Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, February 28, 2009

မာန


စိတ်အရမ်းရှင်းလွန်းနေတာလား၊
ဟာလာဟင်းလင်းဖြစ်နေတာလား၊
အရမ်းရှုပ်နေတာလား၊
စော်ကားခံရလို့လား၊
အဲ့အခါ ငါ့ဖာသာ ကိုယ်မျက်နှာ ကိုယ်ကြည့်ပြီး
ပါးနား ပိတ်ရိုက်ချင်မတတ် အရှက်ရခဲ့တယ်
မမှတ်မရှိတဲ့ ငါ မှတ်ရှိအောင်ကြိုးစားမယ်။
ငါထင်တာ ငါတွေးပြီး
ငါဖာသာ ငါပျော်နေမယ်။
ဘယ်သူ့ကိုမှ အပြစ်ပုံမချချင်ဘူး။
ပိန်းလွန်းတဲ့ ငါအမှားပဲပေါ့။
ဒီတော့ ပိန်းတိန်းပိန်းတိန်းနဲ့ပဲ
ဆက်သွားနေမယ်။
အနာဂတ်လဲ စိတ်မ၀င်စားဘူး။
ပစ္စုပ္ပုန်လဲ မသိဘူး။
အတိတ်လဲ လာမပြောနဲ့။
နားခါးတယ်။
ချီးကျရာ ပျော်တယ်ပြောပြော
ချီးတောထဲ လသာတယ် ဆိုဆို
ဂရုမစိုက်ဘူး။
ပိန်းတိန်းပိန်းတိန်းကောင်မှာလဲ ခပ်နဲ့နဲ့ မာန ရှိပါတယ်။


Thursday, February 26, 2009

ကျားကွက်

ဒီပုံက ဒီကယူထားတာ
ငါ ဘယ်အချိန်က ဒီချောင်ထဲကို
ရောက်နေတာလဲ ? ? ? ?
ငါ့ကို ငါ ပြန်ကြည့်တော့
မှောင်မှောင်မဲမဲ အခန်းကျဉ်းလေးထဲမှာ
ပင်ကူမျှင်နဲ့ ဖုန်တွေ တက်လို့
ဖုတ်ဖတ်ခါပြီး ရုန်းထွက်ပေမဲ့
ရုန်းလေ ရှုပ်လေ ရှင်းလေ မှောင်လေ
ဆွဲထုတ်ခံရလဲ ခဏပဲ
ပြီး ဒီ အခန်းကျဉ်းလေးထဲ ပြန်ရောက်တာပဲ
နင် အကွက်ရွှေ့ချက်က နိုင်း(၉) လောက်ရှိတယ်။
ဒါပေမဲ့ ခဏခဏ ရွှေ့ခံနေရတော့ ကြိုသိနေတယ်။
ကဲကဲ နောက် ရွှေ့နည်းလေးပြောင်းပါဦး။
အသစ်အဆန်းလေး တွေ့ရတာပေါ့။

နိုင်း = ကမ်းကုန်တာကိုဆိုလိုတာပါ။ ၉ ပီးရင် ၁၀လေး)


Monday, January 19, 2009

ရှက်စိတ်


ဒီပုံအကောင်းက နန်းညီ လုပ်ပေးထားက ဒီဖက်ကတော့ ကျနော် ပျက်ဆီးအောင် လုပ်ထားတာလေးပေါ့
ငါ မနက်အိပ်ယာထတော့
မျက်နှာမသစ်ပဲ
ထုံးစံအတိုင်း ဟိုခွေ ဒီခွေ
ဟိုလျှောက် ဒီလျှောက် လုပ်ရတာ
အရသာတွေ့နေတယ် . . . .။
ဒါနဲ့ အဓိပ္ပာယ်မဲ့ မှန်ရှေ့ရပ်မိလိုက်တယ်
ဟင် !!!!!!!!!!!!!
မှန်ထဲမှာ ဘယ်လဲဟ ! ! ! !
ငါဟာ ငါနဲ့ မတူတော့ဘူး . . . .
(တုန့်လှုပ်ခြောက်ခြားသွားတယ်)
သေချာကြည့်လေ မတူလေပဲ . . . .
ငါ ဒီမျက်နှာနဲ့ နေတာ
ဘယ်လောက်ကြာသွားပြီလဲ ? ? ? ?
မှန်မကြည့်ပဲ အိပ်နေတာ ကြာပြီလေ။
အရင် မျက်နှာ ပြန်လိုချင်နေတာလား ? ? ? ?
ဒါပေမဲ့ . . . .
ဒီမျက်နှာက နည်းနည်း လူရာဝင်သလိုပဲ

