လူတစ်ယောက်မှာ သည်းခံစိတ်ဆိုတာ အတိုင်းတာတခုထိပဲရှိတယ်။ အရမ်းသည်းခံနိုင်တဲ့ သူကို ကြိုက်သလောက် စိတ်ဆိုးအောင်လုပ် ပြီးရင် ပြန်ချော့ရတယ်။ ဒါပေမဲ့ သူသည်းခံနိုင်တဲ့ အတိုင်းတာကျော်သွားရင် ပုံမှန်လူထက် ဒေါသထွက်တာ၊ စိတ်နာတာ ပိုကြီးတယ်။ (စိတ်ဆိုးတာမဟုတ်ဘူးနော်၊ စိတ်နာတာနဲ့ စိတ်ဆိုးတာ မတူဘူး။ စိတ်ဆိုးတာ ချော့လို့ရတယ်။ စိတ်နာရင် တသက်လုံး အမာရွတ်ကျန်နေရော သတိရတိုင်း ပြန်ပြန် သတိရနေတတ်တယ်။) အမှတ်ကြီးတဲ့သူ၊ ကလဲ့စားပြန်ချေတတ်တဲ့သူဆို ပိုဆိုးတယ်။ ဒါမှ မဟုတ် ခဏခဏ မာန၊သိက္ခာကို ထိလာတာ ဆိုရင်တော့ ပြောဖွယ်ရာမရှိပေါ့။ စဉ်းစားကြည့်လေ ဘယ်သူပဲ ဖြစ်ဖြစ် သူတောင်းစားဖြစ်ဖြစ်၊ သူဌေးသားဖြစ်ဖြစ်၊ ပညာရှိဖြစ်ဖြစ်၊ ပညာ မတတ်တဲ့သူ ဖြစ်ဖြစ် မာနနဲ့ သိက္ခာကတော့ သူဟာနဲ့သူ ရှိတာပဲ ဘာမှ မတတ်တဲ့၊ ဘာမှ မရှိတဲ့ သူဆို ပိုပြီး မာနကြီးတတ်တယ်။ သူမှာ ဘာမှ မရှိတော့ အားငယ်စိတ်နဲ့ ကျားကန်ထားရတော့ ပို မာနကြီးတယ်။ သိက္ခာကို ပိုတန်းဖိုးထားတယ်။ ကျွန်တော့်လို ခပ်ပိန်းပိန်းကောင်လေးမှာလဲ ခပ်ရဲ့ရဲ့ မာနရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘာရယ်မဟုတ်ပဲ ပြောလိုက်တာဆိုပေမဲ့ သူများရဲ့ မာန၊သိက္ခာကို ထိပါးသလို ဖြစ်သွားရင် ပြောတဲ့ သူက ဘာမှ မဟုတ်ပေမဲ့ ခံရတဲ့ သူက နင့်နေအောင် ခံရတတ်တယ်။ ကျွန်တော်ကိုယ်တိုင် သူများကို ပြောခဲ့ဖူးသလို အပြောလဲ ခံခဲ့ရဖူးပါတယ်။ အခုလဲ လူပုံလည်မှာ မျက်နှာကို စီးထားတဲ့ ဖိနပ်နဲ့ ချွတ်ပြီး ဖြတ်ရိုက်သလိုကို ရှက်သွားတယ်။ ဘယ်သူမှ မရှိပေမဲ့ ကိုယ်လိပ်ပြာ ကိုယ်ရှက်တယ်။ ဘယ်သူမှ မသိပေမဲ့ ကိုယ်ကိုတိုင်သိတယ်။ ကိုယ့်ကိုကိုယ် အဲ့လောက် ရှက်စရာကောင်းလောက်အောင် လုပ်နေမိတယ်လို့ မသိဘူး။
Error တက်နေလို့ပါ။ wordpress အိမ်လေးက ကလိလို့ ဘာဖြစ်မှန်း မသိဘူးဖြစ်တာနဲ့ ဒီအိမ်လေး ခဏပြန်သုံးတယ်း)
Showing posts with label ကျတော့အကြောင်း. Show all posts
Showing posts with label ကျတော့အကြောင်း. Show all posts
Tuesday, March 3, 2009
Wednesday, January 21, 2009
ငံပြာရည်ပုလင်းမှောက်ခြင်း (new year)
မှတ်ချက်း ကျွန်တော့်အမဖြစ်တဲ့ မဝါဝါခိုင်မင်းရဲ့  အမှတ်တရလေးများ ဘလောဂ်မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်..
