Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)

Thursday, February 26, 2009

ကျားကွက်

ဒီပုံက ဒီကယူထားတာ
ငါ ဘယ်အချိန်က ဒီချောင်ထဲကို
ရောက်နေတာလဲ ? ? ? ?
ငါ့ကို ငါ ပြန်ကြည့်တော့
မှောင်မှောင်မဲမဲ အခန်းကျဉ်းလေးထဲမှာ
ပင်ကူမျှင်နဲ့ ဖုန်တွေ တက်လို့
ဖုတ်ဖတ်ခါပြီး ရုန်းထွက်ပေမဲ့
ရုန်းလေ ရှုပ်လေ ရှင်းလေ မှောင်လေ
ဆွဲထုတ်ခံရလဲ ခဏပဲ
ပြီး ဒီ အခန်းကျဉ်းလေးထဲ ပြန်ရောက်တာပဲ
နင် အကွက်ရွှေ့ချက်က နိုင်း(၉) လောက်ရှိတယ်။
ဒါပေမဲ့ ခဏခဏ ရွှေ့ခံနေရတော့ ကြိုသိနေတယ်။
ကဲကဲ နောက် ရွှေ့နည်းလေးပြောင်းပါဦး။
အသစ်အဆန်းလေး တွေ့ရတာပေါ့။

နိုင်း = ကမ်းကုန်တာကိုဆိုလိုတာပါ။ ၉ ပီးရင် ၁၀လေး)


11 comments:

NangNyi said...

9 လောက်ရှိတယ်ဆိုတာ ဘာလဲ သိပါပီဗျ.. ဒါကြောင့် ပြောသားပဲ.. ကစားကွက်တွေ လေ့လာပါလို့..

Anonymous said...

ဟဲဟဲ ကျားမကစားတတ်ဘူး ကိုဖိုးဂျယ်... ဒါပေမယ့် ၉=ကမ်းကုန်ဆိုတော့ တစ်ခုတော့တတ်သွားပြီ

ကောင်းကင်ပြာ said...

ရွှေ့နည်းလာပြောင်းတာ ရဝူး

ကိုရင်နော်ခင်လေးငယ် said...

ကဲ....
သက်ဆိုင်သူရေ... အလျှင်အမြန်လေး ရွှေ့နည်းလေး ပြောင်းလိုက်ပါတော့လား...
မိဂျယ်က အသစ်အဆန်းလေး တွေ့ချင်နေပြီတဲ့.... အော်နေတယ်

ခင်မင်တဲ့...
ဦးနော်၊ တီငယ်၊ ညီမလေး

Welcome said...

ဦးဂျယ်
ချက်ခုံကို ကျားကွက်လုပ်ထားပါလားရို့ ..
ကြိုကြိုကြားကြား တွေးသွားပါတယ်။

Anonymous said...

ထင်ချင်သလိုထင်
မြင်ချင်သလိုမြင်
တွေးချင်သလိုတွေး
ရေးချင်သလိုရေး
ချစ်ချင်သလိုချစ်
မုန်းချင်သလိုမုန်း
ဒီအခွင့်အရေးတွေကို
အပိုင်ရထားတဲ့..ကို
ကျွန်မ..အယူခံလိုမ၀င်လိုတော့ပါ..

flowerworld said...

တူတော်ဂျယ်ရေ ဟုတ်တယ်ထပ်ရွှေ့ နိုင်အောင်ကြိုးစား (ရမ်းတုတ်သွားတာ)ဟိဟိ

tg.nwai said...

အင်း..အဆင့်ကိုး ကစားသမားရဲ့ နောက်ဆုံး နယ်ရုပ်ကလေးတစ်ရုပ် အဖြစ် ဂုဏ်ယူချင်တာလား...။

စိတ်မနာပါနဲ့...။ သည်အရုပ်နဲ့ ဒီအကွက်တွေ တွဲနေရင်လည်း သည်လူ လက်ရည်တက်အောင် ပါရမီသာ ဖြည့်လိုက်ပါတော့...။

(မသိနားမလည် ရမ်းတုတ်သွားသည်။)

chanye` said...

ဘယ့်နှယ်ဗျာ...ကျားကွက်အပြင်ကို ထွက်ပြေးပေါ။့ အဲဒီ ကျားကွက်ထဲမှာ ပတ်သတ်ရွေ့ပြီး ခေါင်းစားနေကြတယ်..

Anonymous said...

အား...........
သိတော့ဘူး
ရွှေ့ ပေးရမှာလား
ဘာလား
း)

Anonymous said...

တစ်ပွဲမနိုင်ရင် နောက်တစ်ပွဲပေါ့....