Sunday, January 18, 2009

ကျွန်တော့်မြို့

ကျွန်တော် ပိုင်တဲ့မြို့လေးမှာ
ကျောက်တိုင်လေး တတိုင်စိုက်ထူထားတယ်။
" ကဗျာသေးသေးလေး "ဆိုတဲ့
စာတမ်းလေးပေါ့ ခပ်မှိန်မှိန်လေးပါပဲ . . . .
မသိတဲ့သူဆို ကျော်သွားလောက်သော
ဘာမှ မထူးခြားတဲ့ သူလို ကိုယ်လို ကျောက်တိုင်လေးပါ
အဲ့မြို့လေးထဲမှာ သူလို ကိုယ်လို ခံစားချက်တွေ
ဖွံ့ဖြိုးတယ်၊ ဆုတ်ယုတ်တယ် . . . .
အောင်မြင်တယ်၊ ကျရှုံးတယ် . . . .
ပိုင်ဆိုင်တယ်၊ စွန့်လွှတ်တယ် . . . .
ချစ်တယ်၊ မုန်းတယ် . . . .
ခွင့်လွှတ်တယ်၊ နာကျည်းတယ် . . . .
မြို့အင်္ဂါနှင့် ညီညွှတ်အောင်
ရံဖန် ရံခါ မကောင်းမှုတွေ ကျူးလွန်တယ်
ကောင်းမှုတွေ ပြုလုပ်တယ်။
ဟာသတွေ ရှာဖွေတယ် . . . .
စိတ်ရှုပ်စရာတွေ ဖေါ်ထုတ်တယ် . . . .
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေရှိသလို
တွေဝေတဲ့ အပြုမူတွေတွေ့တတ်တယ် . . . .
ကိုယ်ပိုင် ခံစားချက်တွေရှိသလို
အငှားခံစားချက်တွေ ပါဝင်တယ် . . . .
တခါတခါ ဒီမြိုကလေးကို အလှဆင်သလို
တခါတခါ ဒီမြို့လေးထဲက ထွက်ပြေးတယ် . . . .
တခါတရံ မြို့လေးက အေးချမ်းပြီး
တခါတရံ မြို့လေးက ပူလောင်တယ် . . . .
ဖြစ်လေ့ ဖြစ်ထရှိတဲ့ မြို့လေးရဲ့ ပုံစံကတော့
စိုပြေလိုက် ခြောက်သွေ့လိုက်ပေါ့ . . . .
ဒီမြို့လေးထဲမှာ . . . .
အဖြစ်ပျက်ပေါင်းများစွာ ပျက်စီးနေသလို
အဖြစ်ပျက်ပေါင်းများစွာ တည်ရှိနေတယ် . . . .
မြို့လေးထဲမှာ ပြေးလွှား ခုန်ပေါက်နေတတ်သလို
တနေရာရာမှာ ငြိမ်ငြိမ်သက်သက် ခွေနေတတ်တယ်။
(စိတ်ဗလာဖြစ်နေရင်ပေါ့)
ငါ့ မြို့လေးထက် တစ်ခြားမြို့ကို
ပိုချစ်တတ်တယ် . . . .
ငါမြို့လေးထက် အဲ့ မြို့လေးမှာ
နေထိုင်ရတာ နှစ်သက်တယ် . . . .
ဘာပဲဖြစ်နေဖြစ်နေ ဒီမြို့လေးက
ငါ့ မြို့လေးပဲ . . . .

