ်တယ်

Anonymous said...

ကျနော်ကတော့ သိဘူးဗျာ ကိုယ်နဲပ မဆိုင်လို့ကတော့ ထိုင်ကို ကြည့်နေတာဗျ
ဒါပေမဲ့ ကိုဂျဲကြီးပြောတာလဲ ထောက်ခံတယ်
ကိုဝင်းမင်းဆိုလိုတာလဲ ထောက်ခံတယ်
ဒါပေမဲ့ ကိုဂျယ်ကြိး ပြောသလိုပါပဲ နေရာဒေသ
နဲ့အခြေအနေကြည့်ပြီး တော့ လုပ်၇မျာပေါ့နော
အကျိုးအကြောင်း သေချာမသိပဲ ကိုယ့်စိတ်ထင်
တာတခုထဲနဲ့ ဇွတ်ဝင်လို့ ဘယ်ရပါ့မလဲနော်

Anonymous said...

တူလေးက တော်လှချည်းလား။ တူလေးပြောတာတွေကိုထောက်ခံပါတယ်။ ကြားလေးကြား မ၀င်ရဘူးနော်။

Anonymous said...

ဖတ်လို့ကောင်းသားဂျဲဂျယ်လေးရ..
တော်ဒယ်. တူမရဲ့မောင်ရေ။။း)

Anonymous said...

အိုး......... ကောင်းမှကောင်း
နိပ်သကွ။

Anonymous said...

အမှန်ပါပဲ မတရားတာတွေ့နေရင်တော့ ဘယ်အရာမဆို အဖိနှိပ်ခံဘက်က ပါရမှာပါ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အရင်းခံကို စဉ်းစားဖို့တော့ လိုအပ်တယ်လို့ မြင်မိပါတယ်။


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဟုတ်တယ်..မှန်တယ်....ဖြစ်သင့်တယ်

Anonymous said...

မိုက်သား.. “မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ” ဆိုတဲ့ခေါင်းစဉ်ကို အကျွန်လည်း သဘောမတူမိ..

Anonymous said...

good tae nga Jel

Anonymous said...

ဂျဲပြောတာကို ထောက်ခံတယ်. . အဲဒီအဆိုအမိန့် ထွက်လာကတည်းက သိပ်အစာ မကြေဘူး .. မဟုတ်ဘူးမှန်းတော့ သိနေတယ်...
မျှတမှုရဲ့ငြိမ်းချမ်းရေး မှာ ဘက်လိုက်တာ မပါဘူး
ထင်တာပဲ .... ဘာပဲ ဖြစ်ဖြစ်
ကိုယ်ထင် ကုတင်ရွှေနန်းပေါ့ ... နော့်...

Anonymous said...

ကိုဖိုးဂျုယ်က ဘယ်ဘက်ကလိုက်မှာလည်း ကျွန်မဆိုရင် မုန့်စားရတဲ့ဘက်လိုက်မယ် (စတာပါ)
ဖတ်လို့ကောင်းတယ် အတွေးတွေမိုက်တယ်.