တီတီဝါ ခွင့်ပြုသလို အားလုံးလဲ ခွင့်ပြုတဲ့ အတွက် ကျေးဇူးပါ။
နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
တီတီဝါ ခွင့်ပြုသလို အားလုံးလဲ ခွင့်ပြုတဲ့ အတွက် ကျေးဇူးပါ။
နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အမျိုးအစား
ကျတော့အကြောင်း
Thursday, January 15, 2009
ရထားလမ်း
ခရီးသည် ။ ။ ဟေ့ ဖိုးဂျယ် (ရထားကြီးနာမည်)
ရထားကြီး ။ ။ ဘာလဲကွ
ခရီးသည် ။ ။ ခင်ဗျား ကြည့်ရတာ အိုဟောင်းဆွေးမြေ့နေတာပဲ
ရထားကြီး ။ ။ ဟေ ဟုတ်လား ငါလည်းမသိရပါလား
ခရီးသည် ။ ။ ခင်းဗျားကို ပြင်မဲ့ စက်ပြင်ဆရာ မရှိဘူးလားဗျ
ရထားကြီး ။ ။ အေး မရှိဘူးကွ ဟော ဟဲ ဟော ဟဲ
ခရီးသည် ။ ။ ဘာဖြစ်နေတာလဲ ခင်ဗျားကြည့်ရတာ ပင်ပန်းလိုက်တာ
ရထားကြီး ။ ။အတွေးတွေကို ခွမောင်းလာရတာ ဘယ်လောက်
ပင်ပန်းလဲ မင်း စဉ်းစားကြည့်ပေါ့ဟ
ဟုဆိုပြီး ရထားကြီးလဲ ရှုး ရှဲ ရှုး ရှဲနဲ့ ပြောပြီး ဆက်မောင်းသွားတယ်။
စာရေးဆရာတစ်ယောက်ရဲ့ အတွေးလေးကို ယူသုံးထားတာပါ။ ဘယ်သူလဲတော့ အတိအကျ မမှတ်မိတော့ပါဘူး။ ဆရာ တာရာမင်းဝေ (သို့) ဆရာ မင်းခိုက်စိုးစန်လို့ထင်ပါတယ်။
အမျိုးအစား
ကျတော့အကြောင်း
Tuesday, January 13, 2009
နှစ်သစ်နဲ့ နှစ်ဟောင်းအကူး ညလေးမှာ
မောင်ရှင်းသန့် tagထားတဲ့ မနေ့က ညဆိုပေမဲ့ ဘယ်နှစ်ရက်မှန်းမသိတော့ပါဘူး။ သူဆိုလိုချင်တာက ၂၀၀၈ နောက်ဆုံးရက်မှာ နှစ်သစ်နဲ့ နှစ်ဟောင်းအကူး ညလေးမှာ ဘာလုပ်လဲဆိုတဲ့ tagလေးပေါ့။
ပထမတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီလိုပဲ အစ်ကိုတို့ လင်မယားနဲ့ Marina bay သွားမယ်ဆိုပြီးတော့ စဉ်စားထားပေမဲ့ သွားရင်ကောင်းမကောင်း စဉ်းစားပြီးမှ အိမ်မှာပဲ ဘလော့လည်မယ်ဆိုပြီး အိမ်မှာပဲ နေခဲ့လိုက်တယ်။ ဒါနဲ့ ၉း၀၀ လောက်ရောက်တော့ New year wish တွေ ပို့ဖို့ သတိရပြီး များပြားလှတဲ့ သူငယ်ချင်း ၆ယောက်ကို ပို့လိုက်ရော ဒီမှာပဲ ချစ်လှစွာသော ချစ်ဖလို့ စနေတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက ကျနော် SMS မြင်မှ သတိရရှာပြီး ဘယ်မှာလဲ ?? ဘာလုပ်နေလဲလို့ သတိတရမေးရှာပါတယ်။ ဒီတော့ ငါအိမ်မှာဆိုတော့ Sentosa လာမလားတဲ့ သူ့သူငယ်ချင်းတွေနဲ့ အတူတူရှိနေတာတဲ့ ဘီယာတိုက်ပါ့မယ် လာခဲ့ပါလားတဲ့ သူနဲ့က စင်ကာပူရောက်မှ ကျောင်းမှာ ခင်တာလေ ကျနော်က ဆက်ဆံရေးအရမ်းကောင်းတော့ မြန်မာတွေ များပေမဲ့ သူငယ်ချင်း ၄ယောက်ကြီးများတောင် ခင်တာ နှစ်ယောက်က ယောင်္ကျားလေးလေ ချစ်ဖရယ်၊ နောက်တစ်ယောက်က ရဲမင်းတဲ့။ နောက်မိန်းကလေးနှစ်ယောက်က ချစ်ဖရဲ့ ကောင်မလေးရယ်၊ သူ့ ၀မ်းကွဲအစ်မရယ် ဟဲဟဲ အဲ့လို ဆက်ဆံရေးပြေပြစ်တာနော်။ ဒါနဲ့ ချစ်ဖက လာခဲ့တဲ့ ဒီမှာ သူ့ကောင်မလေးရယ် သူ့ ကောင်မလေးရဲ့ အစ်မအတွဲရယ် ရှိတယ်တဲ့ ဒီတော့ နည်းနည်းတော့ အားရှိသွားတယ်။ ဟုတ်တယ်လေ ခင်တဲ့ သူငယ်ချင်းတွေ ၃ယောက်ဆိုတော့ နည်းနည်း အားရှိတာပေါ့။ ဒါနဲ့ အေး လာမယ်ဆိုပြီး ရေချိုးပြီး ထွက်လာတယ်။ အိမ်ရှေ့မှတ်တိုင်ကနေ Vivo Cityကို သွားတဲ့ Busကို စီးသွားလိုက်တယ်။ Vivo City ရောက်တော့ ဓာတ်လှေကား စီးဖို့ တန်းစီရတယ်။ နှစ်ထပ်ဆိုတော့ နှစ်ခါတောင် တန်းစီရတယ်။ မသိရင် တခုခု အလကား ပေးနေတာကျနေတာပဲ။ အရှည်ကြီးပဲ ဒီတခါပဲ ထူးထူးဆန်းဆန်း ဓာတ်လှေကားစီးဖို့ တန်းစီရတာကြုံဖူးတယ်။ ဒီမှာက တကယ်တော့ သွားစရာ နေရာက များများစားစား မရှိဘူးလေ။ ဒီနေရာလေးတွေပဲ ပတ်သွားနေရတာ . . . . ဒါနဲ့ ၁၀ ခွဲလောက် သူငယ်ချင်းတွေဆီ ရောက်သွားတယ်။ ရောက်တော့ သူ့တို့အတွဲ နှစ်အတွဲရဲ့ ကောင်မလေးတွေက မူးပြီး ရစ်နေပြီလေ။ ကျနော်ရောက်တော့ Chivas Regal နှစ်လုံး ပြောင်သွားပြီတဲ့ ကောင်းရော ဒါပေမဲ့ ကျနော်ကလဲ အိပ်ရေးတွေပျက်နေတော့ မသောက်ခင်တည်းက မူးနေပြီလေ လာကတည်းက ဘီယာလောက်ပဲ သောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာလေ။ သောက်လိုက်ရင် လဲသွားနိုင်တယ်လေ။ ဒါနဲ့ ကမ်းစပ်မှာ မတ်တပ်ရပ်ပြီး ပြင်လယ်ပြင်ကြီး ကြည့်ပြီး ဘီယာလေးသောက်လိုက် တွေးချင်ရာတွေးလိုက်ပေါ့။ ဒီလိုပါပဲ တောင်တွေးမြောက်တွေးပေါ့။ ဒါနဲ့ တော်တော်ကြာတော့ သူငယ်ချင်းက သတိရပြီး ဘယ်ရောက်နေလဲ ဖုန်းခေါ်တော့မှာ ၀ိုင်းထဲ ပြန်ဝင်လာလိုက်တယ်။ ဒီလိုနဲ့ စကားပြောရင်းနဲ့ ချစ်ဖ မင်း Alarm ပေးထားလားကွပေါ့။ အမှန်တော့ ကျနော်က ဖုန်းထုတ်ကြည့်ရမှာ ပျင်းလို့ အစဖေါ်လိုက်တာ သူငယ်ချင်းကလဲ အားကိုးရတယ်။ သူများအော်ရင် လိုက်အော်ယုံပေါ့တဲ့ ကောင်းရော မင်းကလဲ ကြည့်ပါကွဆိုတော့မှ ထုတ်ကြည့်တယ်။ ၁၁း၅၈ ရှိနေပြီ ဒါနဲ့ အားလုံးမတ်တပ်ရပ်နေတုန်း ပြင်လယ်ထဲက သင်္ဘောကလဲ သြအော် ဆွဲတော့မှ ကဲကဲ အားလုံးလာဆိုပြီး ဘာရယ်မဟုတ်ဘူး။ ငယ်ငယ်က ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆော့ပုံမျိုး Happy New Year ဆိုပြီး ကျဉ်းလိုက် ကျယ်လိုက်နဲ့ အော်လိုက်ဟစ်လိုက် လုပ်နေကျတယ်။ အဲ့တာလေးကတော့ တကယ့်မှတ်မှတ်ရရလေးပဲ။ ပြီးလဲ ပြီးရော ကျနော်လဲ ဘာရယ်မဟုတ်ဘူး ဘီယာတစ်ဘူးနဲ့ ကမ်းစပ်မှာ သွားရပ်မိပြန်တယ်။ ကမ်းစပ်မှာ ရေဆော့ရင်းနဲ့ ပြင်လယ်ထဲက သင်္ဘောတွေ ညဖက်ကြည့်ရတာလဲ အရသာတမျိုးပဲလေ။ ဒါနဲ့ ခဏနေေ Elevenမှာ သွားဝယ်မယ် လိုက်ခဲ့ဆိုတာ နဲ့ လိုက်သွားတယ်။ ပြန်လာတယ် သောက်တယ် စကားပြောတယ်။ ဒီလိုနဲ့ မနက် ၅ ခွဲလောက်ကျတော့ အားလုံး သိမ်းစရာရှိတာ သိမ်းပြီး Busနဲ့ ပြန်လာတယ်။
မောင်ရှင်းသန့်ရေ နှစ်သစ်ကူးညက လုပ်ခဲ့တာလေးပေါ့။ နှစ်သစ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကူးတော့ မရှိသေးပါဘူး။ အခုလို tag တာ ကျေးဇူးပါ။ နောက်ကျသွားတာ စိတ်မကောင်းပါဘူး။ နေမကောင်းတာနဲ့၊ ကျောင်းက ပြန်တက်နေပြီဖြစ်လို့ပါ။

TAG,
ကျတော့အကြောင်း
Wednesday, December 31, 2008
hApPy n3w y3aR
ပျော်ရွှင်စရာ နှစ်သစ်ကူးလေးဖြစ်ပါစေ
အားလုံးသော ဘလော့မောင်နှမတွေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ
အမျိုးအစား
ကျတော့အကြောင်း
Monday, December 29, 2008
ခွင့်စာ
ခွင့်စာဆိုလို့ ဒီခပ်ပိန်းပိန်းကောင်လေး ဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်တာပါလိမ့်လို့ မတွေးလိုက်ကြပါနဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်လဲ မဟုတ်ပဲနဲ့ ဘာလို့ မင်းက ခွင့်စာတင်ရတာလဲကွလို့ပြောရင် ကျတော် ၂၀၀၉ ရောက်ရင် ကျတော် ပျောက်နေတဲ့ အနာဂတ်ကို ကြိုးစား ရှာဖွေရတော့မှာပါ။ ကျတော်က လက်ရှိမှာ ပစ္စုပ္ပုန်လဲ မသိ အတိတ်လဲမရှိ အနာဂတ်ဆိုတာ ဘာလဲ မေးရမဲ့ ကောင်ပါ။ အခုအချိန်မှာ အားမွေးမယ်ဆိုပြီးတော့ တစ်ယောက်တည်း ကျိတ်ပြီး တိတ်တိတ်လေး နေချင်ပြန်ပါတယ်။ ဘလော့ သံယောဇဉ်တော့ ပြတ်နိုင် မပြတ်နိုင် မသိပေမဲ့ အချိန်ကတော့ တော်တော် လုရမှာပါ။ လက်ရှိတက်နေတဲ့ ကျောင်းအပြင် Short Course တခုပါ ညဘက် တက်မှာ ဖြစ်တဲ့ အတွက် အိမ်ပြန်ရောက်ချိန်ဟာ ည ၁၁နာရီ ၀န်းကျင် ဖြစ်နိုင်ပါတယ်။ အရင်က ကျောင်း တက်ချင်ယောင်ဆောင်ခဲ့တဲ့အတွက် အခုကျောင်းပြန်ဖွင့်ရင်တော့ ကျောင်းသေချာတက်ပြီး စာသေချာလုပ်ရတော့ပါမယ်။ အခုကျောင်းပိတ်ရက်မှာလဲ ယောင်ခြောက်ဆယ်လုပ်ရင်း ဇီးကွက်ဖြစ်နေတဲ့အတွက် လူလဲ ဂျပိန်ညောင်မျိုးဖြစ်နေပါပြီ (မောင်မျိုးရေ လက်စားချေတာဟေ့) ဒါကြောင့် ခွင့်စာ ကြိုတင်ထားတာပါ။ အခုတည်းက စိတ်ကို အေးအေးဆေးဆေး နားချင်တာရယ်၊ ကျတော့ အိမ်လေးထက် သံယောဇဉ်ရှိတဲ့ ငပေါဂေဟာလေးမှာ လုပ်စရာလေးတွေရှိတာကြောင့်ပါ။ ဒါကြောင့် Tag လေးကို အမြန်ဆုံးရေးသားလိုက်ရတာပါ။ အကယ်၍ အိမ်လိုက် မလည်နိုင်ခြင်း၊ ပိုစ့် အသစ် မတင်နိုင်ခဲ့ပါက တောင်းပန်ပါတယ်။ အချိန်ကုန်ခံ လာလည်ပြီး ဘာပိုစ့်မှ မရှိရင် အားနာစရာကောင်းလို့ပါ။ ခဏပိတ်ထားမယ်ဆိုလဲ ၀ိုင်းပြောမဲ့ မောင်နှမတွေရှိနေတော့ ပိတ်မယ်လဲ မပြောရဲဘူးလေ။ ကျောင်းပိတ်ရက် စနေ နှင့် တနင်္ဂနွေတော့ ဘလော့ မရေးနိုင်ရင်တောင် အိမ်တွေလိုက် လည်ပြီး စာတွေဖတ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကျတော်မှာ လုပ်စရာက ဒီအလုပ်ပဲရှိတယ်လေ။ ဘလော့မှာ စာလိုက်ဖတ်ရတာ ၀တ္ထုစာအုပ် ဖတ်ရတာနဲ့ မတူပါဘူး။ ကိုယ်ပိုင်ဟန်တွေနဲ့ ရေးသားထားတဲ့ ပုံစံမျိုးစုံသော ရသတွေ၊ ဗဟုသုတတွေ၊ အချစ်တွေ၊ အလွမ်းတွေ၊ ပျော်စရာလေးတွေကို တယောက်တမျိုး မရိုးအောင် ခံစားလို့ရတယ်လေ။ စီဘောက်အော်ခဲ့ရတာလဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘလော့ဂါ ဘ၀လေးလေ။ ကျတော်ဘ၀မှာ ချစ်ခင်ရင်းနှီးတဲ့ မောင်နှမတွေကိုလဲ ဒီဘလော့လေးကနေရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂါဘ၀လေးကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။
အမျိုးအစား
ကျတော့အကြောင်း
Sunday, November 30, 2008
ချစ်ညီ ရန်နိုင်

ကျတော့ ချစ်ညီလေးလွမ်းသင့်သူပါ။ ကျတော် Blog ပိုးသွင်းပေးလိုက်ပါတယ်။ အခုမှ စလုံးရေစမဲ့ Blogger သစ်သစ်လေးပါ။ သူနဲ့ကျတော်အကြောင်းကို ဒီမှာဖတ်လို့ ရပါသေးတယ်။ သူမှာလိုအပ်တာ (သို့) အမှားအယွင်းရှိခဲ့ရင် အစ်ကိုဖြစ်သော ကျတော်မှာ တာဝန်ရှိပါတယ်။
ခင်မင်လျှက်
ဖိုးဂျယ်
ဖိုးဂျယ်
အမျိုးအစား
ကျတော့အကြောင်း
Saturday, November 29, 2008
နောက်ဆုံးအကြိမ် အိမ်ပေါ်မှဆင်းခြင်း
ဒီအကြောင်းလေးကို ရေးချင်တာကြာနေပါပြီ ဘယ်လို စရေးရမလဲမသိလို့ ပါ။
အဖေနဲ့ အမေက အိမ်မှာ အထည်ဆိုင် ဖွင့်ထားပါတယ်။ မြေညီထပ်မှာ အိမ်ခန်းတွေ ဖျက်ပြီးတော့ စတိုးဆိုင်သဘောပေါ့။ တိုက်ခန်းရဲ့ ၃ပုံ ပုံ ၁ပုံက ဆိုင်၊ ၁ပုံက မီးဖိုချောင်၊ ၁ပုံက အိပ်ခန်းပေါ့ အကြမ်းဖျင်းပြောပြတာပါ။ အဲ့မှာပဲ အိပ်၊ အဲ့မှာပဲ စားပေါ့၊ အိမ်မှာက အဖေ၊အမေနဲ့ ကျတော်ပဲရှိတယ်လေ၊ အစ်ကိုနှစ်ယောက်က စလုံးမှာဆိုတော့ နေရတာ အေးဆေးပေါ့၊ ကျတော်လဲ ကျောင်းက ညနေမှ ပြန်လာတာဆိုတော့ သိပ်ပြဿနာမရှိဘူးလေ။ နောက်တိုက်ခန်း တစ်ခန်းက ၃လမ်းလောက်တော့ခြားတယ်။ ဒါပေမဲ့ ကျတော်တစ်ယောက်တည်းကျတော့ စိတ်မချဘူးလေ။ ကဲပါ လေကြော နည်းနည်းရှည်သွားပြီ။ ဇာတ်လမ်းက ဆိုင်ကစတာဖြစ်လို့ ရှင်းပြနေရတာပါ။ဆိုင်က ညနေ ၇နာရီလောက်ဆို သိမ်းပါတယ်။ ၂၃.၀၄.၀၆ မှာ ကျတော် ဆိုင်သိမ်းရင်းနဲ့ ကုလားထိုင်ကို တိုက်မိပြီး ကုလားထိုင် လဲသွားပါရော အဲ့တာကို ဘာမဆိုင် ညာမဆိုင် အမေ လာပြီး ဆူတယ်ဗျာ။ ကျတော်က အမြဲနမော်နမဲ့နိုင်လို့ ဆူတာရပါတယ်။ ဘာမှမဆိုင်တဲ့ ပိုက်ဆံ ဘယ်နှပြားရှာနိုင်လို့လဲ ဘာလဲဆိုတဲ့ ကျတော် မာနလာထိတယ်လေ။ ပြီးတော့ ဘာမှမဆိုင်တဲ့ ဟိုးအရင်က လုပ်ခဲ့တာတွေရော စုံနေတာပဲ။ ကျတော်က အငယ်ဆုံးဆိုတော့ ပိုက်ဆံကို အစ်ကိုတွေလို ရော ၃သိန်း၊ ၄သိန်းဆိုပြီး မရှာနိုင်သေးဘူးလေ။ အလုပ်လုပ်မယ်ဆိုတော့လဲ လက်မခံကျဘူးလေ။ ဒါပေမဲ့ ကျတော်လုပ်နိုင်သလောက် ကူညီခဲ့တယ်။ ကျတော် ဒေါသဖြစ်တာက ပိုက်ဆံမရှာနိုင်ဘူးဆိုတဲ့ စကားပါ အမှန်တော့ ကျတော်မရှာနိုင်ပါဘူး။ ဒါပေမဲ့ ထားပါလိုရင်းမရောက်တော့ဘူး။ ကျတော်က ဗုဒ္ဓဟူးသားလေ ဆင်ကြံကြံတတ်တယ်။ အဲ့နောက်ပိုင်း ကျတော် ပိုက်ဆံကိုရသလောက် အိမ်က ခိုးတယ်။ ဟုတ်တယ်လေ မခိုးရင် ဘယ်ကသွားရှာမလဲ။ ဆွဲကြိုးတို့ ဘာတို့ချွတ်ရောင်းတာ တခါလေး လုပ်ဖူးပါတယ် ပြောမဆုံးလို့ မလုပ်ချင်တော့ဘူးလေ။ ပြီးတော့ ကျတော့်မှာ ရှိသမျှ အောင်လက်မှတ်တွေရယ်၊ ကဗျာရေးထားတဲ့ စာအုပ်တွေကို ထည့်ထားတဲ့ လွယ်အိတ် ၁အိတ်၊ အ၀တ်စားထည့်ထားတဲ့ အိတ်က ၁အိတ်နဲ့ ကြိုတင်ကြံစည်ထားတာလေ။ အဲ့အိတ်နှစ်လုံးနဲ့ ထွက်တာ မသိဘူးလားမေးရင် အိမ်က မသိဘူးလို့ပဲဖြေရမှာပါ။
၂၆.၀၄.၀၆ ကျတော့ ဟိုတယ်ကို လှမ်းပြီး Booking လုပ်ထားလိုက်တယ်လေ။
၂၇.၀၄.၀၆ ကျတော့ ညနေ ၃နာရီ ၀န်းကျင်လောက် အဲ့အိတ်နှစ်လုံးကို အိမ်ရှေ့ချထားတယ်။ သူတို့လစ်လောက်တော့ ဆွဲပြီးထွက်လာလိုက်တယ်။ အဲ့နေ့က ကျတော် ဘ၀မှာ ပထမဆုံးကြိမ် တစ်ယောက်တည်း ဟိုတယ် တည်းဖူးတာပဲ။ ဘယ်သွားသွား အိမ်နဲ့ပဲ သွားရတာလေ သူငယ်ချင်းတွေနဲ့ တခါမှ ခရီးမထွက်ဖူးဘူး။ သွားမှာက ဆီဆိုင်မြို့မှာ ရှိတဲ့ မွေးစားအမေရဲ့ တူမပေါ့။ တောင်ကြီးနဲ့ မိုင် ၇၀၊ ၈၀လောက်ဝေးမယ်ထင်တယ်။ သေချာမမှတ်မိတော့ဘူး။ ၀ယ်ထားတဲ့ ရထားလက်မှတ်က ၂၈.၀၄.၀၆ ၁၂း၃၀ဆိုတော့ တရက်ကြိုပြီး အိမ်က ထွက်ထားတာ သွားမဲ့နေ့မှဆိုရင် အစီစဉ်ပျက်မှာဆိုးလို့လေ။ ဒီလိုနဲ့ ထုံးစံအတိုင်း ရထားက ညနေ ၃နာရီလောက်မှ ထွက်တယ်။ ပထမ ကျတော်စဉ်းစားထားတာက မန္တလေးကနေ တောင်ကြီးကို တက်မယ်ပေါ့။
၂၉.၀၄.၀၆ ၂နာရီ ၀န်းကျင်လောက်မှာ သာစည်ဘူတာရောက်တော့ စိတ်ကလဲ မရှည်တတ်တော့ ဆင်းလိုက်တယ်။ ရန်ကုန်က မထွက်ခင်တည်းက ဘယ်ကနေ ဘယ်လိုသွားလို့ ရတယ်ဆိုတာ ကြိုကြည့်ထားတယ်လေ။ မန္တလေးက သွားလို့ရသလို သာစည်ကလဲ သွားလို့ရတယ်လေ။ ကိုယ်ကသာ အသုံးမကျတာ ဘာကိစ္စဖြစ်ဖြစ် ကြိုစီစဉ်ထားတတ်တဲ့ အကျင့်တော့ရှိတယ်။ ဒါနဲ့ ကားဂိတ်ကို ဘူတာကနေ သွားရင် ၅မိနစ်လောက် လမ်းလျှောက်ရင်ရတာကို မသိတော့ မြင်းလှည်းငှားစီးရတယ်။ ကားဂိတ်ရောက်တော့ တောင်ကြီးသွားမဲ့ ကားက တစ်စီးပဲရှိတော့တယ်တဲ့ နေရာက ခေါင်မိုးပေါ်ကနေ စီးရမှာလေ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ သာစည်မှာ အိပ်ရမှာထက်စာရင် တောင်ကြီးရောက်ရင် အဆင်ပြေမယ်ထင်တာကိုး တယောက်တည်း ခရီးမသွားဖူးတော့ မြန်မြန်ရောက်ချင်နေတာလဲပါတယ်။ ဒါပေမဲ့ တောင်ကြီးကို ဘယ်နှစ်နာရီကြာအောင် မောင်းမယ်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ မသိဘူးလေ။ ဒါနဲ့ ခေါင်းမိုးပေါ်ကနေ စီးသွားလိုက်တာ လမ်းရောက်တော့ မိုးရွာလာရော ကိုယ်က မိုးတွင်းဆိုတော့ ဘာအနွေးထည်မှမပါဘူး၊ မိုးကာ ပါးပါးလေးတစ်ထည်ပဲပါတယ်။ အဲ့လောက် အေးမယ်မှန်းလဲ မထင်ဘူးလေ။ တောင်ကြားတွေထဲဆိုတော့ အရိုးကွဲမတတ်ကို အေးတာဗျာ။ ပြီးတော့ ခေါင်မိုးပေါ်မှာလေ တော်သေးတာပေါ့ ကားသမားတွေက မိုးကာဖျင်ကြမ်းကြီးပါလို့ ကံကောင်းသွားတာပေါ့။ ဒါပေမဲ့ နောင်တတော့ မရခဲ့ဘူး။ ကျတော်က အဲ့လိုလဲ ခေါင်းမာတဲ့ကောင် ကျတော်ဆုံးဖြတ်ပြီးရင် ရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ကြံကမ္မာက မျက်နှာသာမပေးတော့ နောက်ဆုံး မတတ်နိုင်တဲ့ အခြေအနေမှာ လက်လျှော့ခဲ့ရတဲ့ အကြိမ်ပေါင်းမနည်းဘူး။ ထားပါ။ ဒါနဲ့ ကလောရောက်တော့ ကားခဏနားတာနဲ့ လူကအရမ်းချမ်းနေတော့ ၀ီစကီ နှစ်ပက်လောက်မှာပြီး ဆတ်သားခြောက်နဲ့ မြည်းနေတာပေါ့။ အဲ့အချိန်မှာ ကျတော်ရှေ့မှာ အကိုတစ်ယောက် ရမ်ကို ဘာအမြည်းမှမပါပဲ သောက်နေတယ်။ ဒါနဲ့ ကျတော်က အစ်ကို အမြည်းနည်းနည်စားပါလားဆိုပြီး ကျွေးလိုက်တယ်။ ကျတော်လုပ်ပုံက ရိုက်ပေါက်နော် တော်သေးတာပေါ့ သူကလဲ ဘာမှမပြောပဲ စားတယ်။ သူလဲ ကျတော်လိုပဲ စကားနည်းပုံရတယ်။ ဒါပေမဲ့ သူနဲ့ စကားတော့ ဆက်မပြောဖြစ်ဘူး။ ဒါနဲ့ ကားက လမ်းမှာ ဘီးပေါက်လိုက် ပျက်လိုက်နဲ့ ည ၁၀နာရီဝန်းကျင်လောက်ကျတော့ တောင်ကြီးရောက်သွားတယ်။ သူတို့ တည်းခိုခန်း တစ်ခုရှေ့ရပ်ပေးတယ်။ သွားနေကျလူတွေကတော့ ကိုယ်အိမ်ကိုယ် ပြန်တဲ့ သူကပြန် အဲ့တည်းခိုခန်းမှာ အိပ်တဲ့သူက အိပ်ဖို့ ၀င်သွားကျပြီ ကျတော်တစ်ယောက်တည်း တည်းခိုခန်းထဲလဲ ၀င်မအိပ်ရဲဘူးလေ။ ဒါနဲ့ ယောင်ချာချာဖြစ်နေတဲ့ အချိန် ကလောမှာ ကျတော် အမြည်းကျွေးတဲ့ အစ်ကိုက ညီလေး ဘယ်သွားမှာလဲတဲ့ ကျတော်က ဆီဆိုင်သွားမှာလို့ ပြောပြတော့ ဒါဆို အစ်ကိုနဲ့ အတူတူလိုက်ခဲ့ အစ်ကိုက ဆီဆိုင်သွားမဲ့ ကားထွက်တဲ့ ညောင်ပင်သာဂိတ်သွားမှာ (ဂိတ်နာမည်မှားပါ ပြင်ပေးကြပါ) အိပ်စရာလဲရှိတယ်လို့ ပြောတော့ ဘာမှမစဉ်းစားမိဘူးလေ။ အဲ့ လူသာ လူဆိုး လူလိမ်ဆို ကျတော်တော့ သွားပြီ။ ဒါပေမဲ့ အဲ့အချိန်မှာ မတွေးမိဘူးလေ။ မြို့လယ်ကောင်ကနေ အဲ့ ဂိတ်ကို အိတ်နှစ်လုံးနဲ့ လမ်းလျှောက်လိုက်ရတာ တော်တော်ပင်းပန်းတာပဲဗျ။ တော်တော်လဲဝေးတယ်။ ညစာကလဲ မစားရသေးဘူးလေ။ အဝေးပြေးကားဂိတ်ဆိုတော့ စားသောက်ဆိုင်တွေ၊ လူတွေ စည်စည်ကားကားရှိမယ်ထင်တာပေါ့။ ဟိုရောက်တော့ မှောင်မဲနေတာပဲ သူတို့ကားဂိတ်က တောင်ပေါ်ကားဂိတ်ဆိုတော့ မနက်ပဲထွက်တာလေ။ လူကသေချင်စော်တောင်နံနေပြီ တစ်နေကုန် ပင်ပန်း၊ဗိုက်ကလည်း ဆာနေပြီလေ။ ဒါပေမဲ့ ကိုယ်မကျွမ်းကျင်တဲ့နေရာဆိုတော့ ဘာမှမပြောနိုင်ဘူးလေ။ နောက်မှသိရတာ အဲ့အစ်ကိုက စစ်သားတဲ့ ရှေ့တမ်းကို ခွင့်စေ့လို့ ပြန်ရတာတဲ့ သူကတော့ ခံနိုင်ရည်ရှိတာပေါ့။ ကျတော်မှာသာ ဗိုက်ကဆာ အေးကအေးနဲ့ ကျတော်ထင်တာက အိပ်စရာရှိတယ်ဆိုတော့ ဟိုတည်ဖြစ်ဖြစ် တည်းခိုခန်းဖြစ်ဖြစ်ပေါ့။ ဟိုတည်းခိုခန်းကျတော့ မှောင်နေတော့ စိတ်က မလုံဘူးလေ။ ပြီးတော့ ကားဂိတ်ဆိုတော့ လူတွေအများကြီးရှိမယ်ပေါ့။ တကယ်တကယ်ကျတော့ ဂိတ်မှုးကို ဧည့်စာရင်းသဘောပြောပြီး ကျတော်နဲ့ အဲ့ အစ်ကို လက်မှတ်ရောင်းတဲ့ တိုက်ခန်းလေးထဲမှာ ကိုယ့်အိတ်ကိုယ် ခေါင်းအုန်း၊ ကိုယ့်ပုဆိုးလေးတထည်ခြုံပြီး တစ်ညလုံးအိပ်ရတယ်။
၃၀.၀၄.၀၆ မနက် ၅နာရီလောက်ကျတော့ ကားတွေထွက်ပြီ ထဆိုတော့ ထတာပေါ့၊ ပြီးတော့ အရှေ့က စည်ပိုင်းထဲကရေနဲ့ မျက်နှာသစ်လို့ အပြောတောင်ခံရတယ်။ တောင်ကြီးမှာ ရေရှားပုံရတယ်လေ။ ပထမဆုံး ကားမထွက်ခင် မနက်စာလေးကို ရှမ်းခေါင်ဆွဲလေး စားလဲပြီးရော။ ကျတော် သွားချင်တဲ့ ဆီဆိုင်မြို့သို့ဆိုသော ကားပေါ်ရောက်နေပြီလေ။ ဒါနဲ့ ၁၀နာရီဝန်းကျင်လောက်မှာ ကျတော့ရဲ့ ခရီးဆုံးဖြစ်တဲ့ ဆီဆိုင်ဆိုတဲ့ မြို့လေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တယ်။ မွေးစားအမေက ဖုန်းကြိုဆက်ဖို့ကြိုးစားပေမဲ့ ဖုန်းလိုင်းက မကောင်းမွန်တာကြောင့် အမက မသိခဲ့ဘူး။ ဒါနဲ့ စော်ဘွားကြီးအုတ်ဂူဆိုတာ ဘယ်နားမှာလဲလို့ မေးမြန်းပြီး အမအိမ်ရောက်ခဲ့ပါတယ်။
ဆက်ရန်ရှိသေးပါသည်။
အမျိုးအစား
ကျတော့အကြောင်း
Friday, October 24, 2008
ကြော်ငြာ

လွင်ဦး (ခ) ဂျဲဂျယ် ဒီ blog လေးက ကျောင်းကိစ္စလေးတွေ ကူညီဆောင်ရွက်ပေးဖို.ပါ။ လောလောဆယ်တော့ အခမဲ့ကူညီမှာပါ။
Singapore နိုင်ငံရှိ AEC Business School တွင် Accountting and English Speaking ဘာသာရပ်များတွင် ပညာသင်ကြားလိုပါက အခမဲ့ကူညီမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဖြစ်စေ၊ စင်ကာပူနိုင်ငံမှဖြစ်စေ တက်ရောက်နိုင်သည်။ ဆက်သွယ်မေးမြန်းနိုင်သည်။ အသေးစိတ်မရေးနိုင်သေးတာ နားလည်ပေးစေချင်ပါတယ်ဗျာ။ သိချင်ရင် ဆက်သွယ်မေးမြန်းပါ။ မေးမြန်းပါမှ ပြောပြတတ်ပါမည်။

ဆက်သွယ်ချင်ရင် schoolagent@gmail.com
နာမည်- လွင်ဦး (ခ) ဂျဲဂျယ်
ဖုန်း- +65 90756796
အမျိုးအစား
ကျတော့အကြောင်း
Subscribe to:
Posts (Atom)