Saturday, January 10, 2009

မိဘ


ဒီနေ့ အမေများနေ့တဲ့ မှတ်မှတ်ရရ ကဗျာဟောင်းလေး ပြန်တင်လိုက်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

တစ်ချို့မိဘတွေက သူ့တို့သားသမီး
မျက်နှာငယ်မှာစိုးလို့ သူတို့တတ်နိုင်သလောက်
ဝယ်ယူဖြည့်ဆည်းပေးကြတယ်။
တစ်ချို့မိဘတွေက သူ့တို့သားသမီး
မျက်နှာငယ်မှာ စိတ်မ၀င်စားဘူး
ပိုက်ဆံမကုန်ရင်ပြီးတာပဲ။

တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေကို
ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်မှုနဲ့ ရင့်ကျက်မှုကို နားလည်အောင်
သင်ကြားပေးကြတယ်။
တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေကို
အရာရာ သူတို့လက်အောက်မှာထားပြီး
မိသားစုရဲ့ ဘယ်အရေးကိစ္စကို မဆို
ဝင်ရောက်ဆွေးနွေးခွင့်မပြုဘူး။

တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေ
ဘယ်နေရာမှာ မှားယွင်းပါစေ၊ ကျရှုံးပါစေ
သားသမီးရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး
အားပေးဖြေရှင်းတတ်ကြတယ်။
တစ်ချို့မိဘတွေက သူ့တို့ရဲ့

အရွယ်ရောက်ပြီးသား သားသမီးတွေရဲ့
ကျရှုံးမှု၊ မှားယွင်းမှုတွေကို
ရှုံချပြီး အသုံးမ၀င်တော့လောက်အောင်
ဆူပူကြိမ်းမောင်းတယ်။

ကျနော်ရဲ့ ဇာတိမြို့လေး


ဒီပုံလေးက
ကိုကေလာ ဆီက ယူထားတာပါ။
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
Nike, Giordano, Crocodile တွေမသိဘူး။
ကျနော်သိတာက . . . .
အဖေကိုယ်တိုင် ချုပ်ပေးတဲ့ ရှပ်အင်္ကျီလေး နဲ့
သဲတောဝမ်းတွင်းက ထွက်တဲ့ လုံချည်တွေပဲသိတယ်။

Toyota, Mzada, Nissan, Suzuki ဆိုတဲ့ ကားတွေမသိဘူး။
ကျနော်သိတာက........
နွားတစ်ရှဉ်းဆွဲတဲ့ နွားလှည်း နဲ့
မြင်းတစ်ကောင်ဆွဲတဲ့ မြင်းလှည်းပဲသိတယ်။

Telephone, Handphoneတွေ မသိဘူး။
ကျနော်သိတာက . . . .
၇ အိမ်ကြား ၈အိမ်ကြား အော်သံတွေနဲ့
"ရွာအနောက်ပိုင်းကို ညည်းရောက်ရင်
သာလှကို အိမ်ကိုလာဖို့ပြောပေးပါ" ဆိုတဲ့
လှမ်းမှာသံတွေပဲကြားရတယ်။

VCD, DVD, TV, Internet တွေ မသိဘူး။
ကျနော်သိတာက . . . .
သူကြီးအိမ်က ၁၄ လက်မ Black and White TVလေးပါပဲ။

ဘာဂါ၊ ပီဇာ၊ ဒိုးနပ်တွေ မသိဘူး။
ကျနော်သိတာက . . . .
အရီးလေးရဲ့ ဘိန်းမုန့် နဲ့ မုန့်ပျားသလက်ပါပဲ။

မနက်စာအဖြစ်စားကြတဲ့
ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ကို မသိဘူး။
ကျနော်သိတဲ့ . . . .
မနက်စာကတော့ မနေ့ညက ကျန်တဲ့
ထမင်းကြမ်းကို ပဲပေါင်း နဲ့ စားတာပါပဲ။

လျှပ်စစ်မီး၊ အင်ဗက်တာ မသိဘူး။
ကျွန်တော်သိတာက . . . .
လပြည့်ည နဲ့ ရေနံ့ဆီနီးခွက်လေးပါပဲ။

အဲယားကွန်း၊ ရေခဲသတ္တာတွေ မသိဘူး။
ကျနော်သိတာက . . . .
သင်ဖြူးဖျာလေး နဲ့ မြေအိုးလေးထဲက ရေလေးတွေပါပဲ။

ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။

အခု ကျနော်မသိတာတွေ သိတယ်။

ပဲပေါင်း=ပဲပြုတ် (ပျဉ်းမနားက ပဲပြုတ်ကိုပဲပေါင်း ဟုခေါ်ပါသည်။)


Wednesday, December 17, 2008

အလင်းတု

ဆားချက်ခြင်းမဟုတ်ပါ။ တက္ကသိုလ် ဒုတိယနှစ်လောက်က ရေးထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပြန်ဖတ်မိလို့ တင်လိုက်ပါတယ်။ ဝေဖန်ပေးကြပါဦး။


ငါသည် အိပ်ယာထက်၌ ရှိသည်။
ထိုအတူ . . . . .
ငါသည် ကျောင်းသို့ သွားသည်။
မင်း . . . . အိပ်ယာအထက်၌ ရှိသည်။ မရှိသည်။
ငါသိသည်။ ထို့အတူ ငါမသိ။
ဒီဇင်ဘာရဲ့ သူရိန်နေမင်းသည်
ကြရှည်ထွန်းလင်းခွင့် မရ။
ငါကိုယ် ငါ လင်းလက်မည်။
ဖယောင်းတိုင်ရဲ့ အလင်း*
ငါအလိုမရှိ . . . .။
ငါ့ကို ငါ အမှောင်ချမည်။
ငါကိုယ် ငါ ယူဆောင်မည်။
ငါ၏ လင်းလက်မှုဖြစ်သည်။

*= သဘာဝမဟုတ်သော အလင်း

Wednesday, December 3, 2008

ကဗျာသည်

ငါဟာ လမ်းဘေးက
ခပ်ပိန်းပိန်းကဗျာသည်လေးပါ။
သူများတွေလို လာပါယူပါလို့လဲ
တစာစာမအော်နေတတ်ဘူး။
ဖက်ကြမ်းဆေးလိပ်တိုလေး ခဲပြီး
ငုတ်တုတ်ထိုင်နေယုံပဲတတ်နိုင်တယ်။
ဖြန့်ခင်းထားတဲ့ ဈေးဗန်းလေးကို ကြည့်ပြီး
တစ်ချို့က မင်းရေးထားတာရော ဟုတ်ရဲ့လား . . . .
တစ်ချို့က ငါ့ ပုခုံးကို ပုတ်ပြီး ကြိုးစားကွာ . . . .
ဘာပဲဖြစ်ဖြစ် ပစ္စည်းအရည်သွေးကို
အကဲခတ်ခွင့်ရှိတယ်။
ဒါပေမဲ့ . . . .
ပြီးပြီးရော ဖြစ်သလို ထုတ်ခဲ့
ပစ္စည်း အရေအတွက် မပါဘူး။
တန်ဖိုးကြီး စာရွက် လှလှတွေနဲ့ ရေးထားပြီး
Quality အော်တဲ့ ဈေးသည်တွေထဲ
ငါ . . . . မပါဘူး။
ငါ့ ပစ္စည်းကို အာမခံရဲတယ်။
ကြည့်လိုက် . . . .
ငါ့ နှလုံးသွေးတွေ တစက်စက်ကျနေတာ တွေ့လိမ့်မယ်။

Friday, October 17, 2008

ပျော်စရာ

အကြံပေးကြတာပေါ့
နင့်ကဗျာက ဖတ်လိုက်ရင် စိတ်ညစ်စရာတွေပဲ
ပျော်စရာလေးတွေရေးပေါ့တဲ့
အော် အင်းပေါ့
ဂျဲဂျယ်ပဲ ဘာရမလဲ
ကဗျာသေးသေးတွေရေးနေတဲ့
ခပ်ပိန်းပိန်းကောင်လေးပဲ
ဒီလောက်တော့ရတာပေါ့လို.
ကဲ . . . . ရေးမယ်လဲဆိုရော
ပျော်စရာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ
စဉ်းစားနေတာ . .. .
အခုမှသတိရတယ် . . . .
ငါ ကြုံတောင်မကြုံဘူးလိုက်ဖူးထင်တယ်။
အင်းပေါ့ . . .. .
ဘာရမလဲ ကဗျာသေးသေးတွေရေးနေတဲ့ကောင်ကွ
ကြံဖန်ရေးမှာပေါ့ကွ
ကဲ ခပ်ပိန်းပိန်းကဗျာတွေ ထွက်စမ်းပေါ့ ဆိုပြီး
ကြိမ်းမောင်းလိုက်တာ
ခေါင်းသာ အချိုးရာထင်သွားတယ် . . . . .
ထွက်မလာဘူး . . . .
ဟူး . . . . .*
*သက်ပြင်းအရှည်ကြီးချသံ

Friday, October 3, 2008

ကျွန်တော့်ညီလေး

စကားတွေ ပြောကြရင်းနဲ.
သူ.မှာက အစ်ကို မရှိ.........
ကျွန်တ်ာမှာက ညီမရှိ........
သွေးဖောက် သောက်စရာမလိုပဲ.....
ညီအစ်ကိုတွေ ဖြစ်သွားကြတယ်။

သူက ကျွန်တော်ကို
အစ်ကိုရင်းတစ်ယောက်လို
လေးလေးစားစားဆက်ဆံသလို
ကျွန်တော်ကလည်း
ညီအရင်းတစ်ယောက်လို
လူကြီးယောင်ဆောင်ထားတဲ့
ဆုံးမစကားတွေ ပြောဖြစ်တယ်။

သူ.မှာက မိဘတွေ မရှိတော့လို.
မိဘမေတ္တာ လိုချင်နေတယ်။
ကျွန်တော့်မှာ မိဘရှိပြီး
မိဘမေတ္တာ မရဘူး။
သူ.နဲ.ကျွန်တော်
ဘာမှမကွာပါဘူး။

သူက ကျွန်တော်ကို အားကျသလို
ကျွန်တော်လည်း သူ.လို နေချင်တယ်။

ပြီးတော့..............
သူက ကိုယ်ငါးချဉ် ကိုယ်ချဉ်တတ်သေးတယ်ဗျာ။
(ဟဲဟဲ ကျွန်တော်ကို တော်တယ်ပြောလို.)

Tuesday, July 22, 2008

ရထားပေါ်က ငါ့ဘဝ

ငါ...............
ဖြတ်သန်းလာတဲ့ ဘ၀က
ရထားပေါ်မှာလိုပဲ
ရှုပ်ထွေးတယ်...........။
ဆူညံတယ်...........။
ငါ ဘ၀က...........
သိုးနေတဲ့ အသုတ်တစ်ပွဲလိုပဲ
တန်ဖိုးမဲ့နေတယ်...........။
မင်းမစားပါနဲ့.................။
မူးသူ မလိုက်ပါရ.............။
ဈေးသည် မလိုက်ပါရ.............။
အိပ်သူ မလိုက်ပါရ.............။
ရိုးရိုးတန်းစီးသူ မလိုက်ပါရ.............။
ချစ်သူ မလွမ်းသူ မလိုက်ပါရ